This content got low rating by people.

ဒီဥပဒေကို ဆွေးနွေးမယ့်

Words
93
Reading
1 min
Listen
Play
8y

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လုပ်ငန်းဆောင်ရွက်ချက်များကို နှောင့်ယှက်ဖျက်ဆီးလိုသည့် အင်အားစုများအား ယာယီဟန့်တားနိုင်ရန် ရည်ရွယ်၍ လက်ရှိဝေဖန်မှုများရှိနေသော ငြိမ်းစုစီ ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန်စီစဉ် ခြင်း ဖြစ်ကြောင်း ဒီချုပ်ပါတီပြော ရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောကြားထားသည်။
image
လက်ရှိတွင် ငြိမ်းစုစီဥပဒေ ကြမ်းပြင်ဆင်ခြင်းနှင့် စပ်လျဉ်းပြီးပြည်သူ့လွှတ်တော်တွင် တပ်မ တော်သားကိုယ်စားလှယ် ၆၀ ဦးအပါအ၀င် ကိုယ်စားလှယ် ၈၀ က ဆွေးနွေးရန် အမည်တင်သွင်း ထားသည်။ ‘‘အခုဟာက သမ္မတ ရွေး ကောက်ပွဲနဲ့ တိုက်သွားလို့ ဒီဥပဒေကို ဆွေးနွေးမယ့် ရက်နောက်ဆုတ်သွားတာပါ။ ကျွန်တော်တို့ ဆွေး နွေးမှုတွေပြီးမှပဲ ဥပဒေဘယ်လို ပြင်ဆင်ကြမလဲဆိုတဲ့ အဖြေထွက်လာမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ ပြောလို့ရပါသေးတယ်’’ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောသည်။ ဆန္ဒထုတ်ဖော်မည့် အစီအ စဉ်၊ ခန့်မှန်းလူဦးရေ၊ ခန့်မှန်းကုန် ကျစရိတ်နှင့် ကုန်ကျခံမည့် ပုဂ္ဂိုလ်(သို့မဟုတ်) အဖွဲ့ရှိပါက အမည် နှင့် ဆက်သွယ်ရန် လိပ်စာအပြည့် အစုံဖော်ပြရမည်ဟူသော အချက် များပါဝင်သည့် ငြိမ်းချမ်းစွာစုဝေး ခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က တင်သွင်းခဲ့သည်။ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် အကြံဖြင့် ဆန္ဒထုတ်ဖော်ရန် သွေးဆောင်ဖြားယောင်းတိုက်တွန်းသူကို ၂ နှစ်ထက်မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ်ချမှတ်နိုင်ကြောင်း ယင်းဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ဒီဥပဒေကို ဆွေးနွေးမယ့် | Ecency