@" စာကိုမုန်းသည့်ကလေးများ "@
ကျောင်းစာကိုကျက် ဦးနှောက်ပျက်
ဘာမှ မတွေးခေါ်တတ်
စဉ်းစားရဖို့ ဆိုတာဝေး
ပေးတာ လိုက်ကူးရေး
စာကျက်စာကျက် ပြောနေတာ
အိမ်ကအမေလည်းပါ
နားမလည်လည်း ကျက်ပြီးရေး
အဆင့်Aတွေ ပေး
အတန်းကြီးတော့ ဒုက္ခရောက်
နားမလည်တော့ ငါးပါးမှောက်
ကျွန်တော်တို့က လူတွေပါ
စက်ရုပ် မဟုတ်ဘူးဗျာ
ဘယ်ပုဂ္ဂိုလ်က စာမေးပွဲ
တီထွင်ထားခဲ့သလဲ
ပြင်နိုင်ရင်တော့ပြင်ပေးသွား
ရေးဖြေစနစ်ကြီးအား
စာမသင်ရတဲ့ နေ့တွေမှာ
ကျောင်းသားအားလုံးပျော်ကြတာ
ဘာကြောင့်ပျော်လဲ မေးကြပါ
စာကိုမုန်းလို့ဗျာ
မသိချင်ယောင်များဆောင်နေလား
ပညာရေးဝန်ထမ်းများ
ကောင်းမြတ်ဦး(TEC)1.2.2018