လက်တို့ပြီးတော့ ကြွားရအုံးမယ်

Words
140
Reading
1 min
Listen
Play
4y

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

စာရေးဖို့ အာရုံမရတဲ့အချိန်မှာ စာရေးဖို့အတွက် ကုန်ကြမ်းတစ်ခုရလိုက်ပါပြီ... အဲဒါက ကြွားစရာတစ်ခုလို့ပဲဆိုချင်ဆို ကုန်ကြမ်းရတယ်လို့ပဲပြောချင်ပြော ဆိုချင်သလိုသာ ဆိုကြပါဗျာ(အမှန်တော့ ကြွားတာပဲ 😝)... ဘာတွေလဲ? ဘာတွေပြော အဲ ရေးနေတာလဲ? ရှင်းပါအံ့ 😅

ကျုပ်အနေနဲ့ သွားလေရာ ဖုန်းတစ်လုံးနဲ့ တွေ့ရာ မြင်ရာ ရိုက်ချင်တာကို ဇိုးကနဲ ဇတ်ကနဲ ဖိုးကနဲ ဖတ်ကနဲ ရိုက်တတ်တဲ့ဝါသနာကိုတော့ အတော်များများသိပြီးသားပါလေ... ရိုက်ထားတဲ့ပုံတွေကိုလည်း လူတတ်ကြီးလုပ်ပြီး ဆရာကြီးလိုလို ဘာကြီးလိုလိုနဲ့ ရိုက်ထားသမျှ အလကားမဖြစ်ရလေအောင်ဆိုပြီးသကာလ Steem Platform မှာကတည်းကစလို့ ခု Hive Platform ထိတိုင် Post တင်တတ်တယ်... အဲဒီဓာတ်ပုံလေးတွေကနေ ငါးပြားရ ဆယ်ပြားရ တခါတလေ ကျပ်ဂဏန်းထိ ရတတ်သေးမဟုတ်လား...

ခုဘာဖြစ်လို့တုံး... လေများနေတာ အကြောင်းရင်းကို မရောက်နိုင်ဖြစ်နေတာ ဆောတီးပါ 😁 #dbuzz ကနေ သောကြာနေ့တိုင်း ပြိုင်ပွဲဆိုလား အဲဒါ ရိုက်ပြီးသား ဓာတ်ပုံလေးတွေ တင်ပြီး ဝင်ပြိုင်တာ တစ်ခါမှ‌ဆုမရဖူးပါဘူး... အဲ မနေ့ကတော့ Mention ခေါ်လို့ သွားကြည့်မိမှနင့်ပြိုင်ပွဲဝင်ဓာတ်ပုံကို ငါတို့ရွေးချယ်လိုက်တယ်ဆိုသကိုး... ပျော်လိုက်သည့်ဖြစ်ခြင်း 10 Hive တော့ရပဟ... မျှော်မှန်းထားတာတော့မဟုတ်ပါဘူး... ရတော့ ရချင်သပေါ့ 😁



စိတ်ကူးပေါက်ရာလက်ကမြင်းလို့ ရလာတဲ့ Hive က အများကြီးမဟုတ်သော်ငြားလည်း ဝမ်းသာလို့ လက်တို့ပြီးတော့ ကြွားတာပါဗျ အမှန်တော့ ကြွားတာပေါ့ဗျာ 😅 အရင်တစ်ပတ်ကလည်း 2 Hive ရခဲ့သေးသကိုး... မဆိုးလှပါ... ပြောချင်တာကလည်း ကျွန်တော်ကဲ့သို့ ဓာတ်ပုံကင်မရာကို လက်ကလိတာ ဝါသနာပါသူတွေအနေနဲ့ အဲသလို ပြိုင်ပွဲလေးတွေကို ဝင်ပြိုင်ကြပါလို့ တိုက်တွန်းလိုပါတယ်ဗျ...

ခင်ဗျာ... ဓာတ်ပုံတွေ ကြည့်ချင်သေးတယ်... ဟုတ်လား... အိုကေ အိုကေ ဒါကတော့ ကျွန်တော်ရဲ့ ပြိုင်ဝင်ဓာတ်ပုံလေးများပေါ့_ Starting with letter "S" I share my photo ကဲ-ဒီနေ့တော့ အကြွား Post ကို ဒီနေရာမှာတင် အဆုံးသတ်နိဂုံး ချုပ်လိုက်ရပါသဗျ 😅


အားလုံးကို လေးစားလျှက် -


ansoe@ansoe

လက်တို့ပြီးတော့ ကြွားရအုံးမယ် | Ecency