Go Away Corona

Words
103
Reading
1 min
6y
Listen to this post
~1 min

မင်္ဂလာပါ ချစ်ခင်လေးစားရပါသော ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ

Screenshot_20200918104935693_com.facebook.katana01.jpeg

အခုလို ကိုဗစ်နှိပ်စက်နေတဲ့အချိန်ကာလမှာ လူတိုင်း ကိုယ်စီ စိတ်အနှောင့်အယှက်ဖြစ်နေကြမှာ အမှန်ပါ။ ကိုဗစစ်ဆိုတဲ့ကောင်ကလည်း အရေခွံပြောင်းလို့ ကူးစက်တာမြန်လာသလို လူကိုသေဆုံးစေတာကလည်း မြင့်မားလာတယ်လို့ ဆိုရမှာပဲ။ ကိုဗစ်ကို ကုသ ကာကွယ်ပေးနေတဲ့ ပရဟိတသမားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကိုပါ အသက်ဆုံးရှုံးစေခဲ့ပါပြီ။ ပေါ့ဆတတ်သော ကျွန်တော်တို့ ရွှေမြန်မာ၊ စည်းကမ်းမဲ့သော ကျွန်တော်တို့ရွှေမြန်မာများကတော့ အသိတရားလေးတွေ ရကြပါရဲ့လား သတိတရားလေးတွေကို လက်ကိုင်ထားကြပါရဲ့လားလို့ ပူပူပင်ပင် တွေးနေမိသဗျ။ ပေါ့ဆမှုမှာထိပ်တန်း စည်းကမ်းမဲ့မှုမှာထိပ်တန်းဖြစ်နေတဲ့ ကျွန်တော်ချစ်သော ရွှေမြန်မာများ စည်းနဲ့ကမ်းနဲ့ ကျန်းမာရေးအသိ ကျန်းမာရေးသတိလေးတွေနဲ့ နေထိုင်ကြရင်ဖြင့် ဆုံးရှုံးမှုနည်းပါးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ မှန်ကန်တဲ့သတင်းအချက်အလက်ကိုမပေး လိမ်လည်ပြီး မှား‌‌ယွင်းတဲ့ သတင်းအချက်အလက်များကြောင့် ပရဟိတသမားတွေနဲ့ ကျန်းမာရေးဝန်ထမ်းမိသားစုတွေ လျော့နည်းလာရင် ဘယ်သူတွေက ကူညီပေးကြမလဲ။ ဘယ်သူတွေက ကိုဗစ်အပါအဝင် ရောဂါတွေကို ကုသပေးကြပါ့မလဲလို့ ပုပူပန်ပန် တွေးမိပါကြောင်း ရေးတင်မိပါရဲ့။ စိတ်မကောင်းဖြစ်စရာ စိတ်ပူပန်စရာ စိုးရိမ်တကြီး အကြောက်လွန်စရာ မဟုတ်ပါသော်လည်း ကျုပ်ရဲ့ ချစ်မိတ်ဆွေအပေါင်းလည်း

ကျန်းမာရေးအသိ

ကျန်းမာရေးသတိ

အမြဲရှိနိုင်ကြပါစေလို့

လက်တော့မဆေးခိုင်းတော့ပါဘူး 😁
လက်ကို ခဏ ခဏ ဆေးပါက အမြဲလိုလိုကြားနေရတယ်လေ။

မဖြစ်မနေ လူအုပ်ကြား သွားကြမယ်ဆိုရင်ဖြင့်

Mask ကိုသေချာတပ်ဆင်သွားကြပါ

‌Face Shield ကို သေသေချာချာ တပ်ဆင်သွားကြပါ

Go Away Corona

ကိုဗစ်ကင်းစင် မြန်ပြည်တစ်ခွင် အေးချမ်းသာယာပါစေကြောင်းဆုမွန်တောင်းလိုက်ပါတယ်။

ကမ္ဘာသူ ကမ္ဘာသားအပေါင်း
မြန်မာပြည်သူ ပြည်သားအပေါင်း

ကိုဗစ်ကြီးလက်က မြန်မြန်လွတ်ပါစေ.....

ansoe@ansoe

Go Away Corona | Ecency