📜

alay1(38)
Published in
#esteem
Words
438
Reading
2 min
Listen
Play
8y

📖“ မြောက်ဦးဆရာတော်ကြီး၏ သုသာန်ဓုတင်ဆောင် အတွေ့အကြုံ "

☆ ဤအရှင်သည် သုသာန်ပေါင်း ၂၀ မှာ တရားအားထုတ်ခဲ့ဖူးသည်။ ဤအရှင်
သည် ကြောက်တတ်သူဖြစ်သည့်အတွက် “လန့်ဖွယ် ထိတ်ဖွယ် ပုံသဏ္ဍာန်တွေ
အသံတွေ မကြားရမမြင်ရပါစေနဲ့” ဟု အဓိဋ္ဌာန်တင်ပြီး တရားအားထုတ်ခြင်း
ဖြစ်သည်။ တရားအားထုတ်သည့်အခါ မေတ္တာပို့ခြင်း၊ အမျှဝေခြင်းကိုလည်း အ
ထူးအာရုံစိုက်ပြီး လုပ်သည်။ အချိန်လည်း ပေးသည်။ တရားအားထုတ်သူများ
တွေ့ကြုံရလေ့ရှိသည့် အမျိုးမျိုးသော အာရုံများ တွေ့ရမည်ဟုလည်း တွက်ဆ
ထားပြီးဖြစ်သည်။ ပေါ်လာသည့် အာရုံမှန်သမျှကို အဖျက်တွေဟုသိပြီး မသိမ်း
ပိုက်ထားမိဖို့ ကမ္မဋ္ဌာန်းပြဆရာများ၏ ဆုံးမသွန်သင်မှုများကလည်းနားထဲ စွဲနေ
သည်။
☆ သုသာန်တစ်ခုနှင့်တစ်ခု ဓုတင်ဆောင်ခဲ့သော ကာလကမူမတူ။ တချို့သုသာန်
၌ ခုနှစ်ရက်၊ တချို့သုသာန်၌ ဆယ်ရက်၊ တချို့သုသာန်၌ ဆယ့်ငါးရက်၊ အချို့မှာ
တစ်လ စသည်ဖြင့်ရှိသည်။
☆ လန့်စရာ အာရုံတွေ အသံဗလံတွေ မမြင်ရ မကြားရပါစေနဲ့ဟု အဓိဋ္ဌာန်ထား
သော်လည်း မြင်ရသည့် အာရုံတွေကလည်း များလှသည်။ ညည်းညူနေသံ ညည်း
တွားအော်ဟစ်သံတွေကလည်း အော်ဂလီဆန်ချင်စရာ ကောင်းသည်။ မြင်ရ
သည့် အာရုံတွေကလည်း ထိတ်လန့်ချောက်ချားစရာဖြစ်သည်။
☆ မည်းမည်းအကောင်ကြီးတွေ သုသာန်တိုင်းလိုလိုမှာ တွေ့ရသည်။ လူလိုလိုအ
ကောင်တွေ၊ အချို့က ခေါင်းမပါ၊ အချို့ကခေါင်းသာမြင်ရသည် ကိုယ်ကို မတွေ့
ရ၊ ရုပ်ဆိုးအကျည်းတန် သတ္တဝါတွေလည်း မျိုးစုံသည်။ အဝတ်မပါ ဗလာ လူ
ယောက်ျား၊ လူမိန်းမတွေ စုံသည်။ မိန်းမတွေက ဆံပင်ဖားလျားချလို့၊ ဤအရှင်
၏ရှေ့မှ ဖြတ်သွားဖြတ်လာ လုပ်ကြသည်။ အချို့က တိုတို၊ အချို့က ရှည်မျော
မျော၊ အပေါ်ပိုင်းခန္ဓာ ရှည်ပြီး အောက်ပိုင်းခြေထောက်တွေတိုတို ပုံမျိုးပါလို့၊ အ
ပေါ်ပိုင်းခန္ဓာက ပုတိုတိုအောက်ပိုင်း ခြေတံရှည်လျားလျားလည်း ပါသည်။
☆ ခန္ဓာကိုယ်က အချွန်အတက်တွေ ထွက်နေသော သတ္တဝါတွေလည်း တွေ့ရ
သည်။ တွေ့ရသမျှ သတ္တဝါများသည် ဤအရှင်အား ကျောခိုင်းထိုင်နေကြသည်
သာ များသည်။
☆ နွားတွေလို ချိုနှစ်ချောင်းနှင့် သတ္တဝါတွေလည်း ပါသည်။ အချို့အကောင်များ၏
မျက်လုံးတွေက စကောလောက်ကြီးသည်။ အချို့အကောင်တွေ၏ ပါးစပ်က တ
အားကျယ်သလောက် အသံကျတော့ သေးသေးလေးဖြစ်သည်။ တချို့အကောင်
တွေ၏ ပါးစပ်ကျပြန်တော့ သံမှိုပွင့်လောက်ပဲရှိသည်။
☆ တစ်ခါတစ်ရံ ဤအရှင်၏အနားမှ မြေကြီးထဲက ထိုးထွက်လာသလိုမျိုး တွေ့ရ
သည်။ သစ်ပင် ပင်စည်ကြီးထဲ လူခေါင်းတွေ ပြူထွက်လာပြီး ဤအရှင်အား မျက်
လုံးပြူးကြည့်နေသည်ကိုလည်း မြင်ရသည်။
☆ သုသာန်တစ်ခုမှာတော့ သင်္ချိုင်းဂူကြီးတစ်လုံးက လှုပ်လာပြီး မည်းမည်းအ
ကောင်ကြီးတစ်ကောင် ထွက်လာသည်။ ဤအရှင်အား လာကြည့်ပြီး သူ့ဂူထဲ ပြန်
ဝင်သွားသည်။ ဂူထဲမှထွက်လာတော့လည်း အပေါက်ဟူ၍မရှိ၊ ပြန်ဝင်သွားတော့
လည်း အပေါက်မတွေ့။
☆ သင်းပိုင်းအစုတ်နှင့် ဘုန်းကြီးလိုလို ပြိတ္တာကြီးကိုလည်း မြင်တွေ့ရဖူးသည်။ ထိုဘုန်းကြီး၏ ပါးစပ်မှာ လောက်တွေကအပြည့်၊ နှာခေါင်းအရင်းကနေ မေး
လောက်အထိ လောက်တွေက တဖွားဖွား ကိုက်စားနေသည်။
☆ ဤမကောင်းသော အနိဋ္ဌာရုံတွေကို မြင်တိုင်း မြင်တိုင်း ဤအရှင်သည် ဘဝ
သံသရာ အဆက်ဆက်က ဆွေမျိုးတော်စပ်ခဲ့ဖူးသူများ ဖြစ်လေမလားဟု ဆင်ခြင်
မိ၏။
☆ “သစ္စာမသိ၊ ဒိဋ္ဌိမကျ၊ ပုဂ္ဂိုလ်မှာလျှင်၊ လူတွေစကြာ၊ နတ်မှာသိကြား၊ မိုးဖျား
ဗြဟ္မာ၊ ဖြစ်တုံပါလည်း၊ ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက ဖောက်လွဲပယ်ရွာ၊ ရောက်မြဲသာ
တည်း”
☆ ဒိဋ္ဌိ မပြတ်သေးသရွေ့ အပါယ်ဘေးမှ မလွတ်နိုင်ကြောင်းဘုရားရှင်က ဆိုမိန့်
ခဲ့သည်။ ထို့ကြောင့် ပုထုဇဉ်တို့၏ အမြဲနေရမ်ည့် စံအိမ်သည် အပါယ်လေးပါးဘုံ
သာ ဖြစ်သည်ဟု နှလုံးပိုက်ထားဖို့ သင့်ကြသည် မဟုတ်လား။
☆ ဤအရှင် နားလည်မိသည်မှာ ပြုမှားမိခဲ့သော အကုသိုလ်ကံတွေက “ခေါင်း”
အမျိုးစုံအောင် ပြောင်းလဲပေးနေခြင်းဖြစ်သည်။
☆ မြတ်စွာဘုရားရှင် ဟောကြားခဲ့သော ပေတဝတ္တုတိုတွေထဲမှာလည်း ပါသည်။
နေ့စံ၊ ညခံ၊ နေ့ဘက်မှာ သုခ စံရသူတွေ ဒုနှင့်ဒေးဖြစ်သည်။ ယခု ဤအရှင်ကိုပြ
သော အာရုံတွေကို ကြည့်၊ အမျိုးမျိုး အဖုံဖုံ ဆင်းရဲဒုက္ခတွေက ကြီးလွန်းလှသည်။
☆ ဤအရှင်သည် ပေါ်လာသမျှသော အနိဋ္ဌာရုံ အာရုံများကို ပေါ်တိုင်းပေါ်တိုင်း
ဖျောက်ပစ်ပါ၏။ အချို့သော အာရုံများက ဤအရှင် မေတ္တာပို့ အမျှဝေလိုက်သည့်
အခါ ချက်ချင်းပျောက်သွား၏။ အချို့က မပျောက်၊ အတော်ကြီးကြာကြာ မေတ္တာ
ပို့အမျှဝေတော့မှ ပျောက်သွားသည်။ အာရုံများက ပျောက်သွားကြသည်။ အသစ်
အသစ် အာရုံတွေလည်း တိုး၍တိုး၍ ပေါ်လာသည်။ တရားအမှတ်ပျက်လောက်
အောင်ဖြစ်သည်။ မေတ္တာပို့အမျှဝေလိုက်၊ ပျောက်သွားလိုက် ပေါ်လာလိုက်
မေတ္တာပို့လိုက် လုပ်နေရသည်။
☆ တစ်ခါတစ်ရံတော့လည်း ဤအရှင်သည် ပေါ်လာသမျှသော အာရုံများကို သံ
သရာဆွေမျိုးတွေဖြစ်မည်၊ အမျှဝေတာကို သာဓုခေါ်ချင်လို့ လာကြတာဖြစ်မည်
ဟူသော အတွေးနှင့် “တရားဟောပေးမည်၊ တရားနာလာကြကုန်လော့”ဟု ဖိတ်
ကြားကာ ပရိတ်ကြီး ၁၁ သုတ် ဓမ္မစကြာသုတ်၊ အနတ္တလက္ခဏာသုတ်၊ ပဋ္ဌာန်း
ပစ္စယုဒ္ဒေတို့ကို ရွတ်၊ သရဏဂုံပေးပြီး ပြုခဲ့သမျှသော ကုသိုလ်တို့ကို အမျှပေးဝေ
ခဲ့သည်၊ သံသရာဆွေမျိုးတွေကို ကျေးဇူးဆပ်ခွင့် ရနေသည့်အတွက် ဤအရှင်မှာ
ကျေနပ်နေပါသည်။
☆ အချို့သုသာန်တွေက အတော်ကြမ်းသည်၊ အနံ့အသက်တွေကလည်း မ
ကောင်း၊ အသက်ရှူရခက်လောက်အောင် ဖြစ်သည်။ မြင်ရသည့် အာရုံတွေက
လည်း ဆိုးမှဆိုး၊ စစ်တွေသုသာန်မှာ ကြုံရသည်က တစ်မျိုးဖြစ်သည်။
☆ လူလေးယောက် လူသေခေါင်းကြီးတစ်ခုကို ရှေ့နှစ်ယောက် နောက်နှစ်
ယောက် ထမ်းလာနေကြသည်။ ဤအရှင်နားရောက်သည့်အခါ အခေါင်းကြီးကို
ချပြီး “ကောက်ထည့်ကွာ၊ ကောက်ထည့်” ဟု အမိန့်ပေးသည်။ ဤအရှင်ကို “အ
ခေါင်း” ထဲ ကောက်ထည့်ခိုင်းခြင်းဖြစ်သည်။ အမိန့်သာပေးသည် တစ်ယောက်
မှ ကောက်မထည့်၊ နောက်တော့ “မထည့်လျှင်လဲနေကွာ” ဆိုပြီး ထိုအခေါင်းကြီး
ကို ပြန်ထမ်းသွားကြသည်။
☆ တစ်ရက်မှာလည်း ဤအရှင် တရားမှတ်နေတုန်း လက်မောင်း တစ်ဖက်ကို
အေးစက်စက်အရာကြီးနှင့် အကပ်ခံလိုက်ရသလို ဖြစ်သည်။ ရှည်လျားသော လျှာ
ကြီးနှင့် အယက်ခံလိုက်ရသလို ခံစားလိုက်ရခြင်းဖြစ်သည်။ ဤအရှင် တရားအ
မှတ်ပျက်လောက်အောင်ပင် ဖြစ်ရသည်။
☆ ဤအရှင်အား ကျောက်တုံးကြီးနှင့် ဖိသတ်ရန်လာသော ပြိတ္တာကြီးတစ်ကောင်
ကိုလည်း တွေ့ဖူသည်။ ကျောက်တုံးကြီးတစ်တုံးကို လှိမ့်ကာ လှိမ့်ကာနှင့် လာနေ
ခြင်းဖြစ်သည်။ ဤအရှင်နား ရောက်လာသည်။ မေတ္တာပို့ပြီး အမျှဝေတော့
ပျောက်သွားသည်။
☆ တွေ့ရသမျှ၊ မြင်ရသမျှသော အာရုံများကို ရေးရလျှင်များစွာရှိသေးသည်။ အကု
သိုလ်၏ အကျိုးပေးကို သံဝေဂယူနိုင်ကြစေရန် ရည်ရွယ်ပြီး အနည်းငယ် ဖော်
ထုတ်ရေးပြလိုက်ခြင်း ဖြစ်ပေသည်။
{ ကျေးဇူးရှင် မြောက်ဦးဆရာတော်ဘုရားကြီး }
image

alay1@alay1

📜 | Ecency