My Entry For POBphotocontest Round #100

Words
308
Reading
2 min
Listen
Play
3y

Hello everyone. Have a nice day.

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။


I like to take nature landscape photography. So, if there is a beautiful scenery, I take out my phone and take pictures. Not a professional photographer, but a photography enthusiast.

ကျွန်တော်က သဘာဝ ရှုခင်း ဓာတ်ပုံရိုက်ရတာကို သဘောကျပါတယ်။ ဒါကြောင့် ရောက်တဲ့နေရာမှာ ရှုခင်းလှနေရင် ဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်ယူတတ်ပါတယ်။ ဓာတ်ပုံ ပညာရှင်မဟုတ်ပဲ ဓာတ်ပုံဝါသနာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

The photo below is my entry photo for this week.

အောက်မှာဖော်ပြထားတာကတော့ ဒီတစ်ပတ်အတွက် ကျွန်တော်ရဲ့ပြိုင်ပွဲဝင်ဓာတ်ပုံပဲဖြစ်ပါတယ်။



I'm just a photography hobbyist, so I don't have a good camera like a professional photographer. I take photos with my phone. The photos taken are used at the time of the match. Write posts and share with friends.

ဓာတ်ပုံဝါသနာရှင်သာဖြစ်တဲ့အတွက် ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတွေလိုတော့ ကင်မရာကောင်းမရဇိပါဘူး။ ကိုယ့်မှာရှိတဲ့ဖုန်းနဲ့ပဲ ဓာတ်ပုံရိုက်ပါတယ်။ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို တိုက်ဆိုင်တဲ့အချိန်မှာ အသုံးပြုပါတယ်။ ပို့စ်တွေရေးတင်ပြီး သူငယ်ချင်းတွေကိုမျှဝေပါတယ်။



The photo you are seeing now is a photo that was taken a few days ago. I live in Sagaing City, Sagaing Region, Myanmar. Sagaing city is surrounded by the Irrawaddy river. The river you see now is the Irrawaddy River. The bridge over the river is called Sagaing Bridge. In the distance next to the Sagaing Bridge, the bridge you can see is called the Yadanabon Bridge. These photos were taken after reaching the banks of the Irrawaddy River at around 8:30 in the morning.

အခုမိတ်ဆွေတို့ မြင်တွေ့ရတဲ့ဓာတ်ပုံကလည်း မကြာခင်ရက်ပိုင်းက ရိုက်ယူခဲ့တဲ့ဓာတ်ပုံဖြစ်ပါတယ်။ ကျွန်တော်က မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မှာ နေထိုင်တာဖြစ်ပါတယ်။ စစ်ကိုင်းမြို့ကို ဧရာဝတီမြစ်က ဝိုင်းရံပြီးစီးဆင်းနေပါတယ်။ အခုမိတ်ဆွေတို့မြင်ရတဲ့မြစ်က‌ ဧရာဝတီမြစ်ဖြစ်ပါတယ်။ မြစ်ကူး တံတားက စစ်ကိုင်းတံတားလို့ ခေါ်ပါတယ်။ နောက်အဝေးမှာ စစ်ကိုင်းတံတားနဲ့ ယှဉ်လျက်မြင်နေရတဲ့တံတားကတော့ ရတနာပုံတံတားလို့ခေါ်ပါတယ်။ ဒီဓာတ်ပုံတွေကို မနက်ခင်း ၈ နာရီခွဲအချိန်လောက်မှာ ဧရာဝတီမြစ်ကမ်းကိုရောက်လို့ ရိုက်ယူခဲ့တာဖြစ်ပါတယ်။

The reason why I took the photo is because I took it as a hobby. Sagaing Bridge, which was the first bridge across the Irrawaddy River in Myanmar, was taken every time I went to the bank of the Irrawaddy River, so there are many pictures of Sagaing Bridge with different backgrounds.

ဘာ့ကြောင့်ဓာတ်ပုံရိုက်ယူခဲ့သလဲဆိုရင် ကျွန်တော့်ရဲ့ဝါသနာအရရိုက်ယူခဲ့တာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ပထမဆုံး ဧရာဝတီမြစ်ကူးတံတားကြီးဖြစ်ခဲ့တဲ့ စစ်ကိုင်းတံတားကြီးကို ဧရာတီမြစ်ကမ်းဘေးရောက်တိုင်း ဓာတ်ပုံရိုက်ယူခဲ့တဲ့အတွက် နောက်ခံမတူညီတဲ့ စစ်ကိုင်းတံတားပုံတွေ အများကြီးဖြစ်နေပါပြီ။



With all due respect -

အားလုံးကို လေးစားလျှက် -


ansoe@ansoe


My Entry For POBphotocontest Round #100 | Ecency