👉သင်္ကြန်သံချပ်👈
လေလေ လေလားမောင်တို့
ဂျင်းဂျင်း ဂျင်းလားမယ်တို့။
နှစ်သစ်ကူးတဲ့ အခါသင်္ကြန်
ဒို့ ညီကိုတွေပျော်ကြရွှင်ကြ။
အစိုးရသစ်ကြီးတက်လာပြီ
ပြောင်းလဲချိန်တန်ပြီ👉စာလုံးလေးနဲ့။
ပြောင်းလဲချိန်က တန်ပြီဆို
သင်္ကြန် သံချပ် စီစစ်နေတုန်း
သမ္မတကြီးကပျောက်နေတယ်
ဟိုမှာ ဒီမှာ တွေ့ကြသေးလား။
ပြည်သူ့အစိုးရကြီးတက်လာပြီ
ဝေဖန်ရင်တော့ ၅၀၅(ခ)ကြည့်ထား
အစိုးရကြီးအားကြည်ညိုပါ
မကြည်ညိုရင်တော့ 👉ထောင်အနှစ်၂၀။
ပြောင်းလဲချိန်က တန်ပါပြီ
ကြက်သွန်နီ ၁ပိဿာ ၅၀၀၀တဲ့ဗျ။
ပြည်သူ့အစိုးရ မခိုးဘူးဆို
ကျောက်စိမ်းတုံးကြီး ဘယ်ရောက်သွာတုန်း။
ပညာရေးစနစ်ကြီးတိုးတက်ပြီ
စာမေးပွဲဖြေရင်👉အတွင်းခံ မဝတ်ရ။
ပညာရေးအသုံးစရိတ်မလောက်ဘူးဆို
ဖုန်းဘေလ်ခွန်တွေ ဘယ်ရောက်သွားတုန်း။
မြန်မာပြည်ကြီး တိုးတက်ပြီ
သက်ငယ်မဒိန်းတွေ ၂ဆ ၂ဆ။
အဘခေတ်က လူရွှင်တော်တွေ
ဝေဖန်တာမှ ရစရာကိုမရှိ။
အမေ့ခေတ်ရောက်တော့ လူရွှင်တော်တွေ
ွဆွံ့ /အ /နားမကြား ဖြစ်ကုန်ပြီတဲ့။
၆၆(ဃ)မလိုဘူးဆို
အမေကိုထိရင် ၈(စ)လုံး ကြည့်ထား။
စီပွားရေးတွေတိုးတက်ချင်
ဟင်းတစ်မယ်လျော့စား/အလှူမလုပ်နဲ့။
စင်္ကာပူကိုကျော်တော့မယ်
လေပူပေါင်းတွေ ကိုင်ထား ကိုင်ထား။
လွတ်လွတ်လပ်လပ်ပြောနိုင်ပြီ
အင်းစိန်ထောင်ကို ကြည့်ထား ကြည့်ထား။
အမေ့သားပြောပြီး ပါးရိုက်တာ
တိတ်တိတ်နေနော် ပြည်သူ့အစိုးရ။
ထူးဆန်းပါဘိ မြန်မာပြည်
အတိုင်ပင်ခံ ရာထူးကြီးနဲ့။
ဒီမိုကရေစီရပြီဆို
တရားပွဲပိတ်တယ် ဘာပြောချင်လဲ။
အမေ့စု နိုင်ရင်ချမ်းသာပြီ
အခွန်ကောက်တာ နွားတောင်မရှောင်။
မြန်မာ့စီးပွားရေး မကောင်းဘူးဆို
အရင်အစိုးရ မကောင်းခဲ့လို့။
ုမြန်မာပြည်က အတိုင်ပင်ခံမှာ
ရှိသေရဲ့လား သောက်ရှက် သောက်ရှက်။
ုပြည်သူတွေရဲ့ ဒုက္ခတွေ
ကိုယ်ပျောက် သမ္မတကြီး မြင်ပါစေ။
ဗိုလ်ချုပ် ရုပ်ရှင်ပြန်ရိုက်မယ်
နောက်..တစ်..ခါ လာပြန်ပြီဟေ့...
ဟေရ်....ဟေရ်... ဝါးးးးး