လူ့လောကတွင်လူတို့သည် ရံဖန်ရံခါတို့တွင်
ဆင်ခြင်တုံတရား ကင်းမဲ့တတ်ကြပါလေတော့သည်
ကျိုးကြောင်းညီညွတ်မူ မရှိဘဲ မိမိအတွက်လောက်ကို
သာ မိမိစဉ်းစားတတ်ကြလေတော့သည်
မည်သို့ပင်ဖြစ်စေ ထိုသူများကိုတော့ ချန်လို့မထားဘဲ
ခွင့်လွတ်စိတ်လေးနဲ့ ဆက်လက်ပေါင်းသင်းဆက်ဆံ
ရပေလိမ့်မည်။ လူတော်လူကောင်းလူမွန်မြတ်တွေရှိ
နေသလို ဒိလိုလူစားတွေလည်းရှိနေမည်သာဖြစ်သည်။
ရွေးချယ်လို့သာပေါင်းသင်းဆက်ဆံနေရမည်ဆိုလျှင်
လောကမှာ သင်တစ်ယောက်တည်းသာ ကျန်လိမ့်မည်။
အပြစ်အနာဟူသည် အားလုံးတွင်ရှိသည်
ဒါဟာလောကလိုအပ်ချက်သာဖြစ်လေသည်။
အပြစ်အနာဟူသည် မကောင်းသောအပိုင်းကို
ကျော်ပြီး ကောင်းမွန်သောအပိုင်းတွေကိုကြည့်မြင်လိုက်ပါလေ
သင့်အတွက် စိတ်ချမ်းသာခြင်းသည်ဖြစ်တည်လို့လာလိမ့်မည်ဖြစ်သည်
@a-8
photo-google