ထိုအဖြစ်အပျက်ကြောင့်အောက်တိုဘာတော်လှန်ရေးသည် ကိုလိုနီဘ၀ကျရောက်နေကြ သော ပြည်သူများအတွက်လည်း မီးရှူးတန်ဆောင်ကြီး ဖြစ်လာခဲ့ရလေ၏ဤနေရာတွင် သမိုင်းနောက်ခံကို ခပ်တိုတိုလေး ရေးပြသင့် သည်ဟု ထင်ပါလေ၏အောက်တိုဘာတော်လှန်ရေး မတိုင်မီက ရုရှား နိုင်ငံ ဆိုသည်မှာ အင်မတန်ခေတ်နောက်ကျသောပဒေသရာဇ်ဘုရင် အုပ်စိုး သည့်အရင်းရှင်စနစ် ကောင်းကောင်းမထွန်းကားသေးသော မြေယာ တပိုင်း နိုင်ငံသာ ဖြစ်ပါလေ၏ နီကိုလပ်စ်ဘုရင်မင်းဆက်က အုပ်စိုးနေသော နိုင်ငံ၏စီးပွားရေးမှာ ကြာလေဆိုးလေ ဖြစ်လာကာ ထိုနှစ် ဖေဖော်ဝါရီလ ထဲတွင် တော်လှန်ရေးတခု ဖြစ်ပေါ်ခဲ့ပါဆလ၏ ယင်းကို ဖေဖော်ဝါရီ တော်လှန် ရေးဟု ခေါ်ဆိုကြပါဆလသည်ဇာဘုရင် ဒုတိယနိကိုလပ်စ်ကို တော်လှန်ဖြုတ်ချ ခဲ့သည့် ဤအုံကြွမှုကြီးကို ကွန်မြူနစ်များနှင့် ဓနရှင်အင်အားစုများ ပူးတွဲ ဆင်နွှဲခဲ့ကြခြင်းဖြစ်ပြီး အောင်ပွဲရသောအခါတွင် ကရင်စကီခေါင်းဆောင်သည့် ယာယီအစိုးရတခုကို ထူထောင်ခဲ့ကြလေ၏ကရင် စကီအစိုးရ လက်ထက်တွင် လူထု၏စီးပွားရေးမှာ ပိုကောင်းမလာဘဲ ပိုဆိုး လာလေ၏
ထို့ပြင် ကရင်စကီအစိုးရသည် ဇာဘုရင်ပါဝင်ခဲ့သော ပထမ ကမ္ဘာစစ်ထဲတွင် ဆက်ပါနေသဖြင့် တိုင်းပြည်၏ အခြေအနေမှာ အဘက် ဘက်တွင် ဆိုးရွားသထက် ဆိုးရွားလာသဖြင့် တိုင်းပြည်အနှံ့အပြားတွင် သပိတ်တွေ ပေါ်လာတော့၏