ပန်းပျိုးသည့်လက်များ

a7lady(55)
Published in
#life
Words
54
Reading
1 min
9y
Listen to this post
~1 min

image
ယခေင်ကလှပြိုင်ပွဲများ ကျင်းပရာတွင် မုန်းတိုင်(ပန်းတိုင်)စိုက်ထူလေ့ရှိသဖြင့် မုန်းရွာ မှ မုံရွာအဖြစ်သို့လည်းကောင်း၊ မုံပင်အများအပြား ပေါက်ရောက်သဖြင့် မုံပင်ကိုအစွဲပြု၍ မုံရွာအဖြစ်သို့လည်းကောင်း အမျိုးမျိုးကွဲပြားနေသော်လည်း တွေ့ရှိရသော သမိုင်းအထောက်အထားများစွာ တွေ့ရမညဖြစ်သည်မည်သို့ပင်ခေါ်ဆိုသမုတ်သည်ဖြစ်စေ မုံရွာသည် ပုဂံခေတ်ဦးပိုင်းကတည်းက တည်ရှိသည်ဆိုခြင်းကို မငြင်းကွယ်နိုင်ပါလေရှေးဟောင်းပညာရှင်များ လေ့လာမှုအရ တော့မုံရွာဒေသတွင် နှစ်တစ်သန်းလောက်မှ စ၍ လူများ နေထိုင်သည့် အထောက်အထားများ တွေ့ရှိခဲ့ကြပါတယ်လို့သိရ။ မုံရွာ အရှေ့ဘက်ရှိ ရွှေမြင်တင် တောင်ကုန်းတွင်း ရှေးဟောင်းလူရိုး နှင့် ဦးခေါင်းခွံများ ရှာဖွေတွေ့ရှိထားပါတယ်။ မြေအိုး နှင့် အရိုးအိုးများကိုလည်း ကျောက္ကာရွာတွင် တွေ့ရှိခဲ့ပါတယ်။ ကွေ့ကြီးရပ်ကွက်ရှိ စုပင်ဖြူရွာတွင် ရှေးဟောင်း လူရိုးနှစ်ခုကို ကျောက်ပုစိန် လေးခု၊ ကျောက်ကွင်း လေးခုတို့နှင့် မြေပုတီးများနှင့်အတူ တွေ့ရှိခဲ့ပါတယ်လေယ်၎င်းအချက်များက မုံရွာသည် လွန်ခဲ့သော နှစ်များစွာကပင် တည်ရှိခဲ့ကြောင်း ထင်ရှားစေလေတော့၏ရှေးဟောင်းမြို့ဟုဆိုနိုင်သည်