သူ့ကို စတွေ့တော့လေးရှစ်လေးနှစ်ဒေသပါတီကော်မတီ အတွင်းရေး မှူး၊ မြေေ အာက်တော်လှန်ရေး အဖွဲ့ကြီး တစ်ခု လုံးရဲ့ ခေါင်းဆောင်လို့မသိခဲ့ရပါဘလေကျွန်တော်တို့ ကလာပ်စည်းကို တာဝန်ယူတဲ့ ရဲဘော် ဗဟိုကို တက်သွားတဲ့ အတွက် သူ့မူလတာဝန်ကနေ ခေတ္တလွှဲပြောင်း တာဝန်ခံပေးတဲ့ ၀ါရင့်ကေဒါ တစ်ဦးအဖြစ်သာ သိခဲ့ပါလေသည်ဒါတင်မကသုဟာ ဗမာပြည်ကွန်မြူနစ် ပါတီသမိုင်းမှာ မော်ကွန်းတင်ရမယ့် စံပြပါတီဝင် ဖြစ်လာမယ့်သူလို့ လည်း ကြိုမမြင်နိုင်ခဲ့ပါလေ အနာဂါတ်ကို ကြိုမမြင်နိုင်တာ ထားဦးတော့ ဦးလေးရဲ့ ဘ၀ အတိတ် သမိုင်းကိုတောင်ကျွန်တော်တို့ ကောင်းကောင်း မသိကြတာဖြစ်ပါသည်ဦးလေးဟာ အနေအထိုင် သိုသိပ်ကျစ်လစ်ပါသည်ဟန်ဆောင်ပလွှားတာ မရှိပါလေနှိမ့်ချရိုကျိုးပြီး အနစ်နာခံ အဆင်းရဲခံ အပင်ပန်းခံ လုံးပန်းတိုက်ခိုက်တဲ့ လုပ်ဟန်ကို ကျင့်သုံးပါလေသည်ဒါကြောင့် လူသမိုင်းက လေးစား ချီးကျူးအပ်တဲ့ ဒီပုဂ္ဂိုလ်အကြောင်း လူသိနည်းတာ ဘာမှ မဆန်းပါပေါ့လေကျွန်တော်တို့ရဲ့ဦးလေး သမိုင်းဝင် တော်လှန်ရေးသူရဲကောင်း ဦးမောင်လေးခေါ် ဦးမောင်ကိုဟာ လူသိ ခံထင်ပေါ် ခံပြီး နိုင်ငံရေးလုပ်ခဲ့တဲ့ လူမျိုးမဟုတ်ပါ ဘူးတဲ့လေ တောင်ကျချောင်းရေ လို ရေသံသိုဝှက်ပြီး ညဘက်မှညခရီးသွားခဲ့တဲ့ သူရဲကောင်းဖြစ်ပါလေသည်အမှောင် ခေတ်ဗမာပြည်ရဲ့ အလင်းလက်ဆုံးကြယ်တစ်ပွင့်ဖြစ်ပါလေသည်
ကျွန်တော်တို့သမိုင်းရဲ့ အနှိုင်းမဲ့တဲ့ ခေါင်းဆောင်လို့ဆိုချင်ငည်ဟုပြောပါသည်
@a7lady