မ မေ့ အောင် (@aggamun)

Words
333
Reading
2 min
Listen
Play
7y

NC မှာ planet ပိုင်ဆိုင်မှု က အလုံး ၃၀ နားကပ် လာခဲ့ပါပြီ။ Battleship ထုတ်နိုင်တဲ့ planet ကတော့ နည်းပါးနေပါ သေးတယ်။ Battleship တွေ များများ ထုတ်ထားမှ တိုက်ခိုက်သည် ဖြစ်စေ၊ ရောင်းချသည်ဖြစ်စေ အဆင်ပြေပြေ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ တော့ Battleship ပေါင်း ၂၀၀၀ ကျော်သာ တည်ဆောက် ထားနိုင်ပါသေးတယ်။ တိုက်ပွဲ စချိန်မှာတော့ ၃၀၀၀ နဲ့ ၄၀၀၀ အကြား ရလောက်မယ် ထင်ပါတယ်။

ဒီနေ့ ပါဝါအပ်တဲ့ နေ့နဲ့ တိုက်ဆိုင်လို့ ပါဝါအပ်လိုက် ပါတယ်။ ၄၂ စတင်း လောက် ပါဝင် တင်ရပါတယ်။ ဒါမှလည်း မှန်းထားသလို တစ်လ ပါဝါ ၁၀၀ သို့ ရောက်ရှိမှာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပါဝါချည်း သက်သက် ၇၀၀ လောက် စုမိနေပါပြီ။ မကြာခင် စတီးမစ် သုံးတာ ၂ နှစ်ပြည့် တော့မှာ ဆိုတော့ ၂ နှစ်ပဲ အရင်ပြည့် မလား ပါဝါ ၁၀၀၀ ပဲ အရင် စုမိမလား ရင်ခုန် ချင်စရာပါပဲ။

စတင်းဝေါက အချက်အလက် အရ အရင်လက စတင်း ရော စတင်းပါဝါ စုစုပေါင်း ၁၀၂ လောက် ရခဲ့ပါတယ်။ ရဖူး သမျှတွေထဲမှာ တော့ အမြင့်ဆုံးပါပဲ။ ဒီ အနေအထား ကိုသာ ဆက်လက် ထိန်းသိမ်း နိုင်ရင် ရည်မှန်းချက် တွေ ပြည့်နိုင်ပါတယ်။ အသေးစိတ်တော့ သေသေချာချာ မလေ့လာ ရသေးပါဘူး။ တခြား အပိုင်း​​လေး တွေလည်း လုပ်စရာရှိ သေးတော့ အကြမ်းဖျဥ်း လေးဘဲ ကြည့်လိုက်မိတယ်။

NC အကြောင်း ရေးရင်း ပါဝါ အပ်တဲ့ အကြောင်း ရောက်သွားတယ်။ ရေးစရာ တွေကလည်း ရှားပါး လာပေမယ့် စာရေးမှ ဗုတ်ရမှာ ဆိုတော့ ဒီလိုပဲ ဟိုရောက် သည်ရောက် နဲ့ စာပုဒ်လေး မရှည် ရှည်အောင် ဆွဲဆန့် ရေးရတာပါပဲ။ ဒါကလည်း မကောင်းတာတော့ မဟုတ်ပါဘူး။ အနည်းဆုံး တော့ စာရွှင် ပါတယ်။ စာရေးရတာ အခက်အခဲ မရှိ ရေးလာနိုင်ပါတယ်။ ကိုယ့်ခေါင်းထဲက စာ ကိုယ်ပြန်ရေး ဆိုတော့ မေ့ခဲ သွားတာပေါ့ ဗျာ။


Source

NC မွာ planet ပိုင္ဆိုင္မႈ က အလုံး ၃၀ နားကပ္ လာခဲ့ပါၿပီ။ Battleship ထုတ္နိုင္တဲ့ planet ကေတာ့ နည္းပါးေနပါ ေသးတယ္။ Battleship ေတြ မ်ားမ်ား ထုတ္ထားမွ တိုက္ခိုက္သည္ ျဖစ္ေစ၊ ေရာင္းခ်သည္ျဖစ္ေစ အဆင္ေျပေျပ လည္ပတ္နိုင္မွာ ျဖစ္ပါတယ္။ လက္ရွိ ေတာ့ Battleship ေပါင္း ၂၀၀၀ ေက်ာ္သာ တည္ေဆာက္ ထားနိုင္ပါေသးတယ္။ တိုက္ပြဲ စခ်ိန္မွာေတာ့ ၃၀၀၀ နဲ႕ ၄၀၀၀ အၾကား ရေလာက္မယ္ ထင္ပါတယ္။

ဒီေန႕ ပါဝါအပ္တဲ့ ေန႕နဲ႕ တိုက္ဆိုင္လို႔ ပါဝါအပ္လိုက္ ပါတယ္။ ၄၂ စတင္း ေလာက္ ပါဝင္ တင္ရပါတယ္။ ဒါမွလည္း မွန္းထားသလို တစ္လ ပါဝါ ၁၀၀ သို႔ ေရာက္ရွိမွာ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ပါဝါခ်ည္း သက္သက္ ၇၀၀ ေလာက္ စုမိေနပါၿပီ။ မၾကာခင္ စတီးမစ္ သုံးတာ ၂ ႏွစ္ျပည့္ ေတာ့မွာ ဆိုေတာ့ ၂ ႏွစ္ပဲ အရင္ျပည့္ မလား ပါဝါ ၁၀၀၀ ပဲ အရင္ စုမိမလား ရင္ခုန္ ခ်င္စရာပါပဲ။

စတင္းေဝါက အခ်က္အလက္ အရ အရင္လက စတင္း ေရာ စတင္းပါဝါ စုစုေပါင္း ၁၀၂ ေလာက္ ရခဲ့ပါတယ္။ ရဖူး သမွ်ေတြထဲမွာ ေတာ့ အျမင့္ဆုံးပါပဲ။ ဒီ အေနအထား ကိုသာ ဆက္လက္ ထိန္းသိမ္း နိုင္ရင္ ရည္မွန္းခ်က္ ေတြ ျပည့္နိုင္ပါတယ္။ အေသးစိတ္ေတာ့ ေသေသခ်ာခ်ာ မေလ့လာ ရေသးပါဘူး။ တျခား အပိုင္း​​ေလး ေတြလည္း လုပ္စရာရွိ ေသးေတာ့ အၾကမ္းဖ်ဥ္း ေလးဘဲ ၾကည့္လိုက္မိတယ္။

NC အေၾကာင္း ေရးရင္း ပါဝါ အပ္တဲ့ အေၾကာင္း ေရာက္သြားတယ္။ ေရးစရာ ေတြကလည္း ရွားပါး လာေပမယ့္ စာေရးမွ ဗုတ္ရမွာ ဆိုေတာ့ ဒီလိုပဲ ဟိုေရာက္ သည္ေရာက္ နဲ႕ စာပုဒ္ေလး မရွည္ ရွည္ေအာင္ ဆြဲဆန့္ ေရးရတာပါပဲ။ ဒါကလည္း မေကာင္းတာေတာ့ မဟုတ္ပါဘူး။ အနည္းဆုံး ေတာ့ စာ႐ႊင္ ပါတယ္။ စာေရးရတာ အခက္အခဲ မရွိ ေရးလာနိုင္ပါတယ္။ ကိုယ့္ေခါင္းထဲက စာ ကိုယ္ျပန္ေရး ဆိုေတာ့ ေမ့ခဲ သြားတာေပါ့ ဗ်ာ။

Written by aggamun@aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=153
မ မေ့ အောင် (@aggamun) | Ecency