ရေး ချင် တာပေါ့ (@aggamun)

Words
174
Reading
1 min
Listen
Play
7y


Source

စတီးမစ် ရဲ့ စနစ် အသစ်‌‌ကြောင့် ဗုတ်ပေးသူ အရေအတွက် များလာပြီး ဒေါ်လာ တွေ များများ ရဖို့ မျှော်မှန်း ထားပေမယ့် မျှော်လင့်သလို တော့ မဖြစ်ခဲ့ပါ။ စတင်းဈေးက ကျနေသည့် အပြင် စတီးမစ် သုံးစွဲသူများကလည်း နည်းပါး လွန်းနေပါတယ်။ အဆိုးဝါးဆုံး အချက်ကတော့ မြန်မာ အဖွဲ့ အတွက် ပိုမို ရုန်းကန် နေကြရတဲ့ အချက်ကြောင့် ဖြစ်နိုင်ပါတယ်။ အဓိက ဘာသာစကား ပါပဲ။

အခုတော့ ယူနီကုတ် က အဲဒီ ကွက်လပ်ကို ဖြည့်ဆည်း ပေးနိုင်ပါ့မလား မသိပါဘူး။ တကယ်လို့ အထောက်အပံ့ သာ ပေးနိုင်ရင် အနည်းငယ်တော့ ပို ကောင်းလာမှာပါ။ ဒါပေမယ့် ကျွန်တော်က တော့ အရင်လို ပေါက်ကရ လေးဆယ်တော့ ရေးလို့ မရ လောက်တော့ဘူး ထင်ပါတယ်။ စာက ရေးချင် ရေးပြီး ပုံကတော့ တင်ချင်ရာ တင်နေရင် တော်ကြာ လူဆိုးစာရင်း သွင်းလိုက်ရင် သက်သက်မဲ့ ရင်မောနေရ ပါဦးမည်။ အပိုတွေ လို့ပဲ ပြောချင် ‌ပြောပါစေ ကျွန်တော်တို့ က ကိုယ်ယုံကြည်ရာ ကိုယ်မျှော်လင့် ခွင့်တော့ ရှိကြပါတယ်လေ။

နောက်တခါ အစက ပြန်စဖို့ ယုံကြည်ချက် တော့ ရှိပေမယ့် အင်အားက အပြည့် ဖြစ်ချင်မှ ဖြစ်တော့မှာလေ။ လွယ်လွယ် ရခဲ့တဲ့ အရာ မဟုတ် လေ တော့ တန်ဖိုးထား ဂရုစိုက်ရမှာက မိမိတာဝန်ပဲလေ။ တခြား လုပ်ငန်းတွေကလည်း အဆက်ပြတ် နေတာ ကြာလှပါပြီ။ ဒီ ဘလော့ချိန်း ကြီး အပေါ်မှာပဲ ဂိမ်းကစား လိုက်၊ ပြိုင်ပွဲ ဝင်ပြိုင်လိုက်၊ တိုကင်လေးတွေ ကစားလိုက် လုပ်နေခဲ့တာ အချိန် တစ်ခု ရှိတော့မယ်။ စတီးမစ်ရဲ့ အပြောင်းအလဲမှာ လိုက်ပါ စီးမြောရင်း နေခဲ့တာ။

တစ်နေ့ တစ်နေ့ ရေးစရာက NextColony အကြောင်းပဲ ရှိတယ်။ နေ့တိုင်း ကစားဖြစ်နေတာကလည်း NC ပဲရှိတယ်။ ဗုတ်ကြီးကြီး ရနေတာလည်း NC ပဲရှိတော့ နေ့တိုင်း ရေးနေမိတာကလည်း NC အကြောင်း ဖြစ်နေတာက မဆန်းပါဘူးလေ။ တကယ်လို့ တခြား ကနေ ဒီလို တွေ ဒီလောက် အထိ ရနေရင်တော့ နေ့တိုင်း ပိုစ့် ၃ ၄ ခု ထွက်အောင် ကြိုးစားပြီး ရေးလိုက်ချင်ပါရဲ့ ဗျာ။

Written by aggamun@aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=159