NC က တော့ မလွယ်ဘူးဗျ။ တစ်ခါ updated လုပ်ရင် တစ်ခါ ကစားသူများကို အလုပ်ပေးပါတယ်။ reward ကသာ ရောင်ဝါးဝါး ပါ စတင်း ကုန်ပေါက်ကတော့ maintain တခါ လုပ်တိုင်း တစ်ခါ ပါပါ လာတယ်ခင်ဗျ။ စတင်း ကုန်ပေါက် လို့သာ ဝေဖန်နေတာပါ ကျွန်တော်က တစ်ခါမှ မသုံးပါဘူး။ 😁😁
အခုတစ်ခါ update မှာ ပါလာတာကတော့ yamato ဆိုလား ဘာလား ဗျ။ ကျွန်တော်က သိပ်တော့ မသိဘူး။ ဆရာသမား တွေ ပိုစ့်တင်တော့မှ သေသေချာချာ မေးလိုက်တော့မယ်။ NC က သူလုပ်စရာ ရှိတာ ပုံမှန် လုပ်နေပေမယ့် ကျွန်တော်က တော့ ကိုယ့် အကောင့်လေး အင်အား တောင့်တင်း သထက် တောင့်တင်း လာအောင် လုပ်ရင်းလုပ်ရင်း ကိုယ့် အကောင့်လေး သေးသေး လာသလို ခံစား နေရတယ်ဗျ။ ဘာလို့လည်း တော့ မသိဘူး။
Planet အသစ်တွေ မရတော့ လို့လည်း ပါလိမ့်မယ်။ တစ်နေ့ တစ်နေ့ mine lvl တင်လိုက် Battleship ထုတ်လိုက် အဲဒါပဲ လုပ်နေတော့ ပျင်းလာတာ ဖြစ်ပါလိမ့်မယ်။ တခါမှ attack မလုပ်ရသေးတော့ ဒီတခါ အလကား ရမယ့် planet လေး ဘာလေး တွေ့ ခဲ့ရင်တော့ attacking လေးကို စမ်းလုပ်ကြည့် ဦးမှ ပါပဲ။ attack လုပ်တာ ရှုပ်တော့ ရှုပ်မယ် ထင်တယ်ဗျ။
မွန်းစတား ဂိမ်းက နှစ်ရက်လောက် quest လွတ်သွား ပါသေးတယ်။ အလင်းရောင် အတွဲ လေဘယ် တင်ပြီး ကာမှ သရဲ အတွဲ နဲ့ချည်း quest လုပ်နေရတာ တစ်ပွဲ အောင်ဖို့ မနည်း စောင့်ဆိုင်း ရပါတယ်။ ပထမ တကြိမ် တော့ ဘယ်လို အောင်ခဲ့သလဲ မမှတ်မိတော့ ပါဘူး။ ခုတစ်ခါ တော့ နှစ်ရက် မက ကြာနေပါပြီ။ နိုင်မယ် ထင်တဲ့ပွဲက ရှုံး သွားပြီး ရှုံး မယ်ထင်တဲ့ ပွဲက နိုင်သွား ပါတယ်။ တစ်ပွဲ ရှုံးလို့ ပါသွားတဲ့ ဖလား မနည်းပါဘူး။ ဒါကြောင့် ဖလား လည်း ဟုတ်တိ ပတ်တိ မစုမိ quest လည်း မရ ဖြစ်နေပါတော့တယ်။
Source
Written by
@aggamun
Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=128