ဒီနေ့တော့ NC က miner skills တွေ တစ်စခန်း သိမ်းတဲ့ နေ့ပါပဲ။ ပြီးရင်တော့ planet တစ်လုံး ချင်းကို သီးသန့် upgrade လုပ်သွား ဖို့သာ ရှိပါတယ်။ ယာဉ် ထုတ်လုပ်မှု တွေ လည်း ပြန်လည် အရှိန်တင် လုပ်ဆောင် နေပါပြီ။ မကြာခင် အစီးရေဟာ ၂၀၀၀ ပြည့်လာတော့မှာပါ။ အစီးရေ ၂၀၀၀ ဆိုပေမယ့် အကြီးစား ယာဉ်ကြီး တွေ ပါဝင်လို့ ခံစစ် အတွက် အတိုင်းအတာ တစ်ခု အထိ ပြည့်စုံနေမှာပါ။
မကြာခင် လှုပ်လှုပ် ရှားရှား ဖြစ်လာတော့ မယ်လို့ NC အကြောင်းကို မိတ်ဆွေ ဆရာသမား ထံမှ ကြားသိ ရပါတယ်။ စည်းမျဉ်း တွေလည်း ပြောင်းလဲ ဦးမယ်တဲ့။ ဘယ်လိုပင် ပြောင်းလဲ ပြောင်းလဲ အင်အား ကြီးတဲ့ သူက တော့ အသာရ နေမှာ ဆိုတော့ ကိုယ့်ကိုယ် ကိုယ် အင်အား ကြီးအောင် တည်ဆောက် ထားလိုက်ရင် အဆင်ပြေနိုင်ပါတယ်။
အပေါ့စား battleship ထုတ်ဖို့က planet ၁၂ လုံးလောက် ရှိပါတယ်။ shipyard Lvl.20 အထိ တင်ထားတာ ၄ လုံး လောက်ရှိပါတယ်။ ဒါလောက်ဆို လောလော ဆယ် အလုပ်ဖြစ် နိုင် လောက်ပါတယ်။ မဖြစ်လည်း အရေး မကြီးပါဘူး။ အကူအညီ တောင်းစရာ မိတ်ဆွေ planet တွေက ပတ်ပတ် လည် အပြည့် ရှိနေပါတယ်။
သူတို့ ဆီမှာက လည်း Battleship တွေက သောင်းဂဏန်း တောင် ရောက် နေပါပြီ။ ဟို ရွေ့ ဒီ ရွေ့ လုပ်လိုက် ရင် တခဏ ချင်း အင်အားက ကြီးလာ မယ်လေ။ အခုမှ နေရာ ကောင်း ရထားခြင်း ရဲ့ သဘောတရား ကို ခံစား သိရှိ လိုက်ရပါပြီ။ အနောက် ဘက် အခြမ်းမှာ planet အသစ်တွေ ရှားပါး လွန်းတာက လွဲရင် ပေါ့ဗျာ။
Source
Written by
@aggamun
Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=112