NFT ကတ်တစ်ကတ် ပိုင်ရှင်

Words
156
Reading
1 min
Listen
Play
5y

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

Ragnarok Game Logo Contest မှာ ကျွန်တော်အနေနဲ့ မဖြစ်ညစ်ကျယ်ပညာမတောက်တခေါက် ဒီဇိုင်းလေးနဲ့ ဆုရဖို့အရေး မမျှော်တွေးပဲ ပြိုင်ပွဲဝင်ခဲ့တာကို မိတ်ဆွေတို့ သိပြီးသားဖြစ်ပါလိမ့်မယ်... အဲဒီ Logo ပြိုင်ပွဲအတွက် ကျွန်တော့်အနေနဲ့ Post နှစ်ခုတင်ပြီးတော့ ပြိုင်ပွဲဝင်ခဲ့ပါတယ်... ဆုရခြင်း မရခြင်းထက် မြန်မာနိုင်ငံက မြန်မာနိုင်ငံသားတစ်ယောက် ပြိုင်ပွဲဝင်ခဲ့တယ်ဆိုတာကို လိုချင်လို့ ဝင်ပြိုင်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်... ဆုရဖို့လည်း မရည်မှန်းထားပါဘူး... ရလည်း မရခဲ့ပါဘူး 😁 ဒါပေမယ့် ပြိုင်ပွဲဝင်ခဲ့တဲ့အတွက်တော့ အမြတ်အစွန်းမဟုတ်တောင် လုပ်အားခလေးလောက်တော့ ရခဲ့ပါတယ်...


ပထမ Post Link : @ansoe/ragnarok-logo-contest


screenshot_513.png


ဒုတိယ Post Link : @ansoe/ragnarok-logo-contest--second


screenshot_514.png


Ragnarok Game Logo Contest ကို ဝင်ပြိုင်စဉ်ကတည်းက ဆုမှန်းမထားခဲ့ဘူးဆိုပေသော်ငြားလည်း အကယ်၍များပေါ့လေ ဆုလေးများရခဲ့ရင် ကောင်းသပေါ့😁 Hive 2000 ကြီးများတောင်ရမှာဆိုတော့လေ ရရင်တော့ ထခုန်ချင်စရာပဲ... ဆုမှန်းမထားခဲ့ပေမယ့် မနေ့က Ragnarok Game Logo ကနေ မန်းရှင်းထားတာတွေ့တွေ့လိုက်တော့ အံမယ် ရင်တွေဘာတွေကို ဒုံးဒုံး ဒုံးဒုံး** မြည်အောင်တောင် ခုန်နေသေးတယ် 😂 အနိုင်ရရှိသွားသူကို ကြေညာပေးတာဖြစ်ပြီးတော့ ကျန်တဲ့ ပြိုင်ပွဲဝင်တွေကို NFT Card တစ်ကတ်စီ လက်ဆောင်ပေးတာဖြစ်ပါတယ်...


@ragnarok.game/ragnarok-logo-contest-winner


အဲဒီလိုဂို ပြိုင်ပွဲဝင်ခဲ့တဲ့အတွက် ရလာတဲ့အကျိုးအမြတ်က မဆိုးပါ... ပြိုင်ပွဲဝင် Post နှစ်ခုပေါင်းရယ် အခု NFT ကတ်တစ်ကတ်ရယ်ဆိုတော့ကား အတော်လေးတွက်ချေကိုက်ပါတယ်လေ... အကယ်၍များပေါ့လေ ကိုယ်ရထားတဲ့ NFT ကတ်က တန်ဖိုးကြီးကြီးများ ဖြစ်လာခဲ့ရင် 😁 ပွတာပဲပေါ့လေ... ရထားတဲ့ NFT ကတ်ကတော့ အောက်မှာပါ... ရင်ခုန်စရာကောင်းအောင် Question Mark လေးတောင် ပါနေသေး....


screenshot_504.png


screenshot_506.png


screenshot_507.png


Ragnarok Game Dicord ကို Join ထားချင်တယ်ဆိုရင်တော့ ဟောဒီ Link ကနေသာ ဝင်ကြပေတော့ဗျို့... https://discord.gg/rhBnjmjS


NFT ဆိုတာ ဘာမှန်း ညာမှန်းမသိသေးသော်ငြားလည်း NFT ကတ်တစ်ကတ်ကို ပိုင်ဆိုင်ထားသော သူတစ်ယောက်တော့ ဖြစ်သွားခဲ့‌ပါပြီ... ဒါက လိုဂိပြိုင်ပွဲဝင်လိုက်တဲ့အကျိုးကျေးဇူးလေးပါ... နောက်များပြိုင်ပွဲတွေရှိရင်လည်း ပြိုင်အုံးမှာပါ... ကိုယ်သိတဲ့အပိုင်းဆိုရင်ပေါ့လေ... ဘာမသိညာမသိ NFT ကတ်တစ်ကတ်ပိုင်ရှင်တော့ဖြစ်သွားခဲ့လေပြီ... နောက်ထပ် နောက်ထပ် ကတ်တွေ ပိုင်ဖို့တော့ နီးလာပါပြီ...


အားလုံးကို လေးစားလျှက် -


ansoe@ansoe


ansoe_logo_leo.png

NFT ကတ်တစ်ကတ် ပိုင်ရှင် | Ecency