စားသောက်တာလောက်မလွယ်ဘူးအချဉ်တော့မဟုတ်ဘူးလေ
ကာင်းမွန်တဲ့နမူနာ ရှာပြီး သူ့ဦးနှောက် ကိုဖောက်လာ ပါလေ
သူများက လျပ်စစ်ထမင်းပေါင်းအိုး ကိုတီထွင်လာပေးပြီး မှတော့ ကိုယ်က ဘာလို့ ထင်းမီးနဲ့ အချိန်ကုန်ခံပြီး ထမင်းချက်နေအုန်းမှာလည်းနော်သူ့ကိုယူလာ အသုံးချပြီး ကိုယ့်ကိုယ်ကို ပိုတိုးတက် လာအောင်လုပ်ပစ်လိုက် ပေါ့လေမိမိကိုယ်ကိုရင်းနှီးမြုပ်နှံပါလေ
စာအုပ် တစ်အုပ်တစ်သိန်း ကျပ် ဈေးမပေါဘူး လို့ ထင်ချင်ထင်မယ်နော်ဟောပြော ပို့ချ ပွဲ သင်တန်း တစ်ပွဲ တက်ခတစ်သိန်း ကျပ် အရမ်းဈေးကြီးနေတယ် လို့ထင်ကောင်း ထင်မိလိမ့်မယ်နော် ဒါပေမဲ့ ကျွန်တော်တို့ လို ဖုန်းအကောင်းစားမော်ဒယ်အသစ်တွေ အမြဲတမ်း ကိုင်နေ တတ်ကြ တယ်လေ ဟောပြော ချက်တွေ က အိုင်ဒီယာကောင်း ကောင်းတွေ စာအုပ်ထဲကနည်းလမ်းကောင်းကောင်းတွေ က ကိုယ့်ဘဝ ကို ပြောင်းလဲ သွားစေနိုင်ပါတယ်လေ အိုင်ဖုန်း က ဘဝကိုပြောင်းလဲ သွားစေဖို့ ဆိုတာ က အင်မတန်နည်းပါးလွန်းပါတယ်လေဒါကြောင့် အခြားအရာတွေ ထက် ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံတာဟာ အင်မတန်အရေးကြီးပါတယ်နော်
ကိုယ့် ကိုယ်ကို သေချာရေရာအောင်ပြောထားပါကိုယ်ဟာဘယ်သူလဲ ကိုယ်ဟာဘာ အတွက်မွေးဖွားလာသလဲ ဆိုတာကိုယ်က ဘောလုံးသမားဖြစ်နေပြီး အတွင်းစိတ်ထဲ မှာတော့ ဆရာဝန်ဖြစ်ချင်နေတယ် ဆိုရင် မမိုက်တာတော့ အသေအချာပါပဲလေနော်
@a7lady