Peace Event 2020 in Sagaing, Myanmar

ansoe(67)
Published in
MSC
Words
86
Reading
1 min
Listen
Play
7y

ဒီနေ့တော့ အခြားစာရေးစရာမစဉ်းစားတော့ပါဘူး။ စစ်ကိုင်းတက္ကသိုလ် မှာ ကျင်းပခဲ့တဲ့ သတင်းလေးပဲ တင်ပေးလိုက်ပါတယ်။ သတင်းရေးတဲ့ သတင်းထောက်မဟုတ်ပဲ အချင်းချင်း သတင်းပေးတဲ့သဘောလေးပေါ့ဗျာ။ ဒီနေ့ ဆိုတော့ 27-2-2020(ကြာသပတေး)နေ့၊ နံနက် (၈)နာရီအချိန်က စတင်လို့ Peace Event 2020 ကို ကမ္ဘာ့စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် စစ်ကိုင်းတောင်ရိုး၊ International Buddhist Education Center(IBEC) ကျောင်းတိုက်ကြီးရဲ့ ပဓာန နာယက ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ သောဘိက က ဦးစီးဦးဆောင်ပြုလုပ်ကျင်းပခဲ့ကြောင်း သိရပါတယ်။


wvuqtt.png


z5h8hk.png


310ljt.png


4nca8a.png


ဒီပွဲလေးမှာ အဖွဲ့အစည်းပေါင်းစုံက ပူးပေါင်းပါဝင်ခဲ့ကြတဲ့အပြင် IBEC ‌အဖွဲ့သားများမှ သီးချင်း အကအလှများနဲ့ သရုပ်ဖော်ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေး ချိုးငှက်များလည်းလွှတ်တင်ပြီး ငြိမ်းချမ်းရေးကြွေးကြော်သံများလည်း ကြွေးကြော်ခဲ့ကြပါတယ်။


iti5ik.png


6quw3e.png


rykbcf.png


2xnz7z.png


bmcys3.png


u9iniu.png


w5yonv.png


y4z3qe.png


lko89h.png


ayb8uj.png


အဲ ပုံတွေလည်းများကုန်ပြီ။ ငြိမ်းချမ်းရေး လိုလားကြသူတွေဖြစ်ကြောင်းကို

__"We want peace" "We love peace"

ကြွေးကြော်ပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရှိရပါတယ်။ လူသားတိုင်းကတော့ ငြိမ်းချမ်းရေးကို လိုလားကြတာပါပဲ။ ကွဲပြား နေတာကတော့ တစ်ကိုယ်ရေ ငြိမ်းချမ်းရေး နဲ့ လူအများငြိမ်းချမ်းရေးပဲဖြစ်ပါ‌ကြောင်း မျှဝေရေးသားလိုက်ပါတယ်။

အားလုံးပဲ ကိုယ်စီ ကိုယ်စီ ငြိမ်းချမ်းကြပါစေ။


ansoe@ansoe MSC 012


zu9ngw.png

Peace Event 2020 in Sagaing, Myanmar | Ecency