နေ့စဉ်ဘ၀ရှင်သန်မှုမှာ ခန္ဓာကိုယ်ကြီး ကောင်းမွန်စွာ လှုပ်ရှားလည်ပတ်နိုင်ဖို့အတွက် အစားအသောက် အပြင် အိပ်စက်အနားယူခြင်းကလည်း အရေးကြီးပါတယ်။ အိပ်စက်အနားယူတဲ့အခါ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်မှ အိပ်ရေးဝလင်မှာပါ။ အိပ်ရေးဝပါမှ ခန္ဓာကိုယ်ကြီး အားအင်ပြည့်ဝလို့ နောက်ထပ်နေ့သစ်မှာ စိတ်ရောကိုယ်ပါ လန်းဆန်း တက်ကြွနေမှာပေါ့။
ယနေ့ခေတ်မှာ အိပ်စက်အနားယူပါသော်လည်း အနားမရတဲ့ လူတွေ ဒုနဲ့ဒေးဖြစ်လို့လာပါပြီ။ ဘာ ကြောင့်ပါလိမ့်လို့ အဖြေရှာရင် ပထမဆုံးတွေ့ရမှာက ပြောင်းလဲလာတဲ့ လူနေမှုဘ၀ပုံစံတွေ၊ ယှဉ်ပြိုင်မှုများတဲ့ လူမှုဝန်းကျင်နဲ့အတူ ရရှိလာတဲ့ ဖိအား၊ဖိစီးမှုတွေနဲ့ အစားအသောက်ပုံစံက ကျန်းမာရေးနဲ့မညီညွတ်တာတွေ ကြောင့် များပါတယ်။
အိပ်စက်ခြင်းက အရေးမကြီးဘူးရယ်လို့ ထင်ရင် တကယ်မှားပါတယ်။ တချို့သူတွေဟာ အိပ်စက်ခြင်း ကို လျစ်လျူရှုထားတာကိုလည်း တွေ့ရပါတယ်။ တကယ်တော့ လူတစ်ဦးရဲ့ ကျန်းမာရေးအတွက် တစ်နေ့တာ မှာ အိပ်စက်အနားယူတဲ့အချိန်ဟာ ပျမ်းမျှအားဖြင့် အနည်းဆုံး ၆နာရီကနေ အများဆုံး ၈ နာရီထိ ရယူသင့်ပါ တယ်။
အိပ်စက်အနားယူချိန် အပြည့်အ၀ရတဲ့အခါ အိပ်နေချိန်အတွင်း လှုပ်ရှားရုန်းကန်မှုတွေ လျော့သွားလို့ ခန္ဓာကိုယ်ရဲ့ ဦးနှောက်နဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေဟာ အနားရသလို ကိုယ်တွင်းပြု့ပင်မှုတွေ ကောင်း စွာ လုပ်နိုင်တဲ့အတွက် စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းစေပါတယ်။ အတွေးသစ် အမြင်သစ် စိတ်ကူးအသစ် တွေနဲ့ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ အားအင်တွေ တိုးစေပါတယ်။
အိပ်စက်အနားယူချိန် မလုံလောက်တဲ့အခါတွေမှာတော့ ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေဟာ ၀န်ပိုပိပြီး ပင်ပန်းအားယုတ်လာတဲ့အတွက် ကာလကြာရှည် အိပ်ရေးမ၀တဲ့အခါ သွေးတိုး၊ ဆီးချို၊ နှလုံးစတဲ့ ရောဂါတွေအပြင် ကိုယ်ခံအားလျော့ကျလာပြီး ပြင်ပကရောဂါတွေလည်း အလွယ်တကူဝင်ရောက်လာနိုင်ပါ တယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအရဆိုရင်တော့ စိတ်အလိုမကျတာ၊ စိတ်ထိရှလွယ်တာ၊ စိတ်ဖိစီးမှုများတာ အပြင် စိတ်ကျရောဂါပါ ရလာနိုင်ပါသတဲ့။ ဒါ့အပြင် အသားအရေ ညိုညစ်ပြီး မျက်ကွင်းညိုတာ၊ အရေးအ ကြောင်းတွေပေါ်လာတာနဲ့ ၀က်ခြံ၊ အမည်းစက်၊အမည်းကွက်တွေ နေရာယူလာပြီး အရွယ်မတိုင်မီ အိုမင်းရင့် ရော်မှုကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။
ညအိပ်မပျော်တာနဲ့ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်မပျော်တဲ့သူတွေမှာ အများစုကတော့ သက်ကြီးရွယ်အို တွေ၊ စိတ်ဖိစီးမှုများသူတွေ၊ အိပ်ရာဝင်ချိန်မမှန်သူတွေ၊ ညပိုင်းအလုပ်ဆင်းရသူတွေနဲ့ ဦးနှောက်အာရုံကြော ပိုင်းဆိုင်ရာရောဂါအချို့ကို ခံစားနေရသူတွေပါ။
ညဘက်မှာ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်နိုင်ဖို့ဆိုရင် ….