My Entry For Reflection Hunters Contest Round 146

Words
241
Reading
2 min
Listen
Play
3y

Hello everyone. Have a nice day.

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။



A few white clouds scattered here and there in the light blue sky. A group of green trees and bungalows are reflected in the clear lake. These kinds of scenes will be seen often. If there was no wind and no rain, the lake water would be clear and there would be no waves.

အပြာနုရောင် ‌‌ ကောင်းကင်မှာ တိမ်ဖြူတချို့က ဟိုတစု ဒီတစုပြန့်ကျဲနေတယ်။ အစိမ်းရောင် ‌သစ်ပင်အုပ်စုနဲ့ ဘန်ဂလိုတွေနဲ့အတူ ကြည်လင်နေတဲ့ရေကန်ထဲမှာ ရောင်ပြန်ဟပ်လို့နေပါတယ်။ ဒီလိုမြင်ကွင်းမျိုးတွေကို မကြာခဏမြင်နေကြမှာဖြစ်ပါတယ်။ လေမတိုက် မိုးမရွာလို့ ကန်ရေပြင်က ကြည်လင်ပြီး လှိုင်းမရှိခဲ့ရင်ပေါ့။



This view is the view of Mandalay Lake. Every time I go to Mandalay, I always pass by the lake. It's not always a photo shoot.

ဒီမြင်ကွင်းကတော့ မန္တလေး ကန်တော်ကြီးမှာ မြင်ရတဲ့ရှုခင်းဖြစ်ပါတယ်။ မန္တလေးမြို့ကို သွားတိုင်း အမြဲလိုလို ကန်တော်ကြီးဘေးကပဲဖြတ်သွားတတ်တယ်။ အမြဲတမ်းတော့ ဓာတ့်ပုံမရိုက်ဖြစ်ပါဘူး။



The scenic beauty of nature is reflected in the lake. This is a common phenomenon. It is not a unique phenomenon. Anyone who sees this can easily take a photo. As you can see in this photo, I accidentally took a photo of the reflection in the water, which is caused by a coincidence. No more effort is needed.

သဘာဝရဲ့ရှုခင်းအလှက ရောင်ပြန်ဟပ်စေနိုင်တဲ့ ရေကန်မှာ ပေါ်လွင်နေတယ်။ ဒါက ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ထူးခြားတဲ့ဖြစ်စဉ်မဟုတ်ပါဘူး။ ဒါကို မြင်တယ်သူတိုင်းက အလွယ်တကူဓာတ်ပုံရိုက်ယူနိုင်ပါတယ်။ ဒီဓာတ်ပုံမှာကြည့်ရင်လည်း တိုက်ဆိုင်မှုတစ်ခုကြောင့်ဖြစ်ပေါ်နေတဲ့ ရေထဲကရောင်ပြန်ဟပ်နေတဲ့ပုံရိပ်ကို အမှတ်တမဲ့ ဓာတ်ပုံရိုက်ယူခဲ့တာပဲဖြစ်တဲ့အတွက် ကျွန်တော်ရဲ့ အားထုတ်မှုအနေနဲ့က ဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်ယူခဲ့တာပဲဖြစ်ပါတယ်။ ဒီထက်ပိုတဲ့ အားထုတ်မှုမလိုအပ်တော့ပါဘူး။



The photo below is my entry photo for this week's Reflection Hunters Contest Round 146.

Reflection Huter Contest Round 146 အတွက် ကျွန်တော်ရဲ့ပြိုင်ပွဲဝင် ဓာတ်ပုံကို အောက်မှာ ဖော်ပြထားပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


ansoe@ansoe


My Entry For Reflection Hunters Contest Round 146 | Ecency