✏✏✏📑

alay1(38)
Published in
#esteem
Words
334
Reading
2 min
Listen
Play
9y

Some idioms about ရုံမျှသာ/တကယ်ကို
-only just=1.သိပ်မကြာသေးခင်ကပဲ။အခုလေးတင်။
2.မ---လုနီးနီး
e.g.1. I have only just got an idea how to deal with this problem.
ဒီပြဿနာကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ အခုလေးတင်ပဲ ငါအကြံရတာ။
e.g.2. I have saved some amount of money to travel to the place to which I've dreamt of going, but only just.
ငါသွားဖို့စိတ်ကူးထားတဲ့နေရာအတွက် ပိုက်ဆံကို အထိုက်အလျောက်တော့ စုထားတယ်။ဒါပေမဲ့ လုံလောက်တယ်ဆိုတာလေးထက်မပိုပါဘူးကွာ။
e.g.2. I only just caught the bus this afternoon..I lucked out and got there in time.
ဒီနေ့လည်ခင်း ဘစ်ကားမမှီလုနီးနီး ဖြစ်သွားတယ်။ကံကောင်းလို့သာ အဲဒီကို အချိန်မီ ငါရောက်တာ။ (luck out=ကံကောင်းတယ်)
-nothing less than(n)=---ထက်မလျော့။တကယ်ကို။
e.g. That kid is nothing less than a genius.
အဲဒီကလေးက တကယ်ကို ပါရမီရှင်လေးပဲ။
-nothing more than(n)=nothing but(n)=ရုံမျှသာ။
e.g. He is nothing more than a member of this community.
သူက ဒီအသိုင်းအဝိုင်းရဲ့အဖွဲ့ဝင်ဖြစ်တယ်ဆိုရုံပါပဲ။
-a bit of a/an (noun)= အပြုသဘောမဆောင်တာကို ဖော်ပြရာမှာသုံး။ တကယ်ကို။
e.g. He is a bit of a troublemaker. သူက တကယ်ကိုပြဿနာရှာတဲ့ကောင်ပဲ။
--
English Speaking Basics .( အင်္ဂလိပ်စကားပြောအခြေခံများ)
ကျနော်တို့ လူမှုရေးနယ်ပယ်မှာ သူ့အလှည့်ကိုယ့်အလှည့် ဆိုသလို တစ်လှည့်စီ တစ်ပြန်စီ ပြန်လည်ပြီးတော့ ပြုစုရတာတွေ လုပ်ကိုင်ကူညီပေးရတာတွေ ရှိတတ်ကြတယ် မဟုတ်ပါလား ၊ ဒီတစ်ခါ ကျနော့်အလှည့်ပါ ဆိုတဲ့ သုံးစွဲပုံလေးကို ဘာအတွက် ဆိုတဲ့ အကြောင်းပြချက်လေးနဲ့ တွဲသုံးဖို့ လိုတဲ့အခါ အခုပုံစံကို သုံးနိုင်ကြပါတယ်ခင်ဗျာ ..

IT'S MY TURN TO + (VERB)
..........................................
When stating 'my turn' you are telling someone that it is time to change position or position focuses on to you.
.

  1. It’s my turn to treat you.
    ခင်ဗျားကို ပြုစုဖို့ ဒီတစ်ခါ ကျနော့်အလှည့်ပါ
  2. It's my turn to walk you home.
    ခင်ဗျားကို အိမ်ထိရောက်အောင် လမ်းလျှောက်ပြီး လုက်ပို့ဖို့ ကျနော့်အလှည့်ပါ
  3. It's my turn to do laundry.
    အ၀တ်တွေ လျှော်ဖွတ် မီးပူတိုက်ဖို့က ကျနော့်အလှည့်ပါ
  4. It's my turn to stay late at work.
    အလုပ်မှာ နောက်ကျသည်ထိ စောင့်နေဖို့က ကျနော့်အလှည့်ပါ
  5. It's my turn to take out the trash.
    အမှိုက်တွေကို အပြင်ဆွဲထုတ်ဖို့က ကျနော့်အလှည့်ပါ
  6. It's my turn to choose where we eat.
    ဘယ်နေရာမှာ စားကြမယ်ဆိုတာ ရွေးချယ်ဖို့က ကျနော့်အလှည့်ပါ
  7. It is my turn to pay for dinner.
    ညစာအတွက် ငွေရှင်းပေးရမှာက ကျနော့်အလှည့်ပါ
  8. It is my turn to roll the dice. (dice =အံစာတုံး)
    အံစာတုံးကို လှိမ့်ဖို့က ကျနော့်အလှည့်ပါ
  9. It is my turn to pay the bill.
    ကျသင့်ငွေကို ရှင်းဖို့က ကျနော့်အလှည့်ပါ
  10. It is my turn to attempt solving the problem. (attempt = ကြိုးစားအားထုတ်သည်)
    ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရမှာက ကျနော့်အလှည့်ပါ
    ………….
    My နေရာမှာ your, his, her, their စသည်ဖြင့် လိုရာကို အစားထိုးပြီး ပြောပေါ့နော
    .
  11. It is your turn to give an answer.
    အဖြေတစ်ခု ပေးဖို့က ခင်ဗျားအလှည့်ပါ
    ………………………….
    ပိုက်ဆံမကုန်ချင်လျင်တော့ It’s your turn.. ကိုပဲ ကျက်ထားလိုက်ပါ :P
    .
    မေတ္တာဖြင့်
    image

alay1@alay1

✏✏✏📑 | Ecency