လေးသောင်းဈေးကိုမကျောနိုင်

a7lady(55)
Published in
#ecency
Words
91
Reading
1 min
5y
Listen to this post
~1 min

startup_2480722_640.jpg
link

ဘီတီစိကတော့ ဒီနေ့မှာ ဈေးအတက်ပြလာပါပြီ ဈေးတက်ပြီဆိုတော့ အားလုံးပျော်ကြပါတယ် ဈေးအကျမှာ အထိနာခဲ့သူတို့လည်း မျှော်လင့်ခြင်းရောင်နီတေွ သန်းလာရပြီပေါ့ ဈေးအကျမှာ အရှ့ုးကြီးရှုံးခဲ့သူတွေ ယခုလို ဈေးအတက်မှာ အမြတ်ပြန်ယူရမှာပါ ဈေးကတော့ တက်လိုက်ကျလိုက်အမြဲဖြစ်နေတာပါဘဲ အကျကြမ်းခဲ့တဲ့အတွက် အတက်လည်းကြမ်းလိမ့်မယ်လို့ မှတ်ယူ မရနိုင်ပါဘူး အတက်မှာ ဖြေးဖြေးချင်းဘဲ ပြန်တက်လာမယ်လို့ ထင်တာပါဘဲ အချို့ကလည်း အတက်မလာနိုင်သေးဘူးလို့ ပြောကြပါတယ် ဈေးအတက်က သုံးလလောက် အချိန်ယူရနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်
ဒီနေ့ ဈေးအတက်က လေးသောင်းဈေးတန်းကို ကျော်လွန်ပြီး မဖေါက်နို််င်ခဲ့ပါဘူး အဲ့ဒီလေးသောင်းဝန်းကျင် ဈေးတန်းကို ကျော်လွန်ပြီး ထိုးဖေါက်နိုင်မှသာ နဂိုမူလ ဈေးနား ပြန်သွားမှာဖြစ်လို့ ဝယ်တဲ့သူတွေက အဝယ် မရဲကြသေးပါဘူး စောင့်ကြည့်နေကြပါတယ်
ဘီတီစီက သတင်းဆိုးတစ်ခု ကြားလိုက်တိုင်း တစ်ခါကျနေတော့ သတင်းဆိုး သုံးခုလောက်လည်း စုံရော အောက်ကို ထိုးစိုက်သွားတာပါဘဲ သတင်းဆိုးတွေ အဆုံးသက်မှသာ ပြန်လည်ဦးမော့လာနိုင်မှာပါ သတင်းကောင်းတွေတော့ ပြန်ကြားနေရပါြပီ
ဒီတစ်ခါ ဈေးအတက်က ခုနှစ်သောင်း ငါးထောင်နဲ့ ရှစ်သောင်း ဝန်းကျင်ထိ ပြေးနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ် အဲ့သလိုသ တက်လာနိုင်ရင်တော့ အတော်လေး ကောင်းမှာပါ
တစ်သိန်းနားကို ကပ်သွားမှာဖြစ်လို့ သမိုင်းသစ်တစ်ခု စိုက်ထူသွားနိုင်မျာဖြစ်သလို အနာဂါတ် အလားအလာလည်း အင်မတန်ကောင်းသွားမှာပါ
နောက်ရက်တွေမှာတော့ လေးသောင်းဝန်းကျင် ဈေးတန်းကို ဖေါက်နိုင်မလား စောင့်ကြည့်ရပါတော့မယ် သူတက်မှ ကျန်တာတွေလည်း လိုက်တက်မှာဖြစ်လို့ အမြန်တက်ပါစေ ဆုတောင်းလျှက်ပါ

လေးသောင်းဈေးကိုမကျောနိုင် | Ecency