ဆက်လက်ကျဆင်း

a7lady(55)
Published in
#ecency
Words
82
Reading
1 min
Listen
Play
5y

moon_237662_640.jpg
link

အရှိန်မသေ သေးတဲ့ အကျအားက တော်တော်လေးကို အရှိန်ကောင်းနေတုန်းပါဘဲ
အကျဘက်ကို အားသာနေတာ တစ်လကျော်လာပါပြီ ဆက်လက်တောင့်ခံနိုင်ဖို့ သိပ်တော့ မလွယ်တော့ပါဘူး လက်လွှတ်လိုက်ရတော့မည်လား အကြိမ်ကြိမ်စဉ်းစားမိပါတယ် ကိုယ်လက်လွှတ်လိုက်မှ ဈေးက ခုန်တက်သွားတာလည်း ကြုံခဲ့ဖူးတာဖြစ်လို့ စိုးရိမ်မကင်းဖြစ်နေရပါတယ် ဆက်လက်စောင့်ဆိုင်းသင့်သည်လား အရှုံးနဲ့ ထွက်လိုက်ရမည် အသစ်ကနေ ပြန်လည်စတင်ရမည်လား ဘာလုပ်ရမယ်မှန်းကို မသိနိင်တော့လောက်အောင်ပါဘဲ
မကြာခင်မှာ အတက်ကို ပြန်လည် ဉီးမော့တော့မယ်လို့ ဟောခဲ့တဲ့သူတွေလည်း အသံတိတ်လို့သွားကြရပါပြီ သတင်းဆိုးတွေက ဆက်တိုက်ဆိုသလို တက်လာနေတော့ အကျဘက်ကို ဆက်သွားနေတာ မရပ်တန့်နိုင်ခဲ့ပါဘူး ဆက်လက် ကျဆင်းမယ်လို့ ဟောနေသူတွေလည်း တွေ့နေရတော့ စိတ်ဆင်းရဲလိုက်တာမှ ပြောမပြောချင်တော့ပါဘူး ဒီအတိုင်းသာ ဆက်ကျသွားရင်တော့ ရှိတာလေးတွေ ကုန်မှာပါ
ဒါပေမယ့် အရှုံးနဲ့တော့‌ေ နာက်ပြန်မလှည့်ချင်ပါဘူး ဆက်လက် စောင့်ဆိုင်းမယ်လို့ စိတ်မှာပိုင်းဖြတ်မိပါတယ် ဒီထက် မဆိုးနို်ငတော့ဘူးလို့ ထင်တာဘဲလေ
ဈေးတက်မှ အားလုံး ပျော်ရွှင်ရမှာပါ လူတိုင်းရဲံ မျှော်လင့်ချက်ကလည်း ဈေးတက်စေချင်တာပါဘဲ လူအများရဲ့ စိတ်မှာ သောကတွေ များနေရတာကတော့ အခုလို ဈေးကျချိန်ပေါ့ ဝယ်သူလည်း မဝယ်ရဲ ရောင်းသူလည်း မရောင်းရဲတဲံ အ‌ြေခအနေပါ စေ◌ျးက ဘယ်အထိ ကျမယ် မသိသလို ဘယ်အချိန် ဈေးထတက်မယ်လည်း အတိအကျ ဘယ်သူမှမသိနိုင်ပါ

ဆက်လက်ကျဆင်း | Ecency