This content got low rating by people.

စာမျက်နှာအဟောင်းလေးရဲ့ဒဏ်ရာ

a7lady(55)
Published in
#ecency
Words
76
Reading
1 min
Listen
Play
5y

ဟိုအရင်တစ်ချိန်က ခံစားချက်တွေကို ပြန်လည်သတိရ တမ်းတမိလေတိုင်း ရင်ထဲမှာ စူးနစ် နာကျင်စွာ လွမ်းဆွတ် တမ်းတ နေမိတယ်
အချိန်တွေ ကြာနေလည်း ဒဏ်ရာတွေက မပျောက်ပျက်နိုင်ခဲ့ပါဘူး
ရင်ထဲကို ထိရှိနေဆဲ စကားလုံးတွေနဲ့ သံစဉ်လေးတွေက အဖေါ်ပြုရင်းပေါ့
လွမ်း ရင်ထဲလှိုက်လို့အတိတ်ကိုလွမ်း လွမ်း ရင်ထဲရှိတဲ့ဒီဇာတ်လမ်း နွေရာသီရွက်ကြွေမြေပေါ်
ပြေးလွှားလို့နေစဉ်မှာ သူတစ်ယောက်ကိုသတိရနဲ့ တမ်းတလို့လွမ်းမိတယ်လေ
ထိုစဉ်အချိန်နွေအခါ သူရယ်တို့နှစ်ဦး ရင်းနှီးလို့ ပညာရှာရင်းနဲ့ကြောင်းကြီးရဲ့အရိပ်အောက်မှာ
bear_5121560_640.jpg
score
ချစ်ကြသူတွေအဖြစ်ရောက်ရှိခဲ့ကြတယ်
သိပ်ချစ်သူတွေလို့အများကသတ်မှတ်ခဲ့တယ် ငယ်စဉ်ဟိုတစ်ချိန်ကတို့ရဲ့ဘဝ အတိတ်ဒီဇာတ်အလွမ်း
လွမ်း ရင်ထဲလှိုက်လို့အတိတ်ကိုလွမ်း လွမ်း ရင်ထဲရှိတဲ့ဒီဇာတ်လမ်းပြန်မြင်ယောင်သေးတဲ့
နွေလေရူးတိုက်ခတ်လို့နေစဉ်မှာ သူအကြောင်းကိုတွေးတောရင်း လွမ်းရတဲ့နေတစ်ရက်ပါလေ
ဟိုစဉ်အချိန်နွေအခါ သူရယ်တို့နှစ်ဦးရောက်ခဲ့တယ် အတူတူလျှောက်ဖူးတဲ့ လမ်းလေးရဲ့ဘေးတစ်ဖက်မှာ
ပန်းကလေးတွေအရင်အတိုင်းဖူးပွင့်လျှက် ပဲမို့တို့ရဲ့ရင်ခွင်ထဲ လွမ်းရတဲ့စိတ်ကြောင့်လေ
ပြန်မြင်ယောင်ကာနေဆဲ လွမ်းရသူအချစ်ပုံရိပ် များ
လွမ်း ရင်ထဲလှိုက်လို့အတိတ်ကိုလွမ်း လွမ်း ရင်ထဲရှိတဲ့ဒီဇာတ်လမ်းလွမ်း ရင်ထဲလှိုက်လို့သိပ်ကိုလွမ်း
အလွမ်း ရင်ထဲမှာ အမြဲရှိနေအုံးမှာပါဘဲ အလွမ်းဆိုတာ သေရာပါမယ့် ဒဏ်ရာ ဒဏ်ချက်တွေဘဲလေ အတိတ်ကို ပြင်လို့မှမရတာ သတိရတာကိုလည်း တားလို့မှမရတာ
ဟောင်းနွမ်းသွားလည်း အသစ်ဖြစ်မလာနိုင်တဲ့ ခံစားချက် စာမျက်နှာတွေက အမြတ်တနိုး သိမ်းထားခွင့်လေးတော့ ရှိသင့်ပါတယ်လေ

စာမျက်နှာအဟောင်းလေးရဲ့ဒဏ်ရာ | Ecency