အပေါ်ယံ အလွှာအမာပိုင်းလေး ပျက်စီးသွားပြီးတဲ့နောက်မှာတော့ ကျွန်းစေ့လေးဟာ အပင်ပေါက်ရန်အတွက်
အဆင်သင့်အနေအထားမှာရှိလို့နေပြီဖြစ်ပါတယ်။ အစေ့တစ်စေ့ကနေ အပင်အညှောင့် သုံးပင်ထွက်လာမည်
ဖြစ်ပါသည်။ နှစ်ပင်ကတော့ အောင်မြင်စွာစိုက်ပျိုးနိုင်ပြီး ကျန်တစ်ပင်ကတော့ သိပ်မသေချာပါဘူး။ ထိုအပင်
ပေါက်လေးတွေ ခြောက်လက်မကျော်လာပြီဆိုတာနဲ့ ပျိုးဥယျာဉ်သို့ ရွှေ့ပြောင်း ပျိုးထောင်ပေးရပါသည်။ အထက်ပါ
အတိုင်း ရောစပ်ထားသော မြေဆွေးများကို ပလပ်စတစ်အိတ်ထဲတွင် တစ်ပင်ချင်း ရွေးစိုက်ပျိုးပေးရပါသည်။
ပျိုးပင် တစ်သိန်းအတွက် ပေတစ်ရာပတ်လည် ပျိုးဥယျာဉ်ကို ထူထောင်ထားရမည်ဖြစ်ပါသည် နေရာင်ပေးခြင်း
ရေဖြန်းခြင်း ပေါင်းသင်ခြင်းတို့ကိုတော့ နေ့စဉ်လုပ်ကိုင်ပေးရမည်။ ပျိုးဥယျာဉ် ထူထောင်ရန် အတွက် ကို
သစ်တောဦးစီးဌာနမှ အကြံပြုထားသော အချက်များကတော့ ကျယ်ဝန်းပြန့်ပြူးသော မြေဖြစ်သင့်ပါတယ်
လေပြင်းဒဏ်ခံနိုင်သော လေပြင်းတိုက်ရိုက်မထိတွေ့စေသော မြေနေရာဖြစ်ရပါမယ်။
တစ်နှစ်ပါတ်လုံး ရေကောင်းရေသန့်ရရှိသောနေရာဖြစ်ရပါဦးမယ် မြေဆွေး သဲ နောက်ချေးအစရှိသည့် ပျိုးထောင်
၇ာတွင် မရှိမဖြစ်လိုအပ်သောအရာများကို လုံလောက်စွာရရှိရမည်ဖြစ်ပါလေသည်။
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောနေရာတွင် ရှိသင့်ပါတယ်။ အလုပ်သမားများလည်း လွယ်ကူစွာရရှိနိုင်
သောနေရာတွင်ရှိရပါမယ် သို့မှသာ စိုက်ခင်းတစ်ခုက အောင်မြင်ဖြစ်ထွန်းနိုင်ပါတယ် စတင်စိုက်ပျိုးသည်မှ
အပင်သားလောင်းများအောင်မြင်ဖြစ်ထွန်းသည်အထိ တစ်နှစ်အချိန်ကြာမည်ဖြစ်ပါသည်။ နောက်ပိုင်းတွင်တော့
အပင်များခွဲကာ သက်မှတ်နေရာများတွင် သွားရောက် စိုက်ပျိုးနိုင်ပြီ ဖြစ်ပါလေသည်။
ကျွန်းပင်က နှစ်ရှည်ပင်ဖြစ်လို့ နောင်ရေးအတွက်ကြိုတင်ပြီး တော့ စိုက်ပျိုးထား မယ်ဆိုရင် တစ်ခ်ျန် မှာတော့ သေချာပေါက်ကို အကျိုးအမြတ်ရှိမှာဖြစ် ပါတယ်
ဒေသနေရာအနှံစိုက်ပပျိုးနိုင်ပါတယ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးတဲ့သူတွေလည်းရှိပါတယ်
@a7lady
photo , google image