My Entry For Reflection Hunters Contest Round 145

Words
263
Reading
2 min
Listen
Play
3y

Hello everyone. Have a nice day.

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။



2 days ago, I posted about my visit to the Mandalay Power and Machinery 2023 Exhibition, which was held at the Convention Center on Science Road in Mandalay. For this week's competition photo, I have chosen the photo that was taken there and used the photo that was left.

လွန်ခဲ့တဲ့ ၂ ရက်က မန္တလေးမြို့ သိပ္ပံလမ်းပေါ်မှာရှိတဲ့ ကွန်ဗင်းရှင်းစင်တာမှာကျင်းပပြုလုပ်ခဲ့တဲ့ Mandalay Power and Machinery 2023 Exhibition ကိုသွားရောက်လေ့လာခဲ့တဲ့အကြောင်းကို ပို့စ်တင်ရေးသားခဲ့ပါတယ်။ အခု တစ်ပတ်အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံကိုလည်း အဲဒီမှာရိုက်ခဲ့တဲ့ ဓာတ်ပုံများထဲကနေ ရွေးထုတ်ပြီးချန်ထားခဲ့တဲ့ပုံကို အသုံးပြုလိုက်ပါတယ်။





The photo I left is of the reception desk. I used almost all of the other exhibit related images, but left out the reception desk photo. I left it out because I was looking at the photo and intended to use it in this competition.

ကျွန်တော်ချန်ထားခဲ့တဲ့ ဓာတ်ပုံက ဧည့်ကြိုကောင်တာပုံဖြစ်ပါတယ်။ အခြားပြပွဲနဲ့ပတ်သက်တဲ့ပုံအားလုံးနီးပါးကို အသုံးပြုခဲ့ပေမယ့် ဧည့်ကြိုကောင်တာဓာတ်ပုံကို ချန်လှပ်ထားခဲ့ခြင်းဖြစ်ပါတယ်။ ချန်လှပ်ထားခဲ့ရတာကလည်း ဓာတ်ပုံကိုကြည့်ရင်း ယခုပြိုင်ပွဲမှာ အသုံးပြုဖို့ရည်ရွယ်ထားလို့ဖြစ်ပါတယ်။



Electrical equipment and agricultural equipment at the exhibition. Trees and crops were mainly displayed, and some food products were also sold at low prices.

ပြပွဲမှာလျှပ်စစ်ပစ္စည်းများနဲ့ လယ်ယာပစ္စည်း၊ သစ်ပင် သီးနှံ စတာတွေအဓိကထားပြသထားပြီး စားသောက်ကုန်အချို့ကိုလည်း ဈေးနှုန်းချိုသာစွာနဲ့ရောင်းချပေးခဲ့ပါတယ်။



The floor of the Mandalay Convention Center, where the exhibition is held, is covered with shiny stone tiles. So it reflects the images. As friends, you can easily see the reflection of the elephant along with the reception desk staff.

ပြပွဲကျင်းပတဲ့ မန္တလေးကွန်ဗင်းရှင်းစင်တာက ကြမ်းပြင်ကို ပြောင်လက်တဲ့ကျောက်ပြားများခင်းထားပါတယ်။ ဒါကြောင့်ပုံရိပ်‌တွေကို ထင်ဟပ်စေပါတယ်။ မိတ်ဆွေတို့အနေနဲ့လည်း ဧည့်ကြိုကောင်တာ ဝန်ထမ်းများနဲ့အတူ ဆင်ရုပ်တို့ရဲ့ ရောင်ပြန်ဟပ်နေမှုကို အလွယ်တကူမြင်နိုင်ပါတယ်။


The photo below is my entry photo for this week's Reflection Hunters Contest Round 145.

Reflection Huter Contest Round 145 အတွက် ကျွန်တော်ရဲ့ပြိုင်ပွဲဝင် ဓာတ်ပုံကို အောက်မှာ ဖော်ပြထားပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


ansoe@ansoe