Poem

acid231(40)
Published in
#esteem
Words
55
Reading
1 min
Listen
Play
9y

ရင်ထဲက တွယ်တာမိလို့
နှလုံးသား ဥယျာဉ်မှာ
သံယောဇဉ်ပန်းကလေးတွေ
တနင်တပိုးနဲ့ စိုက်ပျိုးဖြစ်ခဲ့တာပါ……

မြတ်နိုးမှုနဲ့ မျိုးစေ့များ ပြန်ကျဲ့
ချစ်ခြင်းတရားတွေ ရှင်သန်ခဲ့ပြီး
ရံ့နံ့များမှာလည်း……
ခံစားချက်တွေ သင်းပျံ့နေဆဲပေါ့……

မေတ္တာပေါင်းမြက်တွေ ရှည်လာတိုင်း
ဝသန္တာရေလှိုင်းနဲ့ ပေါင်းသင်
ဥယျာဉ်မှုးရဲ့ ဘဝက
ပန်းကလေးတစ်ပွင့်ကို ပွင့်လန်းစေဖို့
အုပ်မိုးပေးမဲ့ ရင်ခွင်ပါကွယ်……
ယုယခြင်းတွေနဲ့ စိမ်းလန်းခဲ့တယ်…။

ဟော့……

သံယောဇဉ်ပန်းကလေးတွေ
အမြစ်တွယ်တတ်လာခဲ့ပြီး……

တယုတယနဲ့ ကြီးပြင်လာခဲ့ပြီး……

မင်းမှာဘယ်လို့ ရနံ့မျိုး ရှိသလဲ……

မင်းဘယ်သူအတွက် ရှင်သန်ခဲ့သလဲ……

ငါ့ မမေးရဲ့ပါဘူး……။

မင်းရဲ့ သံယောဇဉ်ပန်းကလေးပွင့်ဖိုအတွက်
ပေးဆပ်ခဲ့ရတဲ့…
ဥယျာဉ်မှုးတစ်ယောက်ရဲ့ ဘဝမှာ
ပန်းခူးခွင့်မှာ မပါတာကိုကွယ်……။

နွမ်းလျားလို့ မြေပြင်ပေါ်ကို
ကြွေလွှင့်သွားရင်လည်း
ယုယခြင်းနဲ့ မြတ်နိုးနေဆဲပါ……။

Author - myanmar poem

Poem | Ecency