တနေ့ တနေ့ စတင်း တွေ များများ ရအောင် ဘယ်လို လုပ်မှာလဲ စဉ်းစားရင်း နေ့တွေ ကို ကျော်ဖြတ် နေရပါတယ်။ အလုပ်ဖြစ်တဲ့ နည်းလမ်း တွေ တွေ့ရသလို အလုပ်မဖြစ်တဲ့ နည်းလမ်းတွေ လည်း အများကြီး တွေ့ရပါတယ်။ တချို့ နည်းလမ်း တွေက ရေရှည် အကျိုးပြု ပေမယ့် အချို့ နည်းလမ်းတွေက တခဏတာ ပဲ အကျိုးပြု ကြပါတယ်။ ဒါကြောင့် အမှားအယွင်း အနည်းဆုံး ဖြစ်အောင် သတိ ကြီးကြီး ထားပြီး စတင်း တွေ စုဆောင်း ရပါတယ်။
အဓိက ဆိူလိုချင်တာက စတင်းတွေကို ဘယ်သူမှ လွယ်လွယ် ကူကူ စုဆောင်း နေကြတာ မဟုတ်ဘူး ဆိုတာ ပါပဲ။ တချို့ဆို ငွေကြေး အမြောက်အများ သုံးစွဲ ပြီး ဝယ်ယူ စုဆောင်း ထားကြပါတယ်။ အားလုံးက အခက်အခဲ ုကိုယ်စီနဲ့ စုဆောင်း နေကြပေမယ့် စတင်းက ဈေးတက်မလာသေး။ ဒါက ရက်စက် လွန်းပါတယ်။ ကျွန်တော်တို့ အားလုံး စတင်းနဲ့ ပတ်သတ် ပြီး ရှာဖွေ စုဆောင်းတဲ့ နည်းလမ်း တွေ မတူ ပေမယ့် ဈေးတက်လာဖို့ မျှော်လင့် တာတော့ တူညီပါတယ်။ စတီးမစ် ကြီး ကံကောင်း ပါစေ။
လက်ရှိ ကျွန်တော် ဘာမှ ရင်းစရာ မလိုပဲ စတင်း ရနိုင်တာ နှစ်ခုပါ။ ပိုစ့် ရေးတာရယ်၊ sm ရယ် ပေါ့။ sm က တကယ် ရင်း ကစားရင်တော့ ဒီထက် စတင်းတွေ ပိုရနိုင်စရာ ရှိပါတယ်။ အချိန်မပေး နိုင် သေးလို့ပါ။ စတင်း ပမာဏ တစ်ခု ရင်းပြီး လုပ်နေတာက စတင်းအင်ဂျင်။ သူ့ကို ကျွမ်းကျင်လို့ လုပ်တာ မဟုတ်ပါဘူး။ ရှုံးပျော်တဲ့ အနေအထား တစ်ခုမှာ ကစားနေတာပါ။ ဒီကြားထဲ ဈေးတွေ မတရား တက်ခဲ့ရင်တော့ ကျွန်တော့ ကုသိုလ်ကံ ပဲပေါ့။ ဘယ်တတ်နိုင်ပါ့မလဲ။
ရမလား မျှော်ပြီး ပုံအောထား သည်က NC ပါ။ ခုထိတော့ NC က စိမ်းကား နေဆဲ။ သူ့ အပေါ် ပုံအော ခဲ့တာက စတင်း တင်မက ပါဘူး။ မျှော်လင့် ချက်လည်း ပါတယ်။ အချိန်တွေ လည်း ပါတယ်။ စတီးမစ်က ထွက်တဲ့ ဂိမ်းဟ ဆိုပြီး ယုံကြည်ခဲ့တာ တွေလည်း ပါတယ်။ ကျွန်တော် တစ်ယောက်တည်း ထူးပြီး ယုံကြည်တာ မဟုတ်ခဲ့ဘူး ဆိုတာ NC မှာ ရင်း ကစားသူတွေရဲ့ စတင်း ပမာဏ ကို ကြည့်လိုက်ရင် သိသာ နေပါတယ်။ ဘာဖြစ်ဖြစ် လောလောဆယ် တော့ NC က ငါးဆယ် ငါးဆယ် ပါပဲ။
တခြားသူ တွေလည်း ကျွန်တော်နဲ့ တူညီ ပါလိမ့်မယ်။ dw မှာတော့ ကျွန်တော် မရလိုက်ပါ။ dw ရဲ့ ဗုတ်ရသူများက တော့ ခုချိန်မှာ sp စုလို့ ကောင်းမယ် ထင်ပါတယ်။ info လေး တစ်ချက် နောက်ကျ သွားလို့ အကုန် လွတ်ကုန်တာပါ။ သင်ခန်းစာပေါ့ ဗျာ။ ကဲ ကျွန်တော် သိထားတဲ့လမ်းကြောင်း တွေ ပြောပြလိုက်ပါပြီ။ ကျွန်တော် မသိသေးတဲ့ လမ်းကြောင်း တွေ ရှိနေ ရင် ပြောပြပေးပါဦး ဗျ။ We are STEEM hunters!!! ပေါ့ 😆😆😆
Written by
@aggamun
တေန႕ တေန႕ စတင္း ေတြ မ်ားမ်ား ရေအာင္ ဘယ္လို လုပ္မွာလဲ စဥ္းစားရင္း ေန႕ေတြ ကို ေက်ာ္ျဖတ္ ေနရပါတယ္။ အလုပ္ျဖစ္တဲ့ နည္းလမ္း ေတြ ေတြ႕ရသလို အလုပ္မျဖစ္တဲ့ နည္းလမ္းေတြ လည္း အမ်ားႀကီး ေတြ႕ရပါတယ္။ တခ်ိဳ႕ နည္းလမ္း ေတြက ေရရွည္ အက်ိဳးျပဳ ေပမယ့္ အခ်ိဳ႕ နည္းလမ္းေတြက တခဏတာ ပဲ အက်ိဳးျပဳ ၾကပါတယ္။ ဒါေၾကာင့္ အမွားအယြင္း အနည္းဆုံး ျဖစ္ေအာင္ သတိ ႀကီးႀကီး ထားၿပီး စတင္း ေတြ စုေဆာင္း ရပါတယ္။
အဓိက ဆိူလိုခ်င္တာက စတင္းေတြကို ဘယ္သူမွ လြယ္လြယ္ ကူကူ စုေဆာင္း ေနၾကတာ မဟုတ္ဘူး ဆိုတာ ပါပဲ။ တခ်ိဳ႕ဆို ေငြေၾကး အေျမာက္အမ်ား သုံးစြဲ ၿပီး ဝယ္ယူ စုေဆာင္း ထားၾကပါတယ္။ အားလုံးက အခက္အခဲ ုကိုယ္စီနဲ႕ စုေဆာင္း ေနၾကေပမယ့္ စတင္းက ေဈးတက္မလာေသး။ ဒါက ရက္စက္ လြန္းပါတယ္။ ကြၽန္ေတာ္တို႔ အားလုံး စတင္းနဲ႕ ပတ္သတ္ ၿပီး ရွာေဖြ စုေဆာင္းတဲ့ နည္းလမ္း ေတြ မတူ ေပမယ့္ ေဈးတက္လာဖို႔ ေမွ်ာ္လင့္ တာေတာ့ တူညီပါတယ္။ စတီးမစ္ ႀကီး ကံေကာင္း ပါေစ။
လက္ရွိ ကြၽန္ေတာ္ ဘာမွ ရင္းစရာ မလိုပဲ စတင္း ရနိုင္တာ ႏွစ္ခုပါ။ ပိုစ့္ ေရးတာရယ္၊ sm ရယ္ ေပါ့။ sm က တကယ္ ရင္း ကစားရင္ေတာ့ ဒီထက္ စတင္းေတြ ပိုရနိုင္စရာ ရွိပါတယ္။ အခ်ိန္မေပး နိုင္ ေသးလို႔ပါ။ စတင္း ပမာဏ တစ္ခု ရင္းၿပီး လုပ္ေနတာက စတင္းအင္ဂ်င္။ သူ႕ကို ကြၽမ္းက်င္လို႔ လုပ္တာ မဟုတ္ပါဘူး။ ရႈံးေပ်ာ္တဲ့ အေနအထား တစ္ခုမွာ ကစားေနတာပါ။ ဒီၾကားထဲ ေဈးေတြ မတရား တက္ခဲ့ရင္ေတာ့ ကြၽန္ေတာ့ ကုသိုလ္ကံ ပဲေပါ့။ ဘယ္တတ္နိုင္ပါ့မလဲ။
ရမလား ေမွ်ာ္ၿပီး ပုံေအာထား သည္က NC ပါ။ ခုထိေတာ့ NC က စိမ္းကား ေနဆဲ။ သူ႕ အေပၚ ပုံေအာ ခဲ့တာက စတင္း တင္မက ပါဘူး။ ေမွ်ာ္လင့္ ခ်က္လည္း ပါတယ္။ အခ်ိန္ေတြ လည္း ပါတယ္။ စတီးမစ္က ထြက္တဲ့ ဂိမ္းဟ ဆိုၿပီး ယုံၾကည္ခဲ့တာ ေတြလည္း ပါတယ္။ ကြၽန္ေတာ္ တစ္ေယာက္တည္း ထူးၿပီး ယုံၾကည္တာ မဟုတ္ခဲ့ဘူး ဆိုတာ NC မွာ ရင္း ကစားသူေတြရဲ႕ စတင္း ပမာဏ ကို ၾကည့္လိုက္ရင္ သိသာ ေနပါတယ္။ ဘာျဖစ္ျဖစ္ ေလာေလာဆယ္ ေတာ့ NC က ငါးဆယ္ ငါးဆယ္ ပါပဲ။
တျခားသူ ေတြလည္း ကြၽန္ေတာ္နဲ႕ တူညီ ပါလိမ့္မယ္။ dw မွာေတာ့ ကြၽန္ေတာ္ မရလိုက္ပါ။ dw ရဲ႕ ဗုတ္ရသူမ်ားက ေတာ့ ခုခ်ိန္မွာ sp စုလို႔ ေကာင္းမယ္ ထင္ပါတယ္။ info ေလး တစ္ခ်က္ ေနာက္က် သြားလို႔ အကုန္ လြတ္ကုန္တာပါ။ သင္ခန္းစာေပါ့ ဗ်ာ။ ကဲ ကြၽန္ေတာ္ သိထားတဲ့လမ္းေၾကာင္း ေတြ ေျပာျပလိုက္ပါၿပီ။ ကြၽန္ေတာ္ မသိေသးတဲ့ လမ္းေၾကာင္း ေတြ ရွိေန ရင္ ေျပာျပေပးပါဦး ဗ်။ We are STEEM hunters!!! ေပါ့ 😆😆😆
Written by
@aggamun
Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=81