မခ်င့္မရဲ (@aggamun)
aggamun(62)
Published in
#battle
Words
330
Reading
2 min
Listen
Play
7y
ခု တလော တော့ NC အကြောင်း လေး ရေးလိုက် ဗုတ် လေးတောင်းလိုက် နဲ့ နေ့တိုင်း အဆင်ပြေနေပါတယ်။ စတင်းဝေါ ကနေ စာရင်းလေး ချုပ် ကြည့်တော့ တစ်ရက် ဝ.၇ ဒေါ်လာ လောက် ဝင်နေပါတယ်။ ဟုတ် ဒီလောက်ဆို ဘီဂိတ် ကို မီဖို့ ဘယ်လောက်မှ မလို တော့ ဘူးပေါ့။ စတင်းပါဝါ အနည်းငယ် စုမိထားလို့ အရင်လထက် စာရင် စတင်းရရှိမှု အနည်းငယ် တိုးတက်လာဖို့ မှော် မှန်းပါတယ်။
ရစရာ ရှိတဲ့ လမ်းကြောင်း တွေကနေ စတင်းတွေ က ထင်သလောက် ဝင်ရောက်မလာ သေးလို့ စုမိသင့် သလောက် မစုမိ ဖြစ်နေပါတယ်။ ရှိထားပြီးသား စတင်း တွေ က လည်း ဈေးမကောင်းတော့ လောက်လောက် လားလား ရင်းနှီး မြှုပ်နှံ လို့ မရသေးပါ။ ဟိုဟာ လည်း လုပ်မရ ဒီဟာလည်း လုပ်မရ ကန့်လန့်ကြီး ဖြစ်လို့ နေပါတယ်။
ကိုင်ထားတဲ့ ကွိုင်လေးတွေ ကလည်း ဈေးတက်မယောင် တက်မယောင်နဲ့ မတက်နိုင် ဖြစ်နေရှာ ပါတယ်။ သူတို့ လေးတွေ ဈေးရ တော့ စတင်းဘက်ကို အရင်းအနှီး လှည့် ပေး မလို့ ကို မလုပ်နိုင် ျပါ။ တက်မှာ တော့ သိတယ် ဘယ်အချိန်မှန်း မသိတော့ ကိုယ် ဝုန်းပြီးမှ ခုန်တက် ခဲ့ရင် ကိုယ်ပဲ ရင်ကွဲ ပက်လက် ဖြစ်မှာ။ ဒီ တော့ စိတ်ရှည် လက်ရှည် စောင့်နေ ပေရော့ပဲ။
စတီးမစ် ဘက်က လုပ်ချင်တာ လေးတွေ လည်း အောင့်အီး ထားရပြန် ပါတယ်။ NC က blueprint ဝယ်ချင်တာ လေးတွေ မွန်းစတား က ဈေးချိုချို နဲ့ရမယ့် Lvl.5 အတွဲခေါင်းဆောင် ကဒ်တွေ စတင်းအင်ဂျင်က ဈေး ကစားလို့ ကောင်းတဲ့ တိုကင် လေးတွေ ကြည့် ကြည့် ပြီး မချင့်မရဲ ဖြစ်နေရတာ။ လကုန်ရင်လည်း ပါဝါ စုဖိုံ့အတွက် မဖြစ်မနေ ချန်ထား ဖို့ကလည်း လိုအပ်သေး ပါတယ်။ အင်း စိတ်သွားတိုင်း ကိုယ် မပါ သေးတော့ ခက်ပါတယ်။
Written by aggamun@aggamun
Source
Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=106
မချင့်မရဲ (@aggamun) | Ecency