ချိုနေသည့်ဆီးချိုရောဂါသည် အစားအသောက်နှင့် ဆက်စပ်လျက်ရှိသောကြောင့် နိစ္စဓူဝ သတိချပ်လျက် ပြုပြင် ထိန်းသိမ်း ဆောင်ရွက် သွားရမည့်အပြင် တစ်သက်တာဆေးသောက်သုံး သွားရမည့် ရောဂါဖြစ်ပါတယ် ထို့ပြင် နေ့စဉ်မစားမီသော် လည်းကောင်း စားပြီး နှစ်နာရီကြာချိန်တွင် လည်းကောင်း အချိန်မှန်မှန် ဆီးချိုစစ်ဆေးပြီး အစားအစာနှင့် ဆေးကို ချိန်ဆနိုင်ရေးနှင့် အဆီဓာတ် အမျိုးမျိုးနှင့် နှစ်လတာသွေးချို ပမာဏ ပေါင်းချုပ်ကျောက်ကပ်၏ လုပ်ငန်းဆောင်တာ အခြေအနေတို့ကို နှစ်လတစ်ကြိမ် သွေးဖောက် စစ်ဆေးနိုင်ရေးမှာ ဆီးချိုရောဂါဝေဒနာရှင်များ ဟာသက်ရှည်ကျန်းမာ စွာ နေထိုင်ရေး၏ သော့ချက်ဖြစ်ပါတယ် နေ့စဉ် ဆီးချိုစစ်ရမှာ ကြောက်တယ် ခက်တယ်မအားဘူးစစ်ပေးမည့်သူ မရှိဘူး အစရှိသဖြင့် မိုးကြိုးပစ် ထန်းလက်နှင့် ကာသည့်သဖွယ် ဆင်ခြေဆင်လက် ပေးနေပါက အပ်နှင့်ထွင်းရမည့် ကိစ္စကို ပုဆိန်နှင့် ထွင်းရသကဲ့သို့ပင်ဖြစ်ပါတယ် မဖြစ်မနေ အခြေအနေ ရောက်ပါက ပုဆိန်နှင့်ထွင်းရန်အတွက် ကျောက်ကပ်နှင့် နှလုံးအထူးကု ဆရာဝန်များ၏ တာဝန်ဖြစ်လာပါတယ်ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးသွားပါက ကျောက်ကပ်စက်ပေါ်တင်ပြီး တစ်ပတ်လျှင် အနည်းဆုံးနှစ်ကြိမ် ကျောက်ကပ်ဆေးရပါတယ် ထို့အတွက် ကျောက်ကပ်အထူးကု ဆရာဝန်များက လည်ပင်းမှ သွေးကြောအတွင်းသို့ ပိုက်ထည့်ရန် လိုအပ်လာပါတယ်အလားတူပင် နှလုံးသွေးကြော ကျဉ်းသူများအတွက်လည်း လက် သို့မဟုတ် ပေါင်မှ ပိုက်ထည့်ကာ နှလုံးသွေးကြောချဲ့ ကုသရန် နှလုံးအထူးကု ဆရာဝန်များ၏ တာဝန်ဖြစ်လို့လာပါတော့တယ်