လႈပ္လႈပ္ ႐ွား႐ွား တိုကင္မ်ား (@aggamun)

Words
317
Reading
2 min
Listen
Play
7y

nextcolony လည်း မွန်းစတား ဂိမ်းလို စတင်းအင်ဂျင်မှာ တိုကင် ကစားလို့ ရရင် သိပ်ကောင်းမှာပဲ။ stardust ဆိုပြီး ထုတ်ထားပေး ပေမယ့် စတင်း ပြန်ပြောင်းနိုင်မှ ပြည့်စုံနိုင် ပါ လိမ့်မယ်။ သူတို့လည်း တစ်ဆင့်ချင်းတော့ လုပ်နေပါ လိမ့်မည်။ ကိုယ်ကပဲ စိတ်မြန် လက်မြန် ရှိတာလား သူတို့ကပဲ နှေးကွေးလွန်း တာလား မသိပါ။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် အားမရ တာတော့ သေချာပါတယ်။

အခုဆို မွန်းစတား ဂိမ်းက တိုကင်များသည် စတင်းအင်ဂျင် တွင် ကောင်းကောင်း နေရာ ရနေပြီ ဖြစ်ပါတယ်။ အရင်က တိုကင် ၁၀၀၀ ကို 4 - 5 STEEM မျှသာ ရှိသော်လည်း အခုအခါ 7-8 STEEM အထိ တက်လာခဲ့ပေသည်။ ဒါတောင် ထိုတိုကင်သည် ဂိမ်းကစားရင်း အလကား နီးပါး ရနေသော တိုကင် ဖြစ်ပါသည်။ ဂိမ်းထဲ တွင်လည်း ကစာတဲ့ အဓိက ကဒ်များကိုလည်း တိုကင်များနှင့် လဲလှယ်ခွင့် ပေးထား လေရာ မွန်းစတား ဂိမ်းသည် ယခု အချိန်ထိ ဆွဲဆောင်မှု ရှိနေဆဲ ဂိမ်းတစ်ခု ဖြစ်နေလေ တော့သည်။

ကျွန်တော်လည်း တိုကင်က ဈေးတက်ပါပြီ ဆိုနေမှ လက်ထဲမှာ မရှိတော့။ ဟိုတနေ့က ကဒ်လေးတွေ ဝယ်တော့ season ၂ ခုစာ တိုကင်လေးများ ကုန်သွားပါပြီ။ တိုကင်လေး ၂၀၀၀ ကျော် ဆိုတော့ ၁၂ စတင်းလာက် အနည်းဆုံး ပေါ့။ ဒါပေမယ့်လည်း ကျေနပ်ပါတယ် ရလိုက်တဲ့ ကဒ်လေး တွေက အသုံးဝင်ပြီး ထိရောက်တော့ ဖြေသာလိုက်ပါတယ်။

စတင်းအင်ဂျင်က ဂျင်းမိထားတဲ့ အချို့သော တိုကင်လေးများရဲ့ တန်ဖိုးဟာ တဖြည်းဖြည်း လုံးပါး ပါး လိုက်လာပါတယ်။ ဒါကြောင့် အင်ဂျင်ကနေ ဝင်လာမည့် စတင်း စီးကြောင်း က ရပ်တန့် နေတာ ကြာလှပါပြီ။ သို့ပေမယ့် airdrop က ရတဲ့ တိုကင် တွေကြောင့် အသက်ကလေး ယဲ့ယဲ့ တော့ ရှိပါသေးတယ်။ ဘယ်အချိန်မှာ ဘယ်လို တိုကင်ကြောင့် ပြန်လည် နိုးကြား အသက်ဝင်လာလေ မလဲ မျှော်လင့်ထားရ တာပေါ့ဗျာ။


Source

nextcolony လည္း မြန္းစတား ဂိမ္းလို စတင္းအင္ဂ်င္မွာ တိုကင္ ကစားလို႔ ရရင္ သိပ္ေကာင္းမွာပဲ။ stardust ဆိုၿပီး ထုတ္ထားေပး ေပမယ့္ စတင္း ျပန္ေျပာင္းနိုင္မွ ျပည့္စုံနိုင္ ပါ လိမ့္မယ္။ သူတို႔လည္း တစ္ဆင့္ခ်င္းေတာ့ လုပ္ေနပါ လိမ့္မည္။ ကိုယ္ကပဲ စိတ္ျမန္ လက္ျမန္ ရွိတာလား သူတို႔ကပဲ ေႏွးေကြးလြန္း တာလား မသိပါ။ ကိုယ့္စိတ္နဲ႕ ကိုယ့္ကိုယ္ အားမရ တာေတာ့ ေသခ်ာပါတယ္။

အခုဆို မြန္းစတား ဂိမ္းက တိုကင္မ်ားသည္ စတင္းအင္ဂ်င္ တြင္ ေကာင္းေကာင္း ေနရာ ရေနၿပီ ျဖစ္ပါတယ္။ အရင္က တိုကင္ ၁၀၀၀ ကို 4 - 5 STEEM မွ်သာ ရွိေသာ္လည္း အခုအခါ 7-8 STEEM အထိ တက္လာခဲ့ေပသည္။ ဒါေတာင္ ထိုတိုကင္သည္ ဂိမ္းကစားရင္း အလကား နီးပါး ရေနေသာ တိုကင္ ျဖစ္ပါသည္။ ဂိမ္းထဲ တြင္လည္း ကစာတဲ့ အဓိက ကဒ္မ်ားကိုလည္း တိုကင္မ်ားႏွင့္ လဲလွယ္ခြင့္ ေပးထား ေလရာ မြန္းစတား ဂိမ္းသည္ ယခု အခ်ိန္ထိ ဆြဲေဆာင္မႈ ရွိေနဆဲ ဂိမ္းတစ္ခု ျဖစ္ေနေလ ေတာ့သည္။

ကြၽန္ေတာ္လည္း တိုကင္က ေဈးတက္ပါၿပီ ဆိုေနမွ လက္ထဲမွာ မရွိေတာ့။ ဟိုတေန႕က ကဒ္ေလးေတြ ဝယ္ေတာ့ season ၂ ခုစာ တိုကင္ေလးမ်ား ကုန္သြားပါၿပီ။ တိုကင္ေလး ၂၀၀၀ ေက်ာ္ ဆိုေတာ့ ၁၂ စတင္းလာက္ အနည္းဆုံး ေပါ့။ ဒါေပမယ့္လည္း ေက်နပ္ပါတယ္ ရလိုက္တဲ့ ကဒ္ေလး ေတြက အသုံးဝင္ၿပီး ထိေရာက္ေတာ့ ေျဖသာလိုက္ပါတယ္။

စတင္းအင္ဂ်င္က ဂ်င္းမိထားတဲ့ အခ်ိဳ႕ေသာ တိုကင္ေလးမ်ားရဲ႕ တန္ဖိုးဟာ တျဖည္းျဖည္း လုံးပါး ပါး လိုက္လာပါတယ္။ ဒါေၾကာင့္ အင္ဂ်င္ကေန ဝင္လာမည့္ စတင္း စီးေၾကာင္း က ရပ္တန႔္ ေနတာ ၾကာလွပါၿပီ။ သို႔ေပမယ့္ airdrop က ရတဲ့ တိုကင္ ေတြေၾကာင့္ အသက္ကေလး ယဲ့ယဲ့ ေတာ့ ရွိပါေသးတယ္။ ဘယ္အခ်ိန္မွာ ဘယ္လို တိုကင္ေၾကာင့္ ျပန္လည္ နိုးၾကား အသက္ဝင္လာေလ မလဲ ေမွ်ာ္လင့္ထားရ တာေပါ့ဗ်ာ။

Written by aggamun@aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=134
လႈပ္လႈပ္ ႐ွား႐ွား တိုကင္မ်ား (@aggamun) | Ecency