မနေ့က NC က ကစား မရတော့ တနေကုန် အနားပေးထား ရသလို ဖြစ်နေပြီး RSS တွေ စုမိနေပါတယ်။ ဒါနဲ့ ပဲ Planet ၃ လုံး လောက်ကို Shipyard Lvl.20 အထိ တင်လို့ရတဲ့ RSS ပမာဏ စုမိလို့ တင်ထားလိုက်ပါတယ်။ Planet တစ်လုံးမှာ တော့ Carrier တစ်ကောင်ထုတ် လိုက်ပါတယ်။ တခြား Planet အများစုက တော့ ထုတ်နေကျ ယာဉ်ငယ်လေး တွေ ပဲ ထုတ်လိုက်ပါတယ်။
နောက်ဆို Carrier တို့လို Dreadnought တို့လို Battleship အကြီးစားတွေ ထုတ်မှာ ဆိုတော့ RSS တွေ တိုးထုတ်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှ မဟုတ် အကြီးစား Battleship တွေ ထုတ်ဖို့ သပ်သပ် planet တွေ ထားရမလား မသိ။ ဟိုနား ဒီနား ပဲ တိုက်မယ်ဆို Corvette လောက်နဲ့ အဆင်ပြေချင် ပြေနိုင်ပါတယ်။ Corvette ကလည်း တကယ်ထုတ်ရင် Planet တစ်လုံးက နေ ၃ စီးလောက် ထွက် နိုင်ပါတယ်။ Corvette တွေ ထောင်ကျော်လောက် စုမိဖို့က Planet များလေ မြန်လေ ပါပဲ။
Carrier တို့လို Dreadnought တို့လို ကျတော့ အချိန် အများကြီး ပေး ရပါတယ်။ စုဆောင်းရ ခက်ပါတယ်။ ဈေးက လည်း ကောင်းပါတယ် ခင်ဗျ။ ကျွန်တော်က တော့ ခုမှ စတင် စုဆောင်းတုန်း ဆိုတော့ ယာဉ် တွေကို မရောင်းနိုင်သေးပါဘူး။ ဒါကြောင့် ဈေးကိုတော့ တိတိကျကျ မပြောနိုင်ပါဘူး ဗျ။ ဘယ်သူတွေ ဘယ်လို ရောင်းပြီး ဘယ်လို ဝယ်နေသလဲ တော့ မသိ။ NC ရဲ့ discord မှာတော့ trade လုပ်တဲ့ နေရာမှာ သရဲခြောက်နေတယ် ပြောလို့ ကျွန်တော် လည်း မသွားရဲ သေးဘူးလေ။ 😛😛😛
Battleship တွေ အများကြီး ရတဲ့ အခါ ကျွန်တော် က ရောင်းစား မှာ ပါ။ ဒါမှ ရင်းနှီး ထားတဲ့ စတင်းတွေ လည်း ပြန်ရ စတင်းထွက်ရှိရာ လမ်းကြောင်း လည်း ဖြစ် ပေါ့။ ခုထိတော့ အကောင်အထည် မပေါ်လာသေးပါ။ လမ်းကြောင်း တွေ ခင်းထားပေမယ့် လမ်းမဖြစ်သေးတာက ကိုယ့်ရဲ့ အားနည်းချက် တွေကို မြင်သာအောင် ဖော်ပြနေသလိုပါပဲ။ အားနည်းချက် တွေ ရှိပေမယ့် လုပ်ခဲ့သမျှတော့ အစွမ်းကုန် ကြိုးစားခဲ့ တာချည်းပါပဲ။ တစ်ချိန်ချိန် တော့ ပြန်ရလာမယ်လို့ ယုံကြည်ထားပါတယ် မျှော်လင့်ထားပါတယ် ခင်ဗျာ။
Written by
@aggamun
Source
မေန႕က NC က ကစား မရေတာ့ တေနကုန္ အနားေပးထား ရသလို ျဖစ္ေနၿပီး RSS ေတြ စုမိေနပါတယ္။ ဒါနဲ႕ ပဲ Planet ၃ လုံး ေလာက္ကို Shipyard Lvl.20 အထိ တင္လို႔ရတဲ့ RSS ပမာဏ စုမိလို႔ တင္ထားလိုက္ပါတယ္။ Planet တစ္လုံးမွာ ေတာ့ Carrier တစ္ေကာင္ထုတ္ လိုက္ပါတယ္။ တျခား Planet အမ်ားစုက ေတာ့ ထုတ္ေနက် ယာဥ္ငယ္ေလး ေတြ ပဲ ထုတ္လိုက္ပါတယ္။
ေနာက္ဆို Carrier တို႔လို Dreadnought တို႔လို Battleship အႀကီးစားေတြ ထုတ္မွာ ဆိုေတာ့ RSS ေတြ တိုးထုတ္လုပ္ဖို႔ လိုအပ္ပါတယ္။ ဒါမွ မဟုတ္ အႀကီးစား Battleship ေတြ ထုတ္ဖို႔ သပ္သပ္ planet ေတြ ထားရမလား မသိ။ ဟိုနား ဒီနား ပဲ တိုက္မယ္ဆို Corvette ေလာက္နဲ႕ အဆင္ေျပခ်င္ ေျပနိုင္ပါတယ္။ Corvette ကလည္း တကယ္ထုတ္ရင္ Planet တစ္လုံးက ေန ၃ စီးေလာက္ ထြက္ နိုင္ပါတယ္။ Corvette ေတြ ေထာင္ေက်ာ္ေလာက္ စုမိဖို႔က Planet မ်ားေလ ျမန္ေလ ပါပဲ။
Carrier တို႔လို Dreadnought တို႔လို က်ေတာ့ အခ်ိန္ အမ်ားႀကီး ေပး ရပါတယ္။ စုေဆာင္းရ ခက္ပါတယ္။ ေဈးက လည္း ေကာင္းပါတယ္ ခင္ဗ်။ ကြၽန္ေတာ္က ေတာ့ ခုမွ စတင္ စုေဆာင္းတုန္း ဆိုေတာ့ ယာဥ္ ေတြကို မေရာင္းနိုင္ေသးပါဘူး။ ဒါေၾကာင့္ ေဈးကိုေတာ့ တိတိက်က် မေျပာနိုင္ပါဘူး ဗ်။ ဘယ္သူေတြ ဘယ္လို ေရာင္းၿပီး ဘယ္လို ဝယ္ေနသလဲ ေတာ့ မသိ။ NC ရဲ႕ discord မွာေတာ့ trade လုပ္တဲ့ ေနရာမွာ သရဲေျခာက္ေနတယ္ ေျပာလို႔ ကြၽန္ေတာ္ လည္း မသြားရဲ ေသးဘူးေလ။ 😛😛😛
Battleship ေတြ အမ်ားႀကီး ရတဲ့ အခါ ကြၽန္ေတာ္ က ေရာင္းစား မွာ ပါ။ ဒါမွ ရင္းႏွီး ထားတဲ့ စတင္းေတြ လည္း ျပန္ရ စတင္းထြက္ရွိရာ လမ္းေၾကာင္း လည္း ျဖစ္ ေပါ့။ ခုထိေတာ့ အေကာင္အထည္ မေပၚလာေသးပါ။ လမ္းေၾကာင္း ေတြ ခင္းထားေပမယ့္ လမ္းမျဖစ္ေသးတာက ကိုယ့္ရဲ႕ အားနည္းခ်က္ ေတြကို ျမင္သာေအာင္ ေဖာ္ျပေနသလိုပါပဲ။ အားနည္းခ်က္ ေတြ ရွိေပမယ့္ လုပ္ခဲ့သမွ်ေတာ့ အစြမ္းကုန္ ႀကိဳးစားခဲ့ တာခ်ည္းပါပဲ။ တစ္ခ်ိန္ခ်ိန္ ေတာ့ ျပန္ရလာမယ္လို႔ ယုံၾကည္ထားပါတယ္ ေမွ်ာ္လင့္ထားပါတယ္ ခင္ဗ်ာ။
Written by
@aggamun
Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=77