How To Live A Worry-Free Life
သောကကင်းဝေး နေနိုင်ရေး
Overcome the problems in reasonable ways
" ပြဿနာတွေကို ယုတ္တိကျကျ နည်းများနှင့် ကျော်လွှားပါ"
We usually tend to quickly put the blame on others. If we are honest with ourselves we can trace the source of problems by ourselves. Remember the saying that when we point one finger at others, three fingers are pointing back at us. In every good action there is bad effect also. At the same time in every bad action there is some good too. 'There can be no rainbow without a cloud and a storm.'
ကျွန်တော်တို့ဟာ အခြားသူတွေကို အစောတလျင် အပြစ်တင်လေ့ရှိကြတယ်။ အကယ်၍ ကျွန်တော်တို့သာ ရိုးသားဖြောင့်မတ်လျှင် ပြဿနာအရင်းအမြစ်ကို ကိုယ်တိုင် ခြေရာကောက်နိုင်ပါတယ်။ သူများကို လက်ညှိုးထိုးတဲ့အခါ လက်သုံးချောင်းက ကိုယ့်ဘက်ပြန်ထိုးတယ်ဆိုတဲ့ အဆိုကို သတိရပါ။ ကောင်းတဲ့ လှုပ်ရှားမှုးတိုင်းမှာ ဆိုးတဲ့ တန်ပြန်သက်ရောက်မှုရှိတယ်။ ထို့အတူ ဆိုးတဲ့ လှုပ်ရှားမှုတိုင်းမှာလည်း ကောင်းတဲ့ အကျိုးသက်ရောက်မှု ရှိတယ်။ မိုးတိမ်းနဲ့ မုန်တိုင်း မရှိဘဲ သက်တန့်ရောင် မထွက်ပေါ်ပါဘူး။
The trouble with us is that whenever we face any problem, we suffer even more by creating imaginary enemies and suspicion. We even seek some advise from others in order to get rid of the problems. But we do not consider that the advice that we get from others can also be based on their superstitious beliefs or imagination or wrong understanding of the problem.
ပြဿနာနဲ့ ရင်ဆိုင်ရတဲ့အခါတိုင်း ကျွန်တော်တို့ စိတ်ညစ်ရတယ်။ ရန်သူတွေလို့ စိတ်ကူးနဲ့ ဖန်တီးပြီး သံသယဝင်တဲ့အခါ ကျွန်တော်တို့ ပိုပြီး ဆင်းရဲဒုက္ခခံစားရတယ်။ ပြဿနာတွေကို ဖယ်ရှားရန် အခြားသူတွေထံက အကြံဉာဏ်တောင်းခံတယ်။ ဒါပေမယ့် အခြားသူတွေဆီက ရလာတဲ့ အကြံဉာဏ်ဟာ ပြဿနာနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ အစွဲအလမ်းကြီးသော ယုံကြည်မှု သို့မဟုတ် စိတ်ကူးစိတ်သန်း သို့မဟုတ် မှားယွင်းသော နားလည်မှုတွေကို အခြေခံလာတယ်ဆိုတာ ကျွန်တော်တို့ သုံးသပ်စဉ်ဆင်ခြင်မှု မလုပ်ကြဘူး။
This is particularly true when we consider how people run to fortune-tellers and clairvoyants to solve their problems. For example when people complain about failure in their business and bad luck, they try to use magic power to have good luck and success.
လူတွေဟာ ပြဿနာတွေကို ဖြေရှင်းနိုင်ရန် ဗေဒင်ဆရာတွေ၊ အကြားအမြင်ရသူတွေထံ ဘယ်လို အပြေးအလွှား သွားတတ်ကြတယ်ဆိုတာ ကျွန်တော်တို့ သုံးသပ်ဆင်ခြင်ကြည့်တဲ့အခါ ဒီအချက်က အထူး မှန်ကန်နေပါတယ်။ နမူနာအားဖြင့် လူတွေဟာ စီးပွားရေးလုပ်ငန်း မအောင်မမြင်ဖြစ်ပြီး ကံမကောင်းကြောင်း ညည်းညူတဲ့အခါ ကံကောင်းပြီး အောင်မြင်မှုရရန် ထူးခြားတဲ့ စွမ်းအားကို အသုံးပြုဖို့ ကြိုးစားကြတာမျိုး ဖြစ်ပါတယ်။
The Buddha advised us to overcome problems in reasonable ways and to develop our understanding without depending on superstitious belief and to use full effort and knowledge without wasting time and money on meaningless practices.
မြတ်ဗုဒ္ဓက ယုတ္တိကျတဲ့ နည်းလမ်းတွေနဲ့ ပြဿနာတွေကို ကျော်လွှားအောင်မြင်ရန်၊ အစွဲအလမ်းကြီးသော ယုံကြည်မှုကို အားမကိုးဘဲ တတ်သိနားလည်မှုကို မြှင့်တင်ရန်၊ အဓိပ္ပါယ်မဲ့ ဓလေ့ထုံးစံတွေအတွက် အချိန်နှင့် ငွေကို မဖြုန်းတီးဘဲ အစွမ်းကုန် ကြိုးစားအားထုတ်မှုနှင့် အသိဉာဏ်ကို အသုံးပြုရန် ကျွန်တော်တို့ကို လမ်းညွှန်ခဲ့ပါတယ်။
There are people who seem to be very willing to follow those who claim that they have magical powers, supernatural powers and healing powers and they pay big sums of money to these people to bringthem good luck and success. Of course, eventually, they find that they have been cheated as it is not that easy to get good fortune. And because they do not get what they want, they bring more problems to themselves.
အံ့ဖွယ်စွမ်းအားရှိတယ်၊ တန်ခိုးစွမ်းအားရှိတယ်၊ ရောဂါပျောက်စေတဲ့ စွမ်းအားရှိတယ်လို့ ပြောဆိုသူတွေနောက်ကို တကောက်ကောက်လိုက်ပါသူတွေ ရှိပါတယ်။ သူတို့ဟာ ကံကြမ္မာကောင်းနှင့် အောင်မြင်မှုတွေ ဖြစ်ထွန်းလာရန် ထိုစွမ်းအားရှင်တွေထံ ငွေကြေးအများအပြား ပုံအပ်ကြတယ်။ ဟုတ်ကဲ့ နောက်ဆုံးမှာတော့ ကံကြမ္မာကောင်းပေါ်ပေါက်ရန် မလွယ်ကူဘဲ လိမ်လည်လှည့်စားတာပဲ ခံလိုက်ကြရပါတယ်။ အကြောင်းကတော့ သူတို့လိုတာ မရတဲ့အပြင် ပိုမိုများပြားတဲ့ ပြဿနာတွေပဲ ပေါ်ပေါက်လာတဲ့အတွက် ဖြစ်ပါတယ်။
We cannot understand the cause of many of our problems because our way of thinking is generally based on ignorance which is the cause of imagination or illusion. We do not allow ourselves to develop our way of life through proper understanding. In many ways religion can help us to develop that understanding because religion explains human nature and how to deal with problems.
ကျွန်တော်တို့ စဉ်းစားတဲ့ နည်းလမ်းဟာ အများအားဖြင့် စိတ်ကူးတွေကို သို့မဟုတ် အတွေးမှားတွေကိုဖြစ်စေသည့် မသိနားမလည်မှုအပေါ်မှာ အခြေခံတာကြောင့် ပြဿနာအများပြား ဖြစ်ပေါ်လာခြင်းရဲ့ အကြောင်းရင်းကို ကျွန်တော်တို့ နားလည်နိုင်စွမ်းမရှိကြဘူး။ သင့်လျော်တဲ့ တတ်သိနားလည်မှုနဲ့ ကျွန်တော်တို့ ဘဝပုံစံကို တိုးတက်အောင်လုပ်ဖို့ ကိုယ့်ကိုယ်ကို အခွင့်မပေးကြဘူး။ တတ်သိနားလည်မှုကို မြှင်တင်နိုင်ရန် ဘာသာရေးက ကျွန်တော်တို့ကို နည်လမ်းပေါင်းများစွာနဲ့ အကူညီပေးပါတယ်။ အကြောင့်ကတော့ ဘာသာရေးဟာ လူသား၏ သဘောသဘာဝနှင့် ပြဿနာတွေ ကိုင်တွယ်ဖြေရှင်းပုံကို ရှင်းလင်းပြတာကြောင့်ဖြစ်ပါတယ်။
However many people think that religion is only for us to pray or to perform certain rituals. When we maintain such a naive attitude, how can we enrich our knowledge to understand things in their proper perspective? We do not recognize the value of religion to help us to gain happiness.
ဒါပေမယ့် လူအတော်များများက ဘာသာရေးဆိုတာ ကျွန်တော်တို့အတွက် ဝတ်ပြုဆုတောင်းရန်နှင့် ဘာသာရေး ဓလေ့ထုံးစံတွေကို လုပ်ဆောင်ရန်အတွက်သာဖြစ်တယ်လို့ ထင်မှတ်ကြပါတယ်။ အဲဒီလို နုံအတဲ့ သဘောထားကို ဆုပ်ကိုင်ထားတဲ့အခါ အရာဝတ္ထုတွေကို ရှုထောင့်မှန်မှန်ကန်ကန်နှင့် နားလည်သိမြင်နိုင်တဲ့ အသိဉာဏ် ဘယ်လိုလုပ်ပြီး ဖွံ့ဖြိုးတိုးတက်လာတော့မလဲ။ ကျွန်တော်တို့ဟာ ချမ်းသာသုခ ခံစားရအောင် အကူညီပေးတဲ့ ဘာသာရေးရဲ့တန်ဖိုးကို အသိအမှတ်မပြုကြဘူး။
Today we have organised our worldly life in such a way that we have no time to devote for mental training for peace. The result is that although we may have more than enough to satisfy our material needs we are never satisfied and all the while we go on thinking how to make more money, how to have more sensual pleasure even at the cost of others' lives. Such pleasures are short-lived.
ဒီခေတ်မှာဆိုရင် အေးချမ်းမှုရစေမယ့် စိတ်ပိုင်းဆိုင်ရာ အလေ့အကျင့်အတွက် အချိန်မပေးတဲ့ နည်းလမ်းနဲ့ ကျွန်တော်တို့ရဲ့ လောကီဘဝကို စီမံဖန်တီးကြတယ်။ အကျိုးဆက်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို လိုတာထက်ပိုပြီး ဖြည့်ဆည်းနိုင်ပေမယ့် ဘယ်တော့မှ ကျေနပ်နှစ်သက်မှု မခံစားရပါဘူး။
ကျွန်တော်တို့ဟာ သူများအသက်တွေကို စတေးပြီး ဘယ်လိုနည်းနဲ့ ငွေတွေပိုရအောင်လုပ်မယ်၊ လောကီအာရုံတွေကို ဘယ်လိုနည်းနဲ့ ပိုပြီးခံစားမယ်လို့ တစ်ချိန်လုံး စဉ်းစားနေကြပါတယ်။ အဲဒီ သာယာဖွယ်တွေဟာ တစ်ခဏသာ ခံပါတယ်။
We lose interest as soon as we have gained something we have craved for. The result is that we are constantly yearning for more of the same thing and constantly remaining unsatisfied. When we experience certain problems we start to grumble, show our temper and create more disturbances and blame others for our problems.
ကျွန်တော်တို့ မက်မောတောင့်တာတဲ့အရာတွေ ရပြီးလျှင်ပြီးချင်းပဲ စိတ်ဝင်စားမှု ပျောက်ဆုံးသွားပါတယ်။ အကျိုးဆက်မှာ ကျွန်တော်တို့ဟာ အလားတူ သာယာဖွယ်တွေကို ပိုပြီးတော့ အဆက်မပြတ် တမ်းတလာပြီး အမြဲတမ်း အာသာမပြေဖြစ်လာပါတယ်။ ပြဿနာတွေနဲ့ ကြုံလာတဲ့အခါ ညည်းတွားကြတယ်။ ဒေါသထွက်ကြတယ်။ စိတ်အနှာင့်ယှက်ဖြစ်စရာတွေ ဖန်တီးကြတယ်။ ပြဿနာတွေအတွက် အခြားသူတွေကို အပြစ်တင်ကြတယ်။
Today we think that people in developed countries are happy because they have so many material comforts, but the fact is that in many ways they are unhappier than people in undeveloped countries and are especially victims of mental problems. This is because they have become slaves to their sensual pleasure and crave for worldly enjoyment without proper moral development.
ဒီနေ့ခေတ်မှာ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေက လူတွေဟာ ရုပ်ပိုင်းဆိုင်ရာ ဇိမ်ခံစရာတွေ အလွန် ပေါများတဲ့အတွက် စိတ်ချမ်းသာနေကြတယ်လို့ ကျွန်တော်တို့က ထင်ကြတယ်။ အမှန်တကယ်တော့ သူတို့ဟာ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံကလူတွေထက် ပိုပြီး နည်းလမ်းပေါင်းစုံနဲ့ စိတ်မချမ်းမသာ ဖြစ်နေကြတာပါ။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရဲ့ သားကောင်တွေ ဖြစ်နေရရှာပါတယ်။ အကြောင်းကတော့ သူတို့ဟာ လျော်ကန်တဲ့ စာရိတ္တဖွံဖြိုးတိုးတက်မှုမရှိဘဲ ကာမဂုဏ်အာရုံရဲ့ ကျွန်ပြုမှုကိုခံနေရပြီး လောကီ သာယာဖွယ်တွေကို အငမ်းမရဖြစ်နေတာကြောင့်ပါ။
Tension, fear, anxiety and insecurity disturb their minds. This kind of mental disturbance disturbs the human way of life. This state of affairs has become the biggest problem in many industrialized countries because they pave not learned to maintain contentment. Many people suffer from loss of confidence and face difficulties in deciding what to do with their lives.
စိတ်ပင်ပမ်းမှု၊ စိုးရိမ်မှု၊ ကြောင့်ကြမှု၊ လိပ်ပြာမလုံမှုတွေက သူတို့စိတ်ကို အနှောင့်အယှက်ပေးနေပါတယ်။
ဒီစိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်တွေဟာ လူ့ဘဝခရီးမှာ အတားအဆီးတွေဖြစ်ပါတယ်။ စက်မှုဖွံဖြိုးတိုးတက်တဲ့ နိုင်ငံများမှာဆိုရင် ရောင့်ရဲကျေနပ်မှုကို ခံယူတတ်ရန် လမ်းညွှန်ပေးခြင်း မရှိတဲ့အတွက် လှုမှုရေးအခြေနေဟာ အကြီးဆုံးပြဿနာဖြစ်လာခဲ့ပါတယ်။ လူအများပြားဟာ ယုံကြည်မှုပျောက်ဆုံးတဲ့ ဒုက္ခခံစားရပြီး အသက်ရှင်ရန်တည်ရေးအတွက် ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ချက်ချရာမှာ အခက်ခဲတွေ ရင်ဆိုင်နေကြရပါတယ်။
The main cause of this mental attitude is ambition and anxiety, created by competition, jealousy and fear. But these people are not only a nuisance to themselves but to those around them as well. Such problems naturally create a very bad atmosphere for others who want to lead a peaceful life.
အဲလိုစိတ်သဘောထားတွေ ခံစားလာရခြင်းရဲ့ အဓိကအကြောင်းကတော့ ပြိုင်ဆိုင်မှု၊ မနာလိုမှု၊ စိုးရိမ်မှုတွေကနေ ဖန်တီးလိုက်တဲ့ ပြင်းပြတဲ့အာသာဆန္ဒနှင့် စိုးရိမ်ကြောင့်ကြမှုတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလူတွေဟာ သူတို့ချည်း စိတ်ကယိကထဖြစ်တာမဟုတ်ဘဲ ပတ်ဝန်းကျင်က လူတွေကိုပါ အနှောင့်အယှက်ပေးပါတယ်။ အဲဒီပြဿနာတွေဟာ စိတ်အေးအေးချမ်းဘဝနဲ့ နေထိုင်လိုတဲ့ အခြားသူတွေအတွက် အလွန်ဆိုးဝါးတဲ့ ပတ်ဝန်းကျင်အခြေအနေကို အလိုအလျောက် ဖြစ်ပေါ်စေပါတယ်။
There is no short cut for us to get rid of our problems. We must try to understand and to find out the cause of the problems that we are facing. But let us not be misled into thinking that happiness is easy to achieve because it is true that there is no life without problems. Whether we make ourselves more miserable or not depends on how much we allow our minds to affect us.
ကျွန်တော်တို့အတွက် ပြဿနာတွေကို ဖယ်ရှားရန် ဖြတ်လမ်းဆိုတာ မရှိပါဘူး။ နားလည်အောင်ကြိုးစားပြီး ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာဖြစ်ပေါ်ခြင်းရဲ့ အကြောင်းရင်းကို ရှာဖွေရပါမယ်။ ဒါပေမယ့် စိတ်ချမ်းသာမှုကို လွယ်လွယ်နဲ့ ရမယ်လို့ မှားမှားယွင်းယွင်း စဉ်းစားတာမျိုးဆီတော့ ဦးမတည်မိပါစေနဲ့။ ဘာကြောင့်လည်းဆိုတော့ ပြဿနာတွေ မကြုံရတဲ့ဘဝ မရှိဆိုတဲ့စကားဟာ မှန်နေလို့ပါ။ ပိုပြီး စိတ်ပျက်စရာကောင်းအောင် ကျွန်တော်တို့ကိုယ်တိုင် ဖန်တီးမလား မဖန်တီးဘူးလားဆိုတာဟာ ကျွန်တော်တို့စိတ်ကူးတွေက ကျွန်တော်တို့အပေါ် အကျိုးသက်ရောက်တာကို ဘယ်အတိုင်းအတာထိ ခွင့်ပြုသလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။