အချစ်​ရာ်

acid231(40)
Published in
#esteem
Words
43
Reading
1 min
Listen
Play
9y

image
Credit:Photo
အချစ်ရယ်

ခုချိန်မှာ
ငါ မျက်စိကွယ်သွားရင်
သိပ်ကောင်းမှာပဲ။

မင်းငါ့ကို
ဘယ်တော့မှ
မဲ့ပြလို့ ရမှာမဟုတ်တော့ဘူး။

ခုချိန်မှာ
ငါ နားပင်းသွားရင်
သိပ်ကောင်းမှာပဲ။

မင်းငါ့ကို
ဘယ်တော့မှ
မုန်းတယ်လို့ ပြောလို့ ရမှာမဟုတ်တော့ဘူး။

ခုချိန်မှာ
ငါ ဆွံ့ အသွားရင်
သိပ်ကောင်းမှာပဲ။

မင်းငါ့ကို
ဘယ်တော့မှ
တောင်းပန်ခယ နေရမှာမဟုတ်တော့ဘူး။

အို ဒါပေမယ့် ...

မင်းကို ငါမမြင်ရရင်
မနေနိုင်ဘူးကွယ်။

မင်းအသံကို
မကြားရရင်
မနေနိုင်ဘူးကွယ်။

မင်းကို ငါ မတောင်းပန်ရရင်
မနေနိုင်ပါဘူးကွယ်။ ။

မင်းလူ

အချစ်​ရာ်​ | Ecency