တောတောင်ရေမြေအလှများ

a7lady(55)
Published in
#writing
Words
134
Reading
1 min
Listen
Play
9y

U5drqVRzKhHwSmMHywJkAHgbZqG17pE_640x480.jpg
သူ့ကိုရေသခင်လို့လည်းခေါ်ပါသည်သူ့ကိုတော့ အိန္ဒိယနိုင်ငံ ရာဂျက်စ်သန် ပြည်နယ်တွင် သူရဲကောင်းတစ်ဦးသဖွယ်အနေနဲ့
ချစ်ခင် ချီးမြှောက်ကြလေ၏ သူသည် ဆယ်စုနှစ်ပေါင်းများစွာ ခမ်းခြောက်သွားခဲ့ပြီ ဖြစ်သေ
ာ မြစ် ငါးစင်းကို ပြန်လည် စီးဆင်းစေခဲ့ပါလေ၏ ဒါ့အို့ပြင် ကြုံနေခဲ့ရလေသော ရေဒုက္ခများကို ရိုးရာနည်းစနစ်ဖြင့်
ခေတ်မီနည်းပညာများ စက်ကြီးများ မသုံးဘဲ သောက်ရေသုံးရေ အဆင်ပြေအောင် နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ်အောင် အားထုတ်လုပ်ဆောင်ပေးခဲ့ပါလေ၏ထို့ကြောင့် သူ့စကားကို ဒေသခံများက ယုံကြည်စွာနဲ့ လိုက်နာ ကူညီပေးကြလေ၏ရာဂျန်ဒရာဆင်းဂ ဆိုလျှင် ဒေသခံများကသာ မက နိုင်ငံတကာအဖွဲ့အစည်းများကပါ ယုံကြည်လေးစားရလေတော့နိုင်ငံတကာအသိအမှတ်ပြု သဘာဝပါတ်ဝန်းကျင် ဆုများစွာကို ဆွတ်ခူးထားသလည်းဖြစ်လေ၏ ရာဂျက်စ်သန် ပြည်နယ်တွင်
ရေလူသား ဟုဆိုလိုက်ပါက ကလေးလူကြီး သိကြပါလေ၏ရာဂျန်ဒရာဆင်းဂ် သည် ငယ်စဉ်က လယ်သမားတောင်သူတစ်ယောက် ဖြစ်ချင်ခဲ့သူ ဖြစ်လေ၏ တကယ်တမ်းကျတော့ ပညာဆက်သင်ရင်း ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့ပါလေ၏ရာဂျက်စ်သန်ပြည်နယ်မှ ခရိုင်လေးတစ်ခုကို ကျောင်းပြီးပြီးချင်း ရွှေ့ပြောင်းလာခဲ့ပြီး လူများကို ဆေးဝါးကုသပေးနေခဲ့လေ၏ဒါပေမယ့် ဆရာဝန်အလုပ် လုပ်နေရင်း လူတွေအပြင်နောက်ထပ် ဆေးကုပေးရမည့် အရာများ ထိုဒေသတွင် ရှိနေ
သေးကြောင်း ဆင်းဂ် သိလာခဲ့လေ၏ မိုးခေါင်ကာ လွင်တီးခေါင်ဖြစ်နေသော ရပ်ရွာ၏ သဘာဝပါတ်ဝန်းကျင်ကို ဖြစ်စေလေ၏ ဒေသတွင် လူဦးရေနည်းလာသည်ကို ထိုစဉ်က ဆရာဝန်ပေါက်စလေးက သတိထားမိခဲ့လေ၏အာဗာရီမြစ်ကြီးခန်းခြောက်သွားပြီးကတည်းက လုပ်စားကိုင်စားလို့ အဆင်မပြေတော့သောကြောင့် ရွာသားများ နေအိမ်ကိုစွန့်ခွါကထွက်ခွါပြောင်းရွှေ့သွားကြလေ၏ကျန်နေသည့် လူအများက အသက်ကြီးလွန်းသူများ နှင့် တခြားသို့မပြောင်းနိုင်အောင် ဆင်းရဲချို့တဲ့သူများပင် ဖြစ်ကြလေတော့၏ အဆိုပါနယ်မြေ စိမ်းလန်းစိုပြေ ပါက လူအများရွှေ့ပြောင်းရန် အ
ကြောင်းမရှိကြောင်း သိပြီးသည့်နောက်ပိုင်းတွင် နယ်မြေပြန်လည် သာယာအောင် ရာဂျန်ဒရာဆင်းဂ် ကြိုးစား ပါတော့လေ၏လွန်ခဲ့တဲ့ဆယ့်ခြောက် နှစ်က ဒီနေရာကို ကျွန်တော် ရောက်လာခဲ့တာဖြစ်တယ်လေရေမရှိတော့ လုပ်ကိုင်စားသောက်မရတော့ လူငယ်တွေဟာ နေရာသစ်ကို ထွက်သွားကြတော့တာပေါပ မိသားစုနဲ့ ရွာကို ပစ်ကြရတယ်လေ ဒီဒေသကို အစိုးရက အမည်းရောင်နယ်မြေဆိုပြီး ကြေညာထားတာဖြစ်တယ်လေ ဒုက္ခတွေ ပင်လယ်ဝေ ရေငတ်နေတဲ့ နေရာပေါ့နော် ဟု ဆင်းဂ်က ဗွေဆော်ဦး အခြေအနေကို ပြန်လည်ရှင်းပြခဲ့ပါတယ်ကောင်းမွန်တဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်

Author : a7lady@a7lady
Photos credit; Google Image

တောတောင်ရေမြေအလှများ | Ecency