My Entry For Around The World- Challenge #51/5🌎

Words
207
Reading
1 min
Listen
Play
1y

Hello everyone, have a nice day.

အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။


Beautiful landscapes become ugly scenes. That's why it was difficult to enter the competition with beautiful photos. Although I can't take beautiful landscape photos, I took photos of the temporary shelters of beautiful people with beautiful hearts in the morning. The temporary shelters that my friends see are the Malaysian Red Crescent Society, which is providing health care for the Myanmar earthquake. They are providing medical care to the earthquake-stricken city of Sagaing as a humanitarian effort, along with doctors and nurses. On behalf of the people of Sagaing, I would like to express my gratitude and respect to the Malaysian Red Crescent Society. I really respect the International Red Cross and Red Crescent Society, which helps people regardless of religion or race.

လှပတဲ့ရှုခင်းများက အရုပ်ဆိုးတဲ့မြင်ကွင်းတွေဖြစ်ကုန်တယ်။ ဒါ့ကြောင့်လည်း ဓာတ်ပုံလှလှလေးတွေနဲ့ပြိုင်ပွဲဝင်ဖို့ ခက်ခဲသွားခဲ့ပါတယ်။ လှပတဲ့ ရှုခင်းဓာတ်ပုံတွေကို မရိုက်နိုင်ပေမယ့် လှပတဲ့စိတ်ကောင်းရှိတဲ့သူတွေရဲ့ ယာယီအ‌ေဆာက်အဦတွေကိုတော့ နံနက်ခင်းအလှနဲ့အတူ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ သူငယ်ချင်းတို့မြင်ရတဲ့ ယာယီတဲအဆောက်အဦတွေကတော့ မြန်မာ့ငလျင်ဘေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ မလေးရှားလခြမ်းနီအဖွဲ့အစည်းပဲဖြစ်ပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့အတူ လူသားချင်းစာနာတဲ့အနေနဲ့ ငလျင်သင့်‌ဒေသဖြစ်တဲ့ စစ်ကိုင်းမြို့ကို ကျန်းမာရေးကူညီစောင့်ရှောက်ပေးနေကြခြင်းဖြစ်ပါတယ်။ စစ်ကိုင်းကပြည်သူတွေကိုယ်စား မလေးရှားလခြမ်းနီအဖွဲ့အစည်းကို ကျေးဇူးအထူးတင်သလို လေးစားမိပါတယ်။ ဘာသာမရွေး လူမျိုးမရွေး ကူညီပေးကြတဲ့ နိုင်ငံတကာ ကြက်ခြေနီ လခြမ်းနီအသင်းကို တကယ့်ကို လေးစားမိပါတယ်။



The photo below is the contestant photo for this week's Around The World Challenge #51/5.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #51/5. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


ansoe@ansoe

2 March 2025_FRIDAY