ဘယ္လဲ ဘာလဲ (@aggamun)

aggamun(62)
Published in
#battle
Words
347
Reading
2 min
Listen
Play
7y

NC ရဲ့ အခုတစ်ခါ update ကြီးက player တွေ ကို စိတ်ကျေနပ်မှု မရစေခဲ့တာ တော့ အမှန်ပါပဲ။ အားလုံးရဲ့ စိတ်ကူး အိပ်မက်က တစ်ခု တည်းသာ ဖြစ်ပေမယ့် ဒီတစ်ခုကို မဖြည့်ဆည်း ပေးနိုင်သေးတာက တော့ NC ရဲ့ အားပျော့ကွက် ဖြစ်နေပါပြီ။ စိတိ မရှည်တော့တဲ့ အချို့ သော ကစားသမား များက တော့ လှည့်ပင် မကြည့်ကြတော့ ပါ။

အချို့ကလည်း အောင်မြင်စွာ ဆုတ်ခွာနိုင်ဖို့ ကြိုးစားနေကြသည်။ ရှေ့ ဘာ ဆက်ဖြစ်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင်တော့ ခုချိန်မှာ ဆက် ကစားသူများက မှန်သလား၊ မကစား တော့ဘဲ နောက်ဆုတ် ရပ်တန့် သူများက မှန်နေမလား ဆိုတာ မပြောနိုင်ပါဘူး။ သေချာတာ တစ်ခုက တော့ ရွေးချယ်ခွင့်က ကိုယ့်လက်ထဲ မှာပဲ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက် မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ ကိုယ့်မှာသာ တာဝန် အပြည့်ရှိမှာ ဖြစ်ပါတယ်။

NC ရဲ့ အခု ထွက်လာတဲ့ ယာဉ်ငယ်လေး တွေဟာ ကစားသမား အသစ်လေးများ အတွက် အင်မတန် အသုံးတည့် ပုံရပါတယ်။ RSS နည်းနည်း နဲ့ Battleship အများကြီး ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ ကစားသမား အသစ်တွေ အတွက် အဆင်ပြေနိုင်သော်လည်း လက်ရှိကစား သမား အတွက်တော့ သိပ် ထူးထူးခြားခြား ရှိမည် မထင်ပါ။ skill lvl တစ်ခုပိုတင်ရတာပဲ အလုပ် ပိုလာလေ မလား။

ခုနောက်ပိုင်း ပြောင်းလဲသွားတဲ့ တိုက်ပွဲ ပုံစံကို သေသေချာချာ မလေ့လာ ဖြစ်သေးပါဘူး။ ဒီယာဉ်ငယ်လေး တွေ ဘယ်လို ဗျူဟာ မြောက် အသုံးတော် ခံမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်း တာတော့ အမှန်ပါပဲ။ လောလော ဆယ် ပြဿနာ ရှိနေ တာက planet အသစ် မတွေ့ နိုင်သေးတာ ပါပဲ။ မြေပုံပေါ်မှာလည်း အချိတ်အဆက် ပြတ်လု ပြတ်ခင် ဖြစ်နေပါပြီ။ ခါးဆက်ပြတ်ချက်က အနီးဆုံး နေရာမှာ ရခဲ့ရင်တောင် supply အတွက် ၁၆ နာရီ လောက် ကြာအောင် စောင့်ဆိုင်း ရမှာ ဖြစ်ပါတယ်။ ကျူးကျော် ဆိုပြီး planet တည်ဆောက်ထားလိုက်ရင် ကောင်းမယ်ဗျ။ အာကာသ ထဲမှာ စည်ပင်သာယာ မှ မရှိတာလေ နော့။


Source





Written by aggamun@aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=131