Initial Coin Offering (ICO) ဆိုတာဘာလဲ
https://farm5.staticflickr.com/4517/38496697891_90f578ae40_b.jpg
လုပ်ငန်းသစ်တစ်ခု လုပ်ဖို့အတွက် အခြား စိတ်ဝင်စားတဲ့သူတွေဆီက ရန်ပုံငွေ ရယူတဲ့ နည်းလမ်းတစ်ခုပါ။
လုပ်ငန်းကြီးတွေ ပူးပေါင်းလုပ်ဆောင်သူတွေ၊ ဘဏ်လုပ်ငန်းရှင်တွေလို အလုပ်တစ်ခုကို စတင်လုပ်ဆောင်မယ်
့သူတွေ ငွေကြေးအရင်းအနှီးများများ စိုက်ထုတ်ရမယ့် အနေအထားကို ရှောင်လွှဲချင်တဲ့အါမှာ ICO ကို အသုံးပြုကြပါတယ်။ ICO ရဲ့ လုပ်ဆောင်ချက်ဟာ လုပ်ငန်းစတင်လိုသူတွေအနေနဲ့ ဒစ်ဂျစ်တယ်ငွေသား (cryptocurrency) တစ်ချို့ကို လုပ်ငန်းတူလုပ်ချင်တဲ့ စိတ်ပါဝင်စားသူတွေကို ရောင်းချကာ ငွေရှာပြီး လုပ်ငန်
းထူထောင်တာမျိုးပါ။
ဒါကို Public Coin Offering (PCO) လို့လည်း ခေါ်ပါတယ်။
ဘယ်လိုလုပ်မလဲ
~~~~~~~~~~~
လုပ်ငန်းတစ်ုကို စတင်လုပ်ကိုင်ချင်သူတွေ ICO ကနေတစ်ဆင့် အရင်းအနှီး ရချင်တယ်ဆိုရင် ကိုယ်လုပ်မယ့်
လုပ်ငန်း အသေးစိတ်ကို ဖော်ပြထားတဲ့ အစီရင်ခံစာတစ်စောင်(white paper) ကို ရေးသားရပါတယ်။ ဘာ
လုပ်ငန်းလုပ်မယ်၊ ဘာတွေလိုအပ်မယ်၊ ငွေကြေးဘယ်လောက် စိုက်ထုတ်ဖို့လိုလဲ၊ စတင်ဆောင်ရွက်လူေ
တွအနေနဲ့ တိုကင်တု (virtual token) လို့ခေါ်တဲ့ cryptocoin ဘယ်လောက်များများကို သိမ်ထားမလဲ၊ ဘယ်လိုငွေကြေးပုံစံမျိုးကို လက်မခံလဲ၊ ICO ကို ဘယ်လောက်ကြာကြာ run မလဲ စတာတွေကို အစီရင်ခံစာမှာ ပြည့်ပြည့်စုံစုံ ဖော်ပြရမှာပါ။
ICO ဆောင်ရွက်နေစဉ်အတွင်းမှာ ဒီလုပ်ငန်းကို စိတ်ပါဝင်စားသူတွေနဲ ကနဦး စတင်တည်ထောင်သူတွေဟာ fiat ဒါမှမဟုတ် virtual currency တွေနဲ့ ဖလှယ်ထားတဲ့ cryptocoin အချို့ကို ၀ယ်ရမှာဖြစ်ပါတယ်။ ဒီ coin တွေကို တိုကင် (token) လို့ ရည်ညွှန်းပြီး Initial Public Offering (IPO) နဲ့ ရောင်းချတဲ့ ကုမ္ပဏီက ရှယ်ယာတွေနဲ့ ဆင်တူပါတယ်။ အဲဒီလို ရှာဖွေတာကနေ ရထားတဲ့ငွေဟာ လုပ်ငန်းလုပ်ဖို့ မပြည့်မီဘူးဆိုရင် ၀ယ်ထားတဲ့လူတွေကို ငွေပြန်ပေးပြီး ICO က မအောင်မြင်ဘူးလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာ လိုအပ်တဲ့ အရင်းအနှီးရပြီဆိုရင် အဲဒီငွေနဲ့ လုပ်ငန်းတစ်ခုလုံးကို စတင်လည်ပတ်ရမှာဖြစ်ပါတယ်။
လုငန်းထူထောင်သူတွေဟာ လုပ်ငန်းလည်ပတ်သွားမယ်ဆိုရင် လုပ်ငန်းမစခင်က သူတို့ဝယ်ထားတဲ့ cryptocoin တွေ ဈေးတက်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ICO မှာ ပါဝင်ကြတာတွေရှိပါတယ်။ အဲဒီလိုလူတွေ အကျိုးအမြတ်သောက်သောက်လဲရခဲ့တဲ့ အောင်မြင်တဲ့ ICO စီမံကိန်းကြီးတစ်ခုကို ပြောရမယ်ဆိုရင် Etherem လို့ခေါ်တဲ့ smart contracts ပလက်ဖောင်းပါ။ သူတို့ရဲ့ တိုကင်ကို Ethers လို့ခေါ်ပါတယ်။
၂၀၁၄ ခုနှစ်မှာ Etherem စီမံကိန်းကို စတင်ခဲ့ပြီး ICO ဟာ Bitcoin ကန်ဒေါ်လာ ၁၈ သန်း၊ Ehter တစ်ခုကို ၀.၄၀ ဒေါ်လာနဲ့ ဖွင့်ခဲ့တာပါ။ အဲဒီစိမံကိန်းဟာ ၂၀၁၅ ခုနှစ်မှာ အကောင်အထည်ပေါ်လာခဲ့ပြီး ၂၀၁၆ ခုနှစ်ေ
ရာက်တဲ့အခါမှာတော့ Ether တစ်ခုကို ၁၄ ဒေါ်လာနဲ့ ဈေးကွက်အသားတင်တန်ဖိုးက ဒေါ်လာ ၁ ဘီလီယံ
ကျော်သွားခဲ့ပါတယ်။
ICO ဟာ IPO၊ crowdfunding တွေနဲ့ သဘောသဘာဝ တူပါတယ်။ IPO လိုပဲ ကုမ္ပဏီသစ်တစ်ခုဟာ ICO ဆောင်ရွက်စဉ်အတွင်းမှာ သူတို့ရဲ့ ရှယ်ယာတွေကို ထုတ်ရောင်းကာ ငွေရှာပါတယ်။ ဒါပေမယ့် IPO ဟာ ရင်းနှီးမြှုပ်နှံသူအချင်းချင်း လုပ်ကြတာဖြစ်ပြီး ICO က လုပ်ငန်းကို စိတ်ဝင်စားတဲ့ ဘယ်သူမဆို ၀င်ပါလို့ရတာပါ။ crowdfunding နဲ့ မတူတာက ICO မှာ ကနဦးထူထောင်သူတွေက အကျိုးအမြတ် မျှော်ကိုးကြပြီး နောက်လာတဲ့သူတွေက လှူတန်းတာမျိုးပါ။ ဒါ့ကြောင့် ICO ကို crowdsales လို့လည်း ခေါ်ပါတယ်။
မှတ်တမ်းတွေအရ ICO ဟာ အောင်မြင်မှုတော်တော်များများ ရပေမယ့် ဒစ်ဂျစ်တယ်ခေတ်မှာ အပျက်သဘောဆောင်တဲ့ နည်းလမ်းတွေအဖြစ် ရှုမြင်မှုတွေလည်း ရှိနေပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ ICO ဒါမှမဟုတ် crowdale လုပ်ငန်းတွေမှာ မသမာမှုတွေ ရှိမှာ စိုးရိမ်နေပါတယ်။ ဒီလို ငွေကြေး စုပေါင်းထည့်ဝင်တဲ့စနစ်ကို အာဏာပိုင်အဖွဲ့တွေက ဥပဒေနဲ့ ကြပ်ကြပ်မတ်မတ်လုပ်ထားတာမျိုး မရှိတာကြောင့် မသမာတဲ့ နည်းလမ်းတွေနဲ့ ငွေတွေကို လိမ်လည်ယူသွားမယ့် အနေအထားလည်း ရှိနေပါတယ်။
၂၀၁၇ ခုနှစ် စက်တင်ဘာလ အစောပိုင်မှာ တရုတ်ပြည်သူ့ဘဏ်ဟာ ICO တွေကို ပိတ်ပစ်လိုက်ပြီး စီးပွားရေးနဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုကို အနှောက်အယှက်ဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။ တိုကင်တွေကို ဈေးကွက်မှာ ငွေကြေးတစ်ခုအဖြစ် သုံးလို့မရဘဲ၊ ဘဏ်တွေကလည်း ICO နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်မပေးဘူးလို့ ကြေငြာခဲ့ပါတယ်။ ရလဒ်အနေနဲ့ bitoin နဲ့ ethereum တွေဟာ ကျဆင်သွားပါတယ်။ ဒီအတွက် ဥပဒတွေ လာမယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
