NC က ေပးေသာ tea time (@aggamun)

Words
436
Reading
2 min
Listen
Play
7y


Source

NC က ကစားလို့ မရ ပြန်တော့ပါ။ နည်းပညာ ကလည်း အားနည်းတော့ ကစားလို့ မရရင် မကစား ရုံသာ ရှိ တော့ သည်။ ဒီနေ့ အပီ upgrade လုပ်မယ် ဆိုပြီး RSS တွေ စုထားတာ တစ်ခု ပဲ လုပ်ရသေးတယ် နောက်တစ်ခု ကျ လုပ်မရ တော့ဘူး။ browser refresh လုပ်ကြည့်တော့ တက်မလာ တာနဲ့ သဘောပေါက် လိုက်ပါတယ်။ မရတော့ဘူး ဆိုတာ နားချိန် ပေးလိုက်တာ ပေါ့လေ။

မနေ့ညက စတီးမစ်ကို စွဲ ပြီး အိပ်မက် တောင် မက်လိုက်သေးတယ်။ အိပ်မက်က ကံမကောင်း ပါဘူးဗျာ။ ပိုစ့်ကို ဒေါင်းဗုတ် လာပေးတာ ခံရလို့ တဲ့။ ကိုယ့် ရထားတဲ့ ဒေါ်လာတွေ ပြောင်ပါလေရော။ အဲဒါနဲ့ အဲဒီ ဒေါင်းဗုတ် လာပေးတဲ့ အကောင် ဆီသွား ၊ သူ့ ဘလော့ မှာ ဒေါင်းဗုတ် တွေ ဗုံးကျဲ ပလိုက်တယ် ပေါ့။ အိပ်မက် ထဲမှာလေ ဘယ်လို ပေါက်ကရ တွေ လည်း ပေါ့။ ဒါပေမယ့် မနက်နိုးတော့ ပိုစ့်တွေ စစ်လိုက် တဲ့ အခါ တကယ်လည်း ဒေါင်းဗုတ် ၂ ခု လာပေးထားတာ တွေ့ရပါတယ်။

မထူးဆန်း ဘူးလား ဗျာ။ ထူးခြား တာ တစ်ခုက လာပေးတဲ့ ဒေါင်းဗုတ် ၂ ခုလုံးက ကိုယ့် အတွက် ထိခိုက် စေနိုင်လောက် တဲ့ ပမာဏ မဟုတ် ခဲ့တာ ပါပဲ။ ဒီဟာ တစ်ခုက တော့ အိပ်မက်က လွဲသွားပါတယ်။ ဒါပေမယ့် အလွဲကောင်းပါပဲ။ အိပ်မက် ထဲက အတိုင်း ဆို ခုချိန်မှာ ဘာလုပ်မိ မလဲ မသိနိုင် ပါဘူး။ ခေါင်း ထဲမှာ ပူထူ နေမှာတော့ သေချာ နေတာပေါ့ ခင်ဗျာ။

NC က နားချိန် ပေး ပေမယ့် ကျွန်တော်က တော့ မနားနိုင် လောက်ပါဘူး။ အကြွေးတွေ ရှိသေးလို့ ပါ။ နေ့စဉ် Planet အကုန်လုံး အတွက် Building ပိုင်း၊ Battleship အပိုင်း၊ RSS အပိုင်း၊ Exploration အပိုင်း တွေကို လုပ်ရင်း လုပ်ရင်း တင်ရှိလာခဲ့တဲ့ အလုပ် အကြွေး အကျန် များ ဖြစ်ပါတယ်။ ဒါတောင် စာရေးတဲ့ အပိုင်းက ပေါ့ပေါ့ ပါးပါး ဟိုမရောက် ဒီမရောက် ရေးနေလို့ပါ။ အရင်လို ကွာလတီ လုပ်နေရင် ပိုစ့် တစ်ခု တောင် ထွက်လာဖို့ မရှိပါဘူး။

အခု စာရေးပြီး ရင်လည်း NC ကစားလို့ ရပြီလား ဝင်ကြည့် လိုက်ပါဦးမည်။ အားလုံး က အချိန်ကိုက် လုပ်ထားသည် မို့ အလွဲအချော် မဖြစ်စေချင်ပါ။ Discord မှာလည်း ထူးထူးခြားခြား မရှိသေး။ တကယ်လို့ မရ ရင်တော့ ဒီည စောစော အိပ်နိုင်ပါပြီ။

Written by aggamun@aggamun

NC က ကစားလို႔ မရ ျပန္ေတာ့ပါ။ နည္းပညာ ကလည္း အားနည္းေတာ့ ကစားလို႔ မရရင္ မကစား ႐ုံသာ ရွိ ေတာ့ သည္။ ဒီေန႕ အပီ upgrade လုပ္မယ္ ဆိုၿပီး RSS ေတြ စုထားတာ တစ္ခု ပဲ လုပ္ရေသးတယ္ ေနာက္တစ္ခု က် လုပ္မရ ေတာ့ဘူး။ browser refresh လုပ္ၾကည့္ေတာ့ တက္မလာ တာနဲ႕ သေဘာေပါက္ လိုက္ပါတယ္။ မရေတာ့ဘူး ဆိုတာ နားခ်ိန္ ေပးလိုက္တာ ေပါ့ေလ။

မေန႕ညက စတီးမစ္ကို စြဲ ၿပီး အိပ္မက္ ေတာင္ မက္လိုက္ေသးတယ္။ အိပ္မက္က ကံမေကာင္း ပါဘူးဗ်ာ။ ပိုစ့္ကို ေဒါင္းဗုတ္ လာေပးတာ ခံရလို႔ တဲ့။ ကိုယ့္ ရထားတဲ့ ေဒၚလာေတြ ေျပာင္ပါေလေရာ။ အဲဒါနဲ႕ အဲဒီ ေဒါင္းဗုတ္ လာေပးတဲ့ အေကာင္ ဆီသြား ၊ သူ႕ ဘေလာ့ မွာ ေဒါင္းဗုတ္ ေတြ ဗုံးက်ဲ ပလိုက္တယ္ ေပါ့။ အိပ္မက္ ထဲမွာေလ ဘယ္လို ေပါက္ကရ ေတြ လည္း ေပါ့။ ဒါေပမယ့္ မနက္နိုးေတာ့ ပိုစ့္ေတြ စစ္လိုက္ တဲ့ အခါ တကယ္လည္း ေဒါင္းဗုတ္ ၂ ခု လာေပးထားတာ ေတြ႕ရပါတယ္။

မထူးဆန္း ဘူးလား ဗ်ာ။ ထူးျခား တာ တစ္ခုက လာေပးတဲ့ ေဒါင္းဗုတ္ ၂ ခုလုံးက ကိုယ့္ အတြက္ ထိခိုက္ ေစနိုင္ေလာက္ တဲ့ ပမာဏ မဟုတ္ ခဲ့တာ ပါပဲ။ ဒီဟာ တစ္ခုက ေတာ့ အိပ္မက္က လြဲသြားပါတယ္။ ဒါေပမယ့္ အလြဲေကာင္းပါပဲ။ အိပ္မက္ ထဲက အတိုင္း ဆို ခုခ်ိန္မွာ ဘာလုပ္မိ မလဲ မသိနိုင္ ပါဘူး။ ေခါင္း ထဲမွာ ပူထူ ေနမွာေတာ့ ေသခ်ာ ေနတာေပါ့ ခင္ဗ်ာ။

NC က နားခ်ိန္ ေပး ေပမယ့္ ကြၽန္ေတာ္က ေတာ့ မနားနိုင္ ေလာက္ပါဘူး။ အေႂကြးေတြ ရွိေသးလို႔ ပါ။ ေန႕စဥ္ Planet အကုန္လုံး အတြက္ Building ပိုင္း၊ Battleship အပိုင္း၊ RSS အပိုင္း၊ Exploration အပိုင္း ေတြကို လုပ္ရင္း လုပ္ရင္း တင္ရွိလာခဲ့တဲ့ အလုပ္ အေႂကြး အက်န္ မ်ား ျဖစ္ပါတယ္။ ဒါေတာင္ စာေရးတဲ့ အပိုင္းက ေပါ့ေပါ့ ပါးပါး ဟိုမေရာက္ ဒီမေရာက္ ေရးေနလို႔ပါ။ အရင္လို ကြာလတီ လုပ္ေနရင္ ပိုစ့္ တစ္ခု ေတာင္ ထြက္လာဖို႔ မရွိပါဘူး။

အခု စာေရးၿပီး ရင္လည္း NC ကစားလို႔ ရၿပီလား ဝင္ၾကည့္ လိုက္ပါဦးမည္။ အားလုံး က အခ်ိန္ကိုက္ လုပ္ထားသည္ မို႔ အလြဲအေခ်ာ္ မျဖစ္ေစခ်င္ပါ။ Discord မွာလည္း ထူးထူးျခားျခား မရွိေသး။ တကယ္လို႔ မရ ရင္ေတာ့ ဒီည ေစာေစာ အိပ္နိုင္ပါၿပီ။

Written by aggamun@aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=74
NC က ေပးေသာ tea time (@aggamun) | Ecency