ငါကိုယ်တိုင်က
မပြည့်တဲ့ "အိုး" ပါဆို
အခုတလော
ငါ့စိတ်ကို လာလာ "နှဲ့" တယ်
ဟောဒီလေညင်းလေးဟာ
မုန်တိုင်းနဲ့ ဘယ်လိုမှ
ပတ်သက်မှုမရှိတာ ယုံစမ်းပါ
ဂျင်းဘောင်းဘီရဲ့ သမိုင်းကို တူးရင်
ရွှေတွေထွက်လာမယ်
ပွဲတက်ဝတ်စုံ ဟုတ်မဟုတ်
ကိုယ့်ဘာသာ ဆုံးဖြတ်ပါ
အဲဒီ သညာတတ်ကောင်ကို
အကောင်းဆုံးပေးလိုက်
အညံ့စားမသိဘဲ
(အဲဒီကောင်)
အကောင်းစားမသိဘူး
အခုတလော
ငါ့စိတ်ကို လာလာ "နှဲ့" တယ်
ငါဘယ်လောက်မှားမှား
မေတ္တာတရား ပါလိမ့်မယ်
အဲဒါ ကြမ်းခင်းဈေးပဲ
"ဓါး" ဖြစ်ဖြစ်
"ပန်း" ဖြစ်ဖြစ်
"အဆိပ်" ချင်းတော့တူတယ်။ ။
Author-myanmar poem