မင်းလုပ်နိုင်ပါတယ်

a7lady(55)
Published in
#writing
Words
54
Reading
1 min
9y
Listen to this post
~1 min

image

သင်တကယ်တန်ဖိုးထားထိုက်ဆုံးစကားတစ်ခွန်းကဘာလဲ
လူကို နှစ်သိမ့်ထိုက်ဆုံးစကားတစ်ခွန်း "အခုပဲလာခဲ့မယ်"တဲ့
လူကိုယုံကြည်မှုတိုးစေဆုံး စကားတစ်ခွန်း "မင်းလုပ်နိုင်တယ်ဆိုတာ ငါယုံတယ်"ပေါ့ဆရာတစ်ဦးက ကျွန်တော့်ကိုပြောပြဖူးတယ်လေ။ ကျောင်းသားတွေကို သူအချက်ကျကျ ကိုင်တွယ်နည်းက ကျောင်းသားတွေနဲ့ အမြဲတမ်း နှစ်ကိုယ်ကြား ဆွေးနွေးတာပဲဖြစ်သည် အမှတ်ကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ်၊ အမှတ်မကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ် ဆရာအမြဲပြောလေ့ရှိတာက "မင်းလုပ်နိုင်တယ်ဆိုတာ ဆရာယုံတယ်"ဆိုတာပဲဖြစ်တယ်ပေါ့ဒါကြောင့် သူသင်ဖူးတဲ့ ကျောင်းသားတိုင်းလိုလိုဟာ မိမိကိုယ်ကိုယ်ယုံကြည်စိတ် အပြည့်ရှိသူတွေဖြစ်တယ်လေလုပ်နိုင်သူ တွေက ပိုလုပ်နိုင် ခဲ့ကြပြီး "မလုပ်နိုင်သူ" တွေလည်း လုပ်နိုင် ခဲ့ကြတယ်မဟုတ်လားလေ
ဆွန်ယက်ဆင်ပြောခဲ့တဲ့ စကားတစ်ခွန်းကို ကျွန်တော် အမှတ်ရမိပါသေးတယ်လေစိတ်ထဲမှာ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိရင် တောင်ကိုရွေ့တာပဲဖြစ်ဖြစ် ပင်လယ်ကို မြေဖို့တာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ပြီးမြောက်အောင် လုပ်နိုင်တယ်တကယ်လို့ စိတ်ထဲမှာ လုပ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်မှုရှိရင် လက်ဖဝါးလှည့်တာ၊ သစ်ကိုင်းကိုချိုးတာလောက် လွယ်ကူတဲ့အလုပ်ကိုတောင် ပြီးမြောက်အောင် လုပ်နိုင်မှာမဟုတ်ပါဘူးတဲ့လေစိတ်ထဲမှာယုံကြည်ပါ

မင်းလုပ်နိုင်ပါတယ် | Ecency