ဈေးကလို့ငိုချင်သည်

a7lady(55)
Published in
#ecency
Words
86
Reading
1 min
Listen
Play
5y

market_4856748_640.jpg
score

ဘီတီစီကလည်း ဈေးတွေကျနေသည် ဝယ်ထားတာလေးတွေကလည်း လိုက်လို့ကျပါသည် အမြတ်ရမလားလို့ ဝယ်ပါသည် အမြတ်မရဘဲ အရှုံးပြနေပြီ သူများတွေ ပြောတော့ ဈေးတက်တော့မည် မြတ်ချင်ရင် ဝယ်လို့ ပြောပါသည် အခုတော့ တလွဲတွေ ဖြစ်ကုန်ပါပြီ ကိုယ်တိုင်လည်း ဈေးတက်မယ်လို့ ယုံတာလည်း ပါလေသည် ဈေးက တက်သင့်ပါသည် တက်သင်ံလျှက်နဲ့ မတက်တာတော့ အတော်ကို အဆင်မပြေဖြစ်သွားပြီ
ကိုယ်ဝယ်တဲ့ အချိန်မှ ဈေးက ခုန်ဆင်းသွားပါသည် အလွန်ကို တိုက်ဆိုင်လွန်းပြန်သည် တစ်မနက်ခင်းလုံး စောင့်ကြည့်နေတာပါဘဲလေ
ညနေဘက်ရောက်မှ ကောက်ဝယ်လိုက်တော့ ဈေးကျချိန်နဲ့ တည့်တည့်ကို တိုးတာလေ ထပ်မကျလောက်တော့ဘူးဆိုပြီး ထပ်ဝယ်သည် ဈေးက ထပ်ကျသည်
ကံများမကောင်းချင်ရင်အဲ့သလိုပါဆို ဈေးတွေ တက်နေချိန်ဆိုလည်း ကိုယ်က မဝယ်ရဲပါ ဈေးကျတော့မယ်လို့ ထင်လေသည်
စိတ်က မထိန်းနိုင် အတက်အကျရဲ့သဘောက မှန်းဆရခက်ပါတယ်
တက်ချင်သလိုတက်ပြီး ကျချင်သလို ကျနေတက်တယ်
ကံဆိုးကံကောင်းဆိုပြီး ပစ်ထားလိုက်တာဘဲ ကောင်းမယ်ထင်တယ်
ပြန်အတက်မှ အမြတ်ယူရမယ် အခုတော့ လှုပ်လေမြုပ်လေ ဖြစ်နေတယ်
အခုညပိုင်းတော့ အတက်ကို ပြန်အားသာလာတာတွေ့တယ်
မနက်ဖန်တော့ တက်မယ်ထင်ပါတယ် ကိုယ်ဝယ်ထားတဲ့ ဈေးတန်းကို ပြန်ရောက်မယ်လို့ ယုံကြည်မိပါတယ်
ဒါကြောင့် အတက်ကို ပြန်စောင့်နေလိုက်ပါတယ်
အရှုံးအမြတ်က ကိုယ့်အပေါ်ဘဲ မူတည်တယ်လေ စောင့်နိုင်သူအတွက်က အရှုံး မရှိနိုင်ပါဘူး စိတ်တော့ရှည်ရမယ်လေ

ဈေးကလို့ငိုချင်သည် | Ecency