ကမ္ဘာကြီး ကျန်းမာဖို့

Words
53
Reading
1 min
Listen
Play
3y

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

မိုးရာသီကလမှာ လူတိုင်းက နီးစပ်ရာနေရာဒေသ‌မှာ သစ်ပင်တစ်ပင်‌စီလောက် စိုက်ပျိုးနိုင်မယ်ဆိုရင် ကျန်းမာရေးချို့ယွင်းနေတဲ့ ကမ္ဘာမြေလည်း နောင်နှစ်အနည်းငယ်အတွင်းမှာ ပြန်လည်ကျန်းမာလာနိုင်သလို ကမ္ဘာကြီးကို မှိတင်းနေထိုင်ကြရတဲ့ သတ္တဝါတွေလည်း ရောဂါတွေကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အသက်ရှည်ရှည် နေထိုင်ရလိမ့်မယ်လို့ထင်တယ်။



သူများတွေကိုသာပြောနေရတယ်။ ဒီနှစ်မှာ ဘာအပင်မှမစိုက်ဖြစ်သေးဘူးရယ် 😁 စားသောက်ပြီးသား သစ်စေ့တွေကိုတော့ ဟိုနား ဒီနား ‌ပစ်ထားတာပဲရှိတယ်။ သစ်စေ့လေးတွေကနေတော့ ပေါက်ပြီး ရှင်သန်နိုင်တဲ့အပင်လေးတွေဖြစ်လာနိုင်ပါစေလို့ပဲ ဆုတောင်းနေတယ်။ သစ်ပင်တစ်ပင်ရဲ့ တန်ဖိုးက တန်ဖိုးဖြတ်ဖို့ခက်မှာပါ။ သစ်ပင်တစ်ပင်ကနေ သတ္တဝါတွေကို အကျိုးပြုတဲ့ ကျေးဇူးတွေက အများကြီးပဲလို့တော့ စာတွေထဲမှာ ဖတ်ဖူးပါတယ်။ အချိန်ရရင် သစ်ပင်စိုက်ကြပါလို့ပဲ တိုက်တွန်းလိုက်ရပါတယ်။


အားလုံးကို လေးစားလျှက် -


ansoe@ansoe

ကမ္ဘာကြီး ကျန်းမာဖို့ | Ecency