ျမင့္ သထက္ျမင့္ (@aggamun)

Words
372
Reading
2 min
Listen
Play
7y

တဖြည်းဖြည်း နဲ့ အဆင့်မြင့်နေတာ အခုဆို mission control Lvl.17 ကို စတင် မြင့်လိုက်ပါပြီ။ ထူးခြားချက်က တော့ ရှိတယ် ဗျ။ MC Lvl.14 လောက်က စပြီး planet အသစ် မတွေ့တာ ခုထိ ဆိုပါတော့။ ကိုယ့် ကိုယ်ကိုယ် တောင် မယုံနိူင်ဘူး။ ဒီလောက် ကံ မကောင်းချက် က လန်ထွက်နေတာ ပါပဲ။ သို့သော် ဆက်လက် ရှာဖွေရမယ့် တာဝန်က မိမိတာဝန် ဆိုတော့ လည်း ရှာရပေဦးမည်။

စတီးမစ် မှာ စာရေးတာက တစ်ခုတော့ ကောင်းတယ်ဗျာ။ ရေးထားခဲ့ တာတွေက ကောင်းချင်မှ ကောင်း ပေမယ့် ( အမှန်က ကိုယ့်ဟာ ကိုယ်တောင် ပြန် မဖတ်ချင်တာ) ရေးအား လေး တော့ တက်လာ ပါတယ်။ အရင်လို ဘာရေး လို့ ရေးရမှန်း မသိတဲ့ အခက်အခဲ တွေ အစီအစဉ် ကျနမှု မရှိဘဲ ကပေါက်တိ ကပေါက်ချာ ဖြစ်နေတာ တွေ ဟာ မသိမသာ ပျောက် ပျောက် သွားတာ သတိထား မိလာပါတယ်။

ဒါလေးကလည်း ကိုယ့် အတွက် အမြတ်အစွန်း တစ်ခု ဖြစ်ခဲ့ရ ပါတယ်။ အခြား ထင်သာ မြင်သာ အမြတ်အစွန်း ကိုတော့ စိတ်ရှည် လက်ရှည် စောင့်ဆိုင်း ရဦးမှာပေါ့ ခင်ဗျာ။ သူက လာတော့ လာမည် ကြာဦးမည် ဆိုသလိုပေါ့။

ဒီနေ့ တိုကင်လေးများ ရမလား လို့ မွန်းစတား က ပြိုင်ပွဲ တစ်ခု ဝင်ပြိုင်ဖြစ်ပါတယ်။ ဝင်ကြေး ဖရီး ဆိုတော့ ဘာရရ အမြတ် ဆိုပြီး ဝင်နွှဲ ပလိုက်တာ ပေါ့။ ထုံးစံ အတိုင်း ခြေစစ်ပွဲ သုံးပွဲ ကစား ရတာနဲ့ ပြုတ်ပါလေ ရော။ ဘာမဆိုင် ညာ မဆိုင် ငါ မြန်မာ့ ဘောလုံးကို များ ဝေဖန်မိလို့ များလား လို့ တွေးမိပြန် ပါတယ်။

ပထမ ပွဲငယ်မှာက ကျွန်တော်နိုင်ပါတယ်။ နောက် နှစ်ပွဲ တော့ ရှုံး ပါတယ်။ ကျွန်တော့ ကစားကွက်ကို သူ ကောင်းကောင်း သိသွား လို့ပါ။ သူသိ သွားမှန်း ကျွန်တော် သိပေမယ့် အကွက် ပြောင်းစရာ ကဒ် မရှိလို့ပါ။ ပေးထားတဲ့ မာနာ က နည်းတော့ ရှိတာလေးနဲ့ ကစား ရင်း ဒူးထောက် လိုက်ရပါတယ်။ အင်း ကဒ်တွေ ကတော့ ဝယ်ဦး မှပါပဲ။

Written by aggamun@aggamun


Source

တျဖည္းျဖည္း နဲ႕ အဆင့္ျမင့္ေနတာ အခုဆို mission control Lvl.17 ကို စတင္ ျမင့္လိုက္ပါၿပီ။ ထူးျခားခ်က္က ေတာ့ ရွိတယ္ ဗ်။ MC Lvl.14 ေလာက္က စၿပီး planet အသစ္ မေတြ႕တာ ခုထိ ဆိုပါေတာ့။ ကိုယ့္ ကိုယ္ကိုယ္ ေတာင္ မယုံနိူင္ဘူး။ ဒီေလာက္ ကံ မေကာင္းခ်က္ က လန္ထြက္ေနတာ ပါပဲ။ သို႔ေသာ္ ဆက္လက္ ရွာေဖြရမယ့္ တာဝန္က မိမိတာဝန္ ဆိုေတာ့ လည္း ရွာရေပဦးမည္။

စတီးမစ္ မွာ စာေရးတာက တစ္ခုေတာ့ ေကာင္းတယ္ဗ်ာ။ ေရးထားခဲ့ တာေတြက ေကာင္းခ်င္မွ ေကာင္း ေပမယ့္ ( အမွန္က ကိုယ့္ဟာ ကိုယ္ေတာင္ ျပန္ မဖတ္ခ်င္တာ) ေရးအား ေလး ေတာ့ တက္လာ ပါတယ္။ အရင္လို ဘာေရး လို႔ ေရးရမွန္း မသိတဲ့ အခက္အခဲ ေတြ အစီအစဥ္ က်နမႈ မရွိဘဲ ကေပါက္တိ ကေပါက္ခ်ာ ျဖစ္ေနတာ ေတြ ဟာ မသိမသာ ေပ်ာက္ ေပ်ာက္ သြားတာ သတိထား မိလာပါတယ္။

ဒါေလးကလည္း ကိုယ့္ အတြက္ အျမတ္အစြန္း တစ္ခု ျဖစ္ခဲ့ရ ပါတယ္။ အျခား ထင္သာ ျမင္သာ အျမတ္အစြန္း ကိုေတာ့ စိတ္ရွည္ လက္ရွည္ ေစာင့္ဆိုင္း ရဦးမွာေပါ့ ခင္ဗ်ာ။ သူက လာေတာ့ လာမည္ ၾကာဦးမည္ ဆိုသလိုေပါ့။

ဒီေန႕ တိုကင္ေလးမ်ား ရမလား လို႔ မြန္းစတား က ၿပိဳင္ပြဲ တစ္ခု ဝင္ၿပိဳင္ျဖစ္ပါတယ္။ ဝင္ေၾကး ဖရီး ဆိုေတာ့ ဘာရရ အျမတ္ ဆိုၿပီး ဝင္ႏႊဲ ပလိုက္တာ ေပါ့။ ထုံးစံ အတိုင္း ေျခစစ္ပြဲ သုံးပြဲ ကစား ရတာနဲ႕ ျပဳတ္ပါေလ ေရာ။ ဘာမဆိုင္ ညာ မဆိုင္ ငါ ျမန္မာ့ ေဘာလုံးကို မ်ား ေဝဖန္မိလို႔ မ်ားလား လို႔ ေတြးမိျပန္ ပါတယ္။

ပထမ ပြဲငယ္မွာက ကြၽန္ေတာ္နိုင္ပါတယ္။ ေနာက္ ႏွစ္ပြဲ ေတာ့ ရႈံး ပါတယ္။ ကြၽန္ေတာ့ ကစားကြက္ကို သူ ေကာင္းေကာင္း သိသြား လို႔ပါ။ သူသိ သြားမွန္း ကြၽန္ေတာ္ သိေပမယ့္ အကြက္ ေျပာင္းစရာ ကဒ္ မရွိလို႔ပါ။ ေပးထားတဲ့ မာနာ က နည္းေတာ့ ရွိတာေလးနဲ႕ ကစား ရင္း ဒူးေထာက္ လိုက္ရပါတယ္။ အင္း ကဒ္ေတြ ကေတာ့ ဝယ္ဦး မွပါပဲ။

Written by aggamun@aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=109