Credit:Artister
🎐 ဖိနပ်မရှိတိုင်း ငိုနေမိရင်
ခြေထောက်မပါတဲ့သူကို သတိရပါ
🎐 အလုပ်အဆင်မပြေတိုင်း
စိတ်ညစ်မိရင်
ထမင်းငတ်နေသူတွေကို သတိရပါ
🎐 လင်မယားနှစ်ယောက်ကြား
စကားများရန်ဖြစ်မိရင်
အထီးကျန်နေတဲ့သူတွေကို ပြေးမြင်လိုက်ပါ
🎐 လောကမှာငါပဲ
ကံဆိုးနေတာလား တွေးမိရင်
ကမ္ဘာပေါ်က ဒုက္ခမျိုးစုံရောက်နေတဲ့သူတွေကို ပြေးမြင်လိုက်ပါ
🎐 ချစ်သူကစွန့်ပစ်သွားလို့
အသည်းကွဲမိရင်
အစွန့်ပစ်ခံခဲ့ရသောမိဘမဲ့ကလေးများ၏ ဝေဒနာကိုခံစားကြည့်ပါ
🎐 အလုပ်ပြုတ်သွားလို့
စိတ်ညစ်နေမိရင်
အလုပ်လက်မဲ့ဖြစ်နေသော လူတွေကိုသတိရလိုက်ပါ
🎐 စက်ဘီးစီးနေရတဲ့ ဘ၀ကို
စိတ်ဓာတ်ကျမိရင်
လမ်းလျှောက်နေရသူတွေကို သတိထားကြည့်လိုက်ပါ