✉ ✉ ✉

alay1(38)
Published in
#esteem
Words
103
Reading
1 min
Listen
Play
9y

မဟာဘုတ် ဗေဒင် ကို (၇) ခုဖြင့် စားရခြင်း အကြောင်း နှင့် ဗြဟ္မာ ဦးခေါင်း
...............
.....
....

တစ်နေ့သ၌ သိကြားမင်းနှင့် ဗြဟ္မာမင်း သည် တစ်နှစ်ပတ်လည် မင်္ဂလာအခါမပြုကောင်းသော ရက်နှင့် ပက်သက်ပြီး အငြင်းပွားကြလေ၏။
ဗြဟ္မာ မင်းက ကောဇာနှစ်ကို တည်၊ (၃) နှင့်မြှောက်၊ (၁၂) ခု နှင့်စား။ အကြွင်းရက်သည် မင်္ဂလာအခါမပြုကောင်း ဟုဆို၏။

သိကြားမင်းက ကောဇာနှစ်ကိုတည် (၇) ခုစား၊ အကြွင်းသည် မင်္ဂလာ အခါမပြုကောင်းဟု ဆို၏။ ဤသို့နှင့် ငြင်းခုံကြရင်း ၄င်းတို့ နှစ်ဦးသည် ခေါင်းဖြတ်ကြေး လောင်းကြလေတော့၏။ ထို့နောက် လူ့ပြည်၌ ဗေဒင်ယတြာ လွန်စွာကျော်ကြားသော မုနိဥာဏရသေ့ ဝိညာဉ် ခိုအောင်းနေသော ကဝါလမိုင်းထံသို့ သိကြားမင်းနှင့် ဗြဟ္မာ မင်း တို့ သွားရောက်မေးမြန်းကြရာ ကဝါလမိုင်း ဆရာကြီးက ကောဇာနှစ်ကိုတည် (၇)ခုနှင့်စား၍ ရသောအကြွင်းသည်ကား တစ်နှစ်ပတ်လုံး လူတို့၌အမှုမင်္ဂလာ မဆောင်ကောင်းသောရက်သုဉ်း ဟု ဆုံးဖြတ်ရာ ဗြဟ္မာ မင်း ရှုံးသဖြင့် ကတိအတိုင်း ခေါင်းဖြတ်ခံရလေ၏။ ဗြဟ္မာ ဦးခေါင်းသည် ပင်လယ်ထဲပစ်ရင် ရေခန်းမည်၊ ကုန်းပေါ်မှာ ပြစ်လျှင်မီးလောင်မည် ဆိုပြီး ထားစရာမရှိသောကြောင့် တစ်နှစ်လျှင် နတ်သမီးတစ်ပါးက တာဝန်ယူစောင့်ရှောက်ရလေ၏။ တစ်နှစ်ပြည့်လျှင် နောက်နတ်သမီးတစ်ပါးထံ ပြောင်းပေးရ၏။

သိကြားမင်းပြောသော ကောဇာနှစ်တည်။ (၇) ခုစားကို အရင်းပြုလျှက် ခုနှစ်ဌာနစီမံ၍ ကြီးသောဖြစ်ခြင်းနှင့်တကွ အခြေအမြစ်ရှိသောကြောင့် မဟာဘုတ်ခေါ်သည်ဟူ၍ ဦးသက္ကရေးသော ဗေဒဝဏ္ဏဋီကာသစ်၌ ဖော်ပြထား၏။

image

alay1@alay1

✉ ✉ ✉ | Ecency