Nextcolony တွင် အချို့ ကစားသမား များတွင် Battleship များ အစီးရေ သောင်းဂဏန်း မက ရှိနေကြပါပြီ။ ကစားသမား ဆိုတာထက် အသင်းအဖွဲ့ ရဲ့အင်အားတွေ ပဲဖြစ်ပါတယ်။ အားလုံးက စုပေါင်း တက်ညီ လက်ညီ လုပ်လိုက်တာ အခုဆိုရင် အားလုံးက လေးစားရတဲ့ အနေအထား တစ်ခုကို ပိုင်ဆိုင် နေကြပြီ ဖြစ်ပါတယ်။
Planet တွေ ရှာ ဖွေတဲ့ အပိုင်း မှာလည်း ပိုင်ဆိုင်သည့် planet အလုံးရေ ဟာ ၁၀၀ ကျော် နေကြပါပြီ။ နောက်က ကပ်ပါလာသူတွေ ကလည်း သူ့ ထက်ငါ planet အပြိုင် အဆိုင် ရှာဖွေ နေကြတာမို့ planet အလုံးရေ ၁၀၀ ကျော် ပိုင်ဆိုင်တဲ့ သူများ ထပ်မံ များပြား လာဦးမှာ ဖြစ်ပါတယ်။ ထိုပိုင်ဆိုင်သူ များတွင် ကျွန်တော်တို့ မြန်မာ ကစားသမား လည်း ပါဝင်လာဖို့ ရှိ တာမို့ ပြိုင်ဆိုင်မှု ပြင်းထန် နေသလို ဂုဏ်ယူ စရာလည်း ကောင်းနေပါတယ်။
ထူးထူးခြားခြား မောင်ကံဆိုး လေး ကျွန်တော် ကတော့ နေ့စဉ် Mission ပေါင်း ၃၀ ကျော်ကို မရပ်မနား လွှတ်တင် ရှာဖွေ နေသော်လည်း planet အသစ်ကို မရသေးပါ။ ကျွန်တော် ရှာဖွေ နေသော နေရာ တွင် အခြား သုံးဦးလည်း ရှာဖွေ နေပါတယ်။ သူတို့လည်း အတော် ရှာဖွေ ရပါတယ်။ ဒါပေမယ့် သူ့တို့ တစ်ယောက် တစ်လုံး စီ ရှာတွေ့ ထားကြပြီး ဖြစ်ပါတယ်။ ကျွန်တော်သာ ချော်တော ငေါ့ပြီး မတွေ့ နိုင် ဖြစ် နေတာပါ။
ဒီလို ရှာရ ခက်နေတာ လေးဟာ Legendary တွေ့ဖို့ အထောက်အပံ့ ဖြစ်မယ်ဆို သိပ်ကောင်းမှာ ပါပဲ။ အိပ်မက် ထဲမှာတော့ Legendary ရှာတွေ့ တယ်လို့ မက်ဖူးတဲ့ အထိ NC ကို စွဲဖူး ပါတယ်။ အိပ်မက် လေးသာ တကယ် ဖြစ်ရင် ပင်ပန်း ခဲ့သမျှ အမောပြေ စေနိုင်လောက် ပါတယ်။ 😁😁😁
Zawgyi version
Nextcolony တြင္ အခ်ိဳ႕ ကစားသမား မ်ားတြင္ Battleship မ်ား အစီးေရ ေသာင္းဂဏန္း မက ရွိေနၾကပါၿပီ။ ကစားသမား ဆိုတာထက္ အသင္းအဖြဲ႕ ရဲ႕အင္အားေတြ ပဲျဖစ္ပါတယ္။ အားလုံးက စုေပါင္း တက္ညီ လက္ညီ လုပ္လိုက္တာ အခုဆိုရင္ အားလုံးက ေလးစားရတဲ့ အေနအထား တစ္ခုကို ပိုင္ဆိုင္ ေနၾကၿပီ ျဖစ္ပါတယ္။
Planet ေတြ ရွာ ေဖြတဲ့ အပိုင္း မွာလည္း ပိုင္ဆိုင္သည့္ planet အလုံးေရ ဟာ ၁၀၀ ေက်ာ္ ေနၾကပါၿပီ။ ေနာက္က ကပ္ပါလာသူေတြ ကလည္း သူ႕ ထက္ငါ planet အၿပိဳင္ အဆိုင္ ရွာေဖြ ေနၾကတာမို႔ planet အလုံးေရ ၁၀၀ ေက်ာ္ ပိုင္ဆိုင္တဲ့ သူမ်ား ထပ္မံ မ်ားျပား လာဦးမွာ ျဖစ္ပါတယ္။ ထိုပိုင္ဆိုင္သူ မ်ားတြင္ ကြၽန္ေတာ္တို႔ ျမန္မာ ကစားသမား လည္း ပါဝင္လာဖို႔ ရွိ တာမို႔ ၿပိဳင္ဆိုင္မႈ ျပင္းထန္ ေနသလို ဂုဏ္ယူ စရာလည္း ေကာင္းေနပါတယ္။
ထူးထူးျခားျခား ေမာင္ကံဆိုး ေလး ကြၽန္ေတာ္ ကေတာ့ ေန႕စဥ္ Mission ေပါင္း ၃၀ ေက်ာ္ကို မရပ္မနား လႊတ္တင္ ရွာေဖြ ေနေသာ္လည္း planet အသစ္ကို မရေသးပါ။ ကြၽန္ေတာ္ ရွာေဖြ ေနေသာ ေနရာ တြင္ အျခား သုံးဦးလည္း ရွာေဖြ ေနပါတယ္။ သူတို႔လည္း အေတာ္ ရွာေဖြ ရပါတယ္။ ဒါေပမယ့္ သူ႕တို႔ တစ္ေယာက္ တစ္လုံး စီ ရွာေတြ႕ ထားၾကၿပီး ျဖစ္ပါတယ္။ ကြၽန္ေတာ္သာ ေခ်ာ္ေတာ ေငါ့ၿပီး မေတြ႕ နိုင္ ျဖစ္ ေနတာပါ။
ဒီလို ရွာရ ခက္ေနတာ ေလးဟာ Legendary ေတြ႕ဖို႔ အေထာက္အပံ့ ျဖစ္မယ္ဆို သိပ္ေကာင္းမွာ ပါပဲ။ အိပ္မက္ ထဲမွာေတာ့ Legendary ရွာေတြ႕ တယ္လို႔ မက္ဖူးတဲ့ အထိ NC ကို စြဲဖူး ပါတယ္။ အိပ္မက္ ေလးသာ တကယ္ ျဖစ္ရင္ ပင္ပန္း ခဲ့သမွ် အေမာေျပ ေစနိုင္ေလာက္ ပါတယ္။ 😁😁😁
Written by
@aggamun
Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=120