အရင် ဖုန်းထဲမှာ ဂိမ်းတော်တော် များများ ထည့် ကစား ဖူးတယ်။ ထည့် ကစား မကြိုက်ရင် ထုတ်၊ အသစ်တစ်ခု ထပ်ထည့်၊ ရိုးသွားတော့ ပြောင်းပစ် နဲ့ နည်းပညာ အကျိုးကို ကိုယ် အားသန် ရာ ဘက်က ထိတွေ့ တယ်လို့ ကာဘာ ယူ ပြောရမှာပါပဲ။ အဲ့ အချိန်က ဆို နာမည်ကြီး ဂိမ်း အကုန် ကစားဖူးတယ်။ အဲ ပိုကီမွန် တော့ ခုထိ မကစား ဖူးသေးဘူး ဗျ။ အဲသလို သောင်းကျန်း ခဲ့တာ။
အခု စတီးမစ် နဲ့ တွေ့ တော့ dapp တွေ ကောင်းကောင်း များများ ဒေါင်းနိုင်ဖို့ ဂိမ်းတွေ အကုန် နီးပါး ဖျက်ထုတ် လိုက်ရတယ်။ ကျန်တဲ့ ဂိမ်းက လည်း တစ်နေ့ တစ်ခါ ဝင်ကြည့်ဖို့ တောင် မနည်း သတိထား နေရတယ်။ စတီးမစ် ကိုယ်တိုင်က လည်း ဂိမ်း ပလက်ဖောင်း ဖြစ်ပြန် Nextcolony, ဆေးဝါး, မွန်းစတား ဂိမ်း တွေကလည်း ကစားရ တော့ အပြင် ဂိမ်းကို တို့တောင် မတို့ နိုင်တဲ့ ဘဝ ကို ရောက် နေရပါတယ်။
ကိုယ့်ကိုယ်ကိုယ် ဘာလုပ်နေလို့ လုပ်နေမှန်း တခါတလေ မသိတော့ဘူး။ ဂိမ်း ကစားလို့ ဒေါ်လာတွေ ရမှာလား။ ဒေါ်လာတွေ ရလို့ NC တို့ ဘာတို့ ကစား ဖြစ်နေတာလား။ ဘာမှ မရဘူး ဆိုရင်တော့ NC က ခုချိန်က ကစားလို့ ကောင်းတဲ့ အချိန် မဟုတ် တော့ ပါဘူး။ ဟုတ်တယ်လေ ဗျာ ဖုန်းပေါ်က ဂိမ်း သာ NC ဖြစ်ရင် ခုဆို NC ကို ဖျက် အသစ်ဂိမ်း အမိုက်စား တွေ စမ်းသပ် ကစား တော့မှာပါ။
သူများတွေ ကတော့ Explorer ll အစွမ်းနဲ့ planet အသစ်တွေ တစ်လုံးပြီး တစ်လုံး ရှာတွေ့ နေပါပြီ။ ကျွန်တော် အသစ် ရှာ မတွေ့ တာက တပတ် ကျော်လာ ပါပြီ။ တဖြည်းဖြည်း Explore လုပ် ရတာ အချိန်ပို ကြာလာ ပြီး ခရီး လည်း ပိုမို ဝေးကွာ နေပါပြီ။ ကျွန်တော် လည်း Explorer ll blueprint ဝယ်သင့်ပြီ ထင်ပါတယ်။ ဒီလိုမှ မဟုတ်ရင် လည်း Explorer ll ကို ၅ လုံးလောက် ဝယ်ထားရမယ် ထင်ပါတယ်။ ရှာဖွေရမယ့် အကွက်တွေ က ကျန်နေသေးပါတယ်။
Written by
@aggamun
အရင္ ဖုန္းထဲမွာ ဂိမ္းေတာ္ေတာ္ မ်ားမ်ား ထည့္ ကစား ဖူးတယ္။ ထည့္ ကစား မႀကိဳက္ရင္ ထုတ္၊ အသစ္တစ္ခု ထပ္ထည့္၊ ရိုးသြားေတာ့ ေျပာင္းပစ္ နဲ႕ နည္းပညာ အက်ိဳးကို ကိုယ္ အားသန္ ရာ ဘက္က ထိေတြ႕ တယ္လို႔ ကာဘာ ယူ ေျပာရမွာပါပဲ။ အဲ့ အခ်ိန္က ဆို နာမည္ႀကီး ဂိမ္း အကုန္ ကစားဖူးတယ္။ အဲ ပိုကီမြန္ ေတာ့ ခုထိ မကစား ဖူးေသးဘူး ဗ်။ အဲသလို ေသာင္းက်န္း ခဲ့တာ။
အခု စတီးမစ္ နဲ႕ ေတြ႕ ေတာ့ dapp ေတြ ေကာင္းေကာင္း မ်ားမ်ား ေဒါင္းနိုင္ဖို႔ ဂိမ္းေတြ အကုန္ နီးပါး ဖ်က္ထုတ္ လိုက္ရတယ္။ က်န္တဲ့ ဂိမ္းက လည္း တစ္ေန႕ တစ္ခါ ဝင္ၾကည့္ဖို႔ ေတာင္ မနည္း သတိထား ေနရတယ္။ စတီးမစ္ ကိုယ္တိုင္က လည္း ဂိမ္း ပလက္ေဖာင္း ျဖစ္ျပန္ Nextcolony, ေဆးဝါး, မြန္းစတား ဂိမ္း ေတြကလည္း ကစားရ ေတာ့ အျပင္ ဂိမ္းကို တို႔ေတာင္ မတို႔ နိုင္တဲ့ ဘဝ ကို ေရာက္ ေနရပါတယ္။
ကိုယ့္ကိုယ္ကိုယ္ ဘာလုပ္ေနလို႔ လုပ္ေနမွန္း တခါတေလ မသိေတာ့ဘူး။ ဂိမ္း ကစားလို႔ ေဒၚလာေတြ ရမွာလား။ ေဒၚလာေတြ ရလို႔ NC တို႔ ဘာတို႔ ကစား ျဖစ္ေနတာလား။ ဘာမွ မရဘူး ဆိုရင္ေတာ့ NC က ခုခ်ိန္က ကစားလို႔ ေကာင္းတဲ့ အခ်ိန္ မဟုတ္ ေတာ့ ပါဘူး။ ဟုတ္တယ္ေလ ဗ်ာ ဖုန္းေပၚက ဂိမ္း သာ NC ျဖစ္ရင္ ခုဆို NC ကို ဖ်က္ အသစ္ဂိမ္း အမိုက္စား ေတြ စမ္းသပ္ ကစား ေတာ့မွာပါ။
သူမ်ားေတြ ကေတာ့ Explorer ll အစြမ္းနဲ႕ planet အသစ္ေတြ တစ္လုံးၿပီး တစ္လုံး ရွာေတြ႕ ေနပါၿပီ။ ကြၽန္ေတာ္ အသစ္ ရွာ မေတြ႕ တာက တပတ္ ေက်ာ္လာ ပါၿပီ။ တျဖည္းျဖည္း Explore လုပ္ ရတာ အခ်ိန္ပို ၾကာလာ ၿပီး ခရီး လည္း ပိုမို ေဝးကြာ ေနပါၿပီ။ ကြၽန္ေတာ္ လည္း Explorer ll blueprint ဝယ္သင့္ၿပီ ထင္ပါတယ္။ ဒီလိုမွ မဟုတ္ရင္ လည္း Explorer ll ကို ၅ လုံးေလာက္ ဝယ္ထားရမယ္ ထင္ပါတယ္။ ရွာေဖြရမယ့္ အကြက္ေတြ က က်န္ေနေသးပါတယ္။
Written by
@aggamun
Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=92