လမ်းတစ်နေရာတွင်ကလေးနှစ်ယောက် ကစားနေကြပါလေသည်တစ်ယောက်က ကျိကျိတတ် ချမ်းသာတဲ့ သဌေးအိမ်က သမီးလေးဖြစ်ပါသည်နောက်တစ်ယောက်က သဌေးအိမ်မှာ အဝတ်လာလျှော်တဲ့ ခဝါသည် အမျိုးသမီး ရဲ့ သမီးလေးဖြစ်ပါလေသည်
အားလုံးဘဲသိတယ်ဟုတ်တယ်နော်ကလေးတွေဆိုတော့ လူကြီးတွေကို အတုယူပြီး လူကြီးတွေ ဆီကမြင်ရသမျှ တုပပြီး လူကြီးလုပ်တမ်း ကစားကြပါလေတော့သည်သဌေးသမီးလေးကစပြီးတော့မပုတုရယ် ငွေလိုနေပြီဟေ့တဲ့ ဘဏ်ခဏ ပြေးပြီး ငွေသွားထုတ် လိုက်ဦးမယ်ကွာသိတယ်ဟုတ်လားနော်သားနှစ်ယောက် သိပ်အသုံးကြမ်းတယ်လေဆိုပြီး ကလေးကစားတဲ့ ပိုက်ဆံအိတ်သေးသေးလေး မပြီး မျက်နှာလေးချီပြောပါလေတော့သည်အဝတ်လျှော်တဲ့ခဝါသည်သမီးလေးက ပေါက်ကရတွေ မအင်ကြင်းရယ်အေ ဘယ်က ဘဏ်ရမှာတုန်းဟဲ့ ရော့ ထမီနှစ်ထည်ယူသွားတော့ လမ်းထိတ်က ကျင်တိတ် အပေါင်ဆိုင်ပြေးလိုက်စမ်းပါအေညှိတောင်းကြည့်ပေါ့ရပါတယ်ရှင့်ရေဆိုပြီး မျက်စမျက်နနဲ့ ပြန်ပြောတာတွေ့လိုက်ရပါလေတော့သတည်း