My Entry For Reflection Hunters Contest Round 151

Words
197
Reading
1 min
Listen
Play
3y

Hello everyone. Have a nice day.

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။


Last week I had some pictures, but I couldn't enter the contest. It is not easy to get a custom photo. This week, I have selected some photos to enter the contest.

ပြီးခဲ့တဲ့အပတ်က ကျွန်တော်အနေဖြင့် ပုံအချို့ရှိနေပေမယ့် ပြိုင်ပွဲ မဝင်နိုင်ခဲ့ပါ။ စိတ်တိုင်းကျတဲ့ဓာတ်ပုံရဖို့ကမလွယ်ကူတာကိုတွေ့ရပါတယ်။ ယခုတစ်ပတ်မှာတော့ ပြိုင်ပွဲဝင်နိုင်ဖို့အတွက် ဓာတ်ပုံအချို့ကို ရွေးချယ်လိုက်ပါတယ်။




A few days ago, I made a donation. The donation place is full of trees, so it is shady and peaceful, and the environment is quiet without any noise. Because of the peaceful and quiet environment, the mind can be calmed for a while.

လွန်ခဲ့တဲ့ရက်ပိုင်းက အလှူတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီအလှူပြုလုပ်ရာနေရာက သစ်ပင်ပေါများတဲ့အတွက် အရိပ်ကောင်းပြီး အေးချမ်းတဲ့အပြင် ပတ်ဝန်းကျင်ကလည်း ဆူညံတဲ့အသံမရှိပဲ တိတ်ဆိတ်ငြိမ်သက်ပါတယ်။ အေးချမ်းတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ကြောင့် ခဏလောက်တော့ စိတ်တွေလည်း အေးချမ်းသွားရပါတယ်။



I took a picture of the lake in a peaceful place. The water in the lake is calm, so the reflected image appears. You will be able to clearly see the reflected images in the lake.

အေးချမ်းဆိတ်ငြိမ်တဲ့နေရာမှာ ရှိတဲ့ရေကန်ကို ဓာတ်ပုံရိုက်ယူခဲ့ခြင်းဖြစ်ပါတယ်။ ရေကန်ထဲကရေပြင်ကလည်း တည်ငြိမ်နေတဲ့အတွက် ရောင်ပြန်ပုံရိပ်တွေပေါ်နေတာဖြစ်ပါတယ်။ ရေကန်အတွင်း ရောင်ပြန်ဟပ်နေသည့် ပုံရိပ်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်မည်ဖြစ်ပါတယ်။





The photo below is my entry photo for this week's Reflection Hunters Contest Round 151.

Reflection Huter Contest Round 151 အတွက် ကျွန်တော်ရဲ့ပြိုင်ပွဲဝင် ဓာတ်ပုံကို အောက်မှာ ဖော်ပြထားပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


ansoe@ansoe


My Entry For Reflection Hunters Contest Round 151 | Ecency